backup og meta

ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

    ဆီးချိုသွေးချို ရောဂါ ရှိနေတဲ့သူတွေမှာ သုံးမျိုးပဲရှိတယ် – အကြောက်လွန်တဲ့သူတွေရယ်၊ မကြောက်တတ်တဲ့သူတွေရယ်၊ ဆင်ခြင်ထိန်းသိမ်းတတ်သူတွေရယ်။ ဘယ်တစ်မျိုးက အသက်ရှည်ရှည်၊ သက်တမ်းစေ့ နေရမယ် ထင်ပါသလဲ။ ကိုယ်က ဘယ်အဖွဲ့ထဲ ပါဝင်နေလဲ ဆိုတာကို အရင်ဆုံး ပြန်ဆန်းစစ်ကြည့်လိုက်ပါဦး။

    ဆီးချိုသွေးချို ရှိသူတွေရဲ့ ပြဿနာများတဲ့ အတွေးမှား တချို့

    ဒီဆောင်းပါးမှာတော့ အကြောက်လွန်သူနဲ့ မကြောက်တတ်သူတို့ရဲ့ အတွေးမှား တချို့ကို ဥပမာပေး ဖော်ပြလိုက်ပါတယ် –

    သွေးချိုတက်ရင် ဆေးသောက်မယ်

    ကိုယ့်မှာ ဆီးချိုရောဂါရှိနေပြီလို့ သိရတာနဲ့ ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာတွေဆင်ခြင်ရမယ်ဆိုတာ အခြေခံ၊ အကြမ်းဖျင်းလောက်တော့ ဆရာဝန်က ပြောပြပေးလိုက်မှာပါ။ နားမလည်တာရှိရင် မေးလို့ရပေမယ့် ကိုယ်ထင်ရာကို တွေးပြီးမဆုံးဖြတ်ဖို့၊ သူများပြောတိုင်းမယုံဖို့၊ ရမ်းမကုဖို့ အရေးကြီးပါတယ်။

    သွေးတွင်းသကြားဓာတ်ကို အတက်အကျ ထိန်းထားနိုင်ဖို့ ရောဂါအကြောင်းကို တတ်နိုသလောက်လေ့လာပါ၊ ရှာဖတ်ပါ၊ မေးမြန်းပါ။ ဆီးချိုထိန်းဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသာ မှန်ကန်အောင် သောက်ရမှာပါ။ ကိုယ်ထင်သလို တိုးသောက်၊ လျှော့သောက်လို့ မဖြစ်ပါဘူး။

    အစားမှန်ဖို့ သိပ်အရေးမကြီးပါဘူး

    အစာစားချိန်မှန်ဖို့ သိပ်အရေးမကြီးဘူးထင်တာက အတွေးမှားတစ်ခုပေါ့။ အစာစားပြီးရင် အချိန်အတော်ကြာမှ နောက်တစ်ကြိမ်စားတာ(တစ်ခါတလေ အစာစားချိန်နောက်ကျတာ) ဟာသွေးတွင်းသကြားဓာတ် အတက်အကျ မတည်မငြိမ်ဖြစ်လာဖို့ များပါတယ်။ အစာမရှိတဲ့အခါ၊ ဆာလောင်နေတဲ့အခါ သွေးတွင်းသကြားဓာတ်က ကျဆင်းပြီး အစားစားချလိုက်တာနဲ့ ချက်ချင်းကိုသကြားဓာတ် ထိုးတက်သွားနိုင်ပါတယ်။

    ထမင်းတစ်နပ် လွတ်တာကို ပေါ့ပေါ့ဆဆနေတာ

    အလုပ်ရှုပ်နေတာပဲဖြစ်ဖြစ်၊ ဘာကိစ္စပဲရှိရှိ မနက်စာနဲ့နေ့လယ်စာပေါင်းစားတာမျိုး၊ နေ့လယ်စာလွတ်သွားလို့ ညနေမှပဲစားလိုက်တော့မယ် ဆိုတာမျိုးက လိုအပ်တဲ့ကယ်လိုရီပမာဏကို မဖြည့်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ်ပမာဏကို အတက်အကျဖြစ်စေနိုင်တယ်၊ လူကအားနည်းလာမယ်၊ ပင်ပန်းနုံးချိနေမယ်၊ တကယ်စားတဲ့အခါကျ အများကြီးပိုစားမိမယ် စတဲ့အကျိုးဆက်တွေရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် အစားပျက်မခံဘဲ ပမာဏနည်းနည်းနဲ့ မကြာခဏစားတဲ့အကျင့်ကို လုပ်ပါ။

    ကာဗိုဟိုက်ဒရိတ်တွေက ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်အဖြစ် ပြောင်းလဲသွားတဲ့အတွက် ဒါတွေကို လျှော့စားသင့်တယ်လို့ ထင်မှတ်ကြတာတွေ ရှိပါတယ်။ မဟုတ်ပါဘူး။ အဲဒီလိုလျှော့စားတဲ့အခါမှသာ ကာဗိုဟိုက်ဒရိတ် စားသုံးမှုတွေ နည်းပြီး အကျိုးပြုအာဟာရဓာတ်တွေကို မရလိုက်ဘဲ ရှိပါလိမ့်မယ်။

    ကာဗိုဟိုက်ဒရိတ်တိုင်းကို ရှောင်ရမှာ မဟုတ်တဲ့ အကြောင်းရယ်၊ ဘယ်ဟာတွေကို ပိုစားသင့်ပြီး ဘယ်ဟာတွေကို လျှော့စားသင့်လဲ ဆိုတာကို ဆီးချိုရှိသူတွေအနေနဲ့ သိထားသင့်ပါတယ်။ အမှန်က လုံးဝရှောင်တာထက် ပမာဏအတိုင်းအဆကို ချင့်ချိန်ဖို့သာ အဓိကဖြစ်ပါတယ်။

    အသီးအနှံတွေ မစားရဲဘူး

    အသီးအနှံတွေမှာ သကြားဓာတ်ပါလို့ ဆိုပြီးရှောင်ကြပါတယ်။ အသီးတွေမှာ သကြားဓာတ်ပါတာမှန်ပေမယ့် အချို့ကဲပြုပြင်ဖန်တီးထားတဲ့တခြားစားစရာတွေထက်တော့ ပမာဏနည်းပါတယ်။ အသီးအနှံတွေမှာ သကြားဓာတ်နဲ့ အမျှင်ဓာတ်တွေပါဝင်ပါတယ်။ သွေးလည်ပတ်မှုထဲကို အသီးတွေဆီက သကြားဓာတ်ထွက်ရှိမှု နှေးကွေးစေဖို့ အမျှင်ဓာတ်က ကူညီပေးတာပါ။ ဒါ့ကြောင့် အချိုပြင်းလွန်းတဲ့အသီးတွေကလွဲလို့ တခြားအသီးအနှံတွေကို ဆီးချိုသမားတွေ တော်သင့်ရုံ စားလို့ရပါတယ်။

    ဆီးချိုပိုဆိုးစေနိုင်တဲ့ တခြားအကြောင်းရင်းတွေကို မသိဘူး၊ သိအောင် မလုပ်ဘူး

    စိတ်ဖိစီးမှုနဲ့ စိတ်ဓာတ်ကျခြင်းတွေက သွေးတွင်းသကြားဓာတ်ပမာဏအပေါ် သက်ရောက်မှုမကောင်းပါဘူး။ စိတ်ဖိစီးမှုတာရှည်နေရင် ဟော်မုန်းတွေ ပိုထွက်စေတာကြောင့် အင်ဆူလင်ရဲ့လုပ်ဆောင်ချက်တွေမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။ ဒီအခြေအနေမှာ စိတ်ဖိစီးမှုကို ပြေလျော့စေမယ့် ကိုယ်လက်လေ့ကျင့်ခန်းတွေ လုပ်တာနဲ့ တရားထိုင်တာတွေက အထောက်အကူဖြစ်စေပါလိမ့်မယ်။

    တစ်ခါတလေ စားတာ ရပါတယ်

    ကိုယ်ကြိုက်တာတွေကို ရှောင်ပြီး တစ်ပတ်မှာ ခြောက်ရက်လောက် ချုပ်တည်းစားသောက်ခဲ့တာပဲ၊ ဒီတစ်ခါလေးပဲစားလိုက်မယ် ဘာမှမဖြစ်လောက်ပါဘူးလို့ မတွေးသင့်ပါဘူး။ အမြဲဆင်ခြင်နေရာကနေ သွေးချိုတက်စေမယ့်အရာတွေ အကြိုက်စားလိုက်မယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ထိုးတက်သွားနိုင်ပါတယ်။ ဘယ်တော့မဆို ပမာဏမလွန်ကဲဖို့ သတိရှိပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement