backup og meta

ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

    ကိုယ်ဝန်ဆောင်နေချိန် ကိုယ်ဝန်ဆောင် ဆီးချိုတက်တာက ကိုယ်ဝန်ဆောင် တော်တော်များများမှာ ဖြစ်ပါတယ်။ ဒါက မိခင်ကို ကျန်းမာရေး ထိခိုက်စေရုံသာမက ဗိုက်ထဲက ကလေးငယ်ကိုပါ အထီးကျန်စိတ်ဝေဒနာ ဖြစ်စေပါတယ်။

    Johns Hopkins University ရဲ့လေ့လာမှုတွေအရ အဝလွန်နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ ကိုယ်ဝန်သက် ၂၆ ပတ်မရှိခင် ကိုယ်ဝန်ဆီးချိုဖြစ်တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ သာမန်မိခင်တွေထက် ၆၃ % ပိုပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုနဲ့ အထီးကျန် စိတ်ဝေဒနာရှိတဲ့ ကလေးမွေးနိုင်တယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်သက် မရင့်ခင် ကိုယ်ဝန်ဆောင် ဆီးချိုဖြစ်ခြင်းက အထီးကျန် စိတ်ဝေဒနာကလေး မွေးနိုင်ခြေကို မမြင့်စေဘူးဆိုပေမယ့် ဆက်နွယ်နေတယ်လို့တော့ဆိုပါတယ်။

    ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် အော်တစ်ဆင်ရောဂါ ဖြစ်လာနိုင်လား

    ကယ်လီဖိုးနီးယားတောင်ပိုင်းမှာရှိတဲ့ Kaiser Permanente ဆေးပညာအဖွဲ့အစည်းရဲ့ ခေါင်းဆောင် Anny Xiang က ဒီလို သွေးချိုတက်တာက ကလေးတွေရဲ့ ဦးနှောက်ကိုမူမမှန်စွာ ဖွံ့ဖြိုးစေပြီး ပြောဆိုဆက်ဆံရခက်ခြင်း၊ သူတို့ရဲ့ အမူအကျင့်တွေကို ထိန်းချုပ်ရခက်ခြင်းနဲ့ တခြား ကျန်းမာရေး ရှုပ်ထွေးမှုတွေ ဖြစ်စေပါတယ်။

    ဒါက ကလေးပေါင်း ၃၂၀၀၀၀ ဆီက သေချာလေ့လာထားတာပါ။ ဒီလိုဖြစ်ရတာရဲ့ အဓိက အကြောင်းအရင်းကိုတော့ မသိကြပါဘူး။ ဒါပေမယ့် ကျွမ်းကျင်သူတွေပြောကြားချက်အရ ကိုယ်ဝန်သက် အစောပိုင်းက ကလေးဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးဆုံး အချိန်ပါတဲ့။

    ဗိုက်ထဲက ကလေးက ဦးနှောက်ဖွံ့ဖြိုးချိန်မှာ သွေးချိုမြင့်ခဲ့ရင် သူတို့မွေးဖွားပြီးနောက် သူတို့အမူအကျင့်တွေ ပြောင်းလဲနိုင်ပါတယ်။ ပညာရှင်တွေရဲ့ အဆိုအရ ကိုယ်ဝန်ဆောင်ဆီးချို ရှိတဲ့ မိခင်က မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ ဦးနှောက် autoantibodies တွေနဲ့ anti fetal blood တွေ အရေအတွက်က သာမန်အမျိုးသမီးတွေထက် ၃ ဆပိုများပါတယ်။

    MIND Institute ရဲ့ လေ့လာမှုအရ အထီးကျန် စိတ်ဝေဒနာခံစားနေရတဲ့ ကလေးရှိတဲ့ အမျိုးသမီးတွေရဲ့ ၂၃ ရာခိုင်နှုန်းမှာ auto antibodies တွေ့ရှိတာ တွေ့ရပါတယ်။ မိခင်ရဲ့သွေးထဲမှာ ဒီ antibodies တွေရှိခြင်းက ကလေးငယ်မှာ အထီးကျန် စိတ်ဝေဒနာရောဂါ ရှိ၊ မရှိ သတ်မှတ်နိုင်ပါတယ်။

    ရှာဖွေတွေ့ရှိမှုတွေအရ လေ့လာသူတွေဟာ အနာဂတ် မိခင်လောင်းတွေ အနေနဲ့ ကောင်းမွန်တဲ့ နေထိုင်မှုပုံစံနဲ့ သင့်တင့်မျှတတဲ့ အစားအစာတွေကို စားပြီး သွေးချိုဆီးချိုကို ကြိုထိန်းသင့်တယ်လို့ အကြံပေးထားပါတယ်။

    ကိုယ်ဝန်ဆောင်နေစဉ်လည်း မိခင်ဟာ ကိုယ်အလေးချိန် ထိန်းသင့်ပါတယ်။ ကိုယ်ဝန်သက် အလယ်နားလောက် ရောက်ရင် ကိုယ်ဝန်ဆောင်မိခင် အနေနဲ့ တစ်ပတ်ကို 500 gram ထက် အလေးချိန် မပိုရပါဘူး။

    အစားအသောက်တွေ လေ့ကျင့်ခန်းတွေ မျှမျှတတ လုပ်ပေမယ့်လည်း ကိုယ်အလေးချိန် မကျဘူးဆိုရင်တော့ ဆရာဝန်တွေ အထူးကုတွေဆီ သွားသင့်ပါတယ်။ အများကြီး မစားပါနဲ့၊ နည်းနည်းချင်း အကြိမ်ရေ များများ ခွဲစားပါ၊ အချိန်မှန် စားပါ၊ ပမာဏမှန်မှန် နဲ့ သင့်တော်စွာ စားပါ။

    သကြားပါတဲ့ အစားအစာ စားသောက်မှုကိုလည်း ကန့်သတ်ပါ။ ကိုယ်ဝန်ဆောင်တွေအတွက် သင့်တော်တဲ့ ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ကိုယ်ဝန်ဆောင်တာက ဆရာဝန်က နားနားနေနေ နေပါလို့ မပြောသရွေ့ လှုပ်ရှားမှု အားလုံးကို ရပ်လိုက်ရမယ်လို့ မဆိုပါဘူး။

    ကိုယ်ဝန်ဆောင် ဆီးချိုကြောင့် မွေးလာမယ့်ကလေးမှာ အော်တစ်ဆင်ရောဂါ ဖြစ်နိုင်သလို ကိုယ်ဝန်ဆောင် ဆီးချိုက မေမေရော ဘေဘီလေးကိုပါ ထိခိုက်စေနိုင်တာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်ကို သေချာလေး ထိန်းဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · တစ်ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement