ဆီးချို သွေးချို ရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။