ဆီးချို ရှိမရှိ သွေးစစ်ကြည့်သင့်တဲ့သူ (၈) မျိုး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆီးချို သွေးချို ရောဂါဆိုတာ ခုချိန်မှာ နားထဲမစိမ်းတဲ့ အခေါ်အဝေါ်တစ်ခုဖြစ်နေကြပါပြီ။ ဟိုးတုန်းကပြောကြသလို သူဌေးရောဂါလည်းမဟုတ်တော့သလို အသက်ကြီးမှဖြစ်တဲ့ရောဂါလည်း မဟုတ်ပါဘူး။ လူကြီးလူငယ်၊ ဆင်းရဲချမ်းသာမရွေး မျက်နှာမလိုက်တဲ့ သမာသမတ်ရောဂါတစ်ခု ဖြစ်နေတာကို သတိထားသင့်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အနေအထိုင်၊ အစားအသောက်တွေရှိရင် ဖြစ်လာမှာပဲလေ။

ဒါပေမယ့် ကိုယ့်မှာဖြစ်နိုင်ခြေရှိနေတာ မသိတာ၊ မဖြစ်ခင် ကြိုရှောင်လို့ရရဲ့သားနဲ့ ရောဂါအဆင့် ရောက်သွားတာ တွေကတော့ သိပ်နှမျောဖို့ကောင်းပါတယ်။ ဆရာဝန်စစ်ခိုင်းမှ စစ်ကြည့်ပြီး ဆီးချိုတအားအရှိန်မြင့်နေတာ သိရတာမျိုးက နောက်ဆက်တွဲပြဿနာတွေနဲ့ ဆီးချိုထိန်းချုပ်မှု (blood sugar control) မရတာတွေ ခံစားရတာပိုလာပါမယ်။

ဘယ်သူတွေ ဆီးချို ရှိမရှိ စစ်ကြည့်သင့်လဲ

လူတိုင်းတော့ မကြာခဏ လက်ထိပ်သွေးဖောက်စစ်နိုင်မှာ မဟုတ်သလို တစ်ခါစစ်လို့ မရှိရင် ငါ့မှာ ဆီးချိုမရှိဘူးလို့ နောက်တစ်သက်လောက်ကို ဆက်ကြွေးကြော်တဲ့သူတွေလည်း ရှိတယ်။ ဒါ့ကြောင့် ဆီးချိုစစ်ကြည့်သင့်တဲ့ ဖြစ်နိုင်ခြေများသူတွေစာရင်းကို သတိပေးလိုက်ပါရစေ။

ဒီလူတွေမှာ ဖြစ်နိုင်ခြေပိုများတယ်။

(၁) မိသားစုထဲမှာ ဆီးချိုရှိတဲ့ မျိုးရိုးရှိတာ (မိဘ၊ မွေးချင်းမောင်နှမတွေမှာ ဆီးချိုရောဂါရှိတာ) ၊

(၂) ကိုယ်အလေးချိန်များနေတာ (ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း BMI က ၂၅ သို့မဟုတ် ၂၅ ထက်များနေတာ)၊ အဝလွန်နေတာ၊

(၃) ကိုယ်လက်လှုပ်ရှားမှုနည်းတာ၊

(၄) အရင်က သွေးတွင်းသကြားပြဿနာ ရှိခဲ့ဖူးတာ၊

(၅) သွေးတိုးရှိတာ (သွေးပေါင်ချိန် 140/90 နဲ့အထက်ရှိတာ)၊

(၆) သွေးတွင်းအဆီများနေတာ (သွေးတွင်းကိုလက်စထရော HDL cholesterol – 35 mg/dL နဲ့အောက် ရှိပြီး triglyceride level 250 mg/dL ထက်များနေတာ) ၊

(၇) ကိုယ်ဝန်ဆောင်ဆီးချိုရှိခဲ့ဖူးတာ ဒါမှမဟုတ် ကိုယ်အလေးချိန် ကိုးပေါင်အထက်ရှိနေတဲ့ ကလေးမွေးဖွားခဲ့တာ၊

(၈) သားဥအိမ်အရည်အိတ်တည်တဲ့ရောဂါ လိုမျိုး အချက်တွေရှိနေတဲ့သူတွေမှာ သူများတွေထက် ဆီးချိုသွေးချိုဖြစ်လာနိုင်ခြေ ပိုများပါတယ်။

ဘယ်နည်းနဲ့ စစ်ကြမလဲ

အများအားဖြင့် အစာမရှိချိန် မနက်ပိုင်း လက်ထိပ်သွေးဖောက်စစ်တာ ဒါမှမဟုတ် HbA1c (Hemoglobin A1C) သွေးစစ်တာဆိုတဲ့ နည်းနှစ်နည်းရှိပါတယ်။ လက်ထိပ်ဖောက်တဲ့နည်းက အိမ်မှာ ကိုယ်တိုင်စစ်ကြည့်လို့ရပေမယ့် ပြီးခဲ့တဲ့သုံးလတာကာလအတွင်း သွေးတွင်းသကြားထိန်းချုပ်မှုအခြေအနေကို ပိုပြီးသေချာအောင် စစ်ဆေးပေးနိုင်တဲ့ HbA1c စစ်ဆေးမှုကိုတော့ ဆေးခန်းတွေမှာ စစ်ပါ။

သွေးစစ်ကြည့်လို့ ဆီးချိုမရှိရင်ရော…

ဆီးချိုဖြစ်နိုင်ခြေများတဲ့ အချက်တွေ ကိုယ့်မှာရှိနေတာတောင် သွေးစစ်ကြည့်လို့ ဆီးချိုမရှိဘူးဆိုရင်လည်း ပေါ့ပေါ့ဆဆမနေလိုက်ပါနဲ့ဦး။ စစ်ကြည့်တဲ့အချိန်မှာမရှိပေမယ့် အနေအထိုင်၊ အစားအသောက်မဆင်ခြင်ရင် နောက်ပိုင်းဆက်ဖြစ်လာနိုင်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ဒါမှမဟုတ် နောက်ပိုင်း အချိန်ကာလတစ်ခုခြားပြီး ပြန်လည်စစ်ဆေးကြည့်သင့်ပါတယ်။

ကျန်းမာရေးလိုက်စားပါလို့ တစ်ခွန်းတည်းပြောရင်ရပေမယ့် အသေးစိတ်ထပ်ပြောရရင် ကိုယ်အလေးချိန်ကိုထိန်းပါ၊ သွေးပေါင်ချိန်ကိုထိန်းပါ၊ သွေးတွင်းအဆီလျှော့ပါ (အဆီလျှော့စားပါ၊ ဆီကြော်တွေ၊ အသင့်စားအစားအစာတွေရှောင်ပါ) ၊ ပုံမှန်ကိုယ်လက်လှုပ်ရှားပါ။

ဆီးချိုမဖြစ်လာခင် အစပျိုးအဆင့်ရဲ့လက္ခဏာတွေကို သိရှိနိင်မယ်ဆိုရင် အမျိုးအစား၂ ဆီးချိုရောဂါကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်သလို နှလုံးရောဂါလိုမျိုး နောက်ဆက်တွဲရောဂါတွေဖြစ်လာနိုင်ခြေလျော့နည်းစေ မှာဖြစ်ပါတယ်။ အစပျိုးအဆင့်မှာ သွေးတွင်းသကြားဓာတ်ထိန်းညှိနိုင်ဖို့ glycemic index (GI) နည်းတဲ့ အစာအာဟာရတွေက အသင့်တော်ဆုံးဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးမှုကြောင့် သွေးတက် တာလား။ သွေးတိုးရောဂါကြောင့် သွေးတက်တာလား။ စိတ်ဖိစီးမှုကြောင့် သွေးတက်ရင် ဘာတွေလုပ်ကြမလဲ။ ဘာတွေ မလုပ်ရဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ရနံ့ကုထုံး (Aromatherapy) ရဲ့ ကျန်းမာရေးအကျိုးကျေးဇူး

ရနံ့ကုထုံး (Aromatherapy) ကို essential oil therapy လို့လည်း ခေါ်ကြပါတယ်။ ရှေးရိုးရာနည်းလမ်းတစ်ရပ်ပေါ့။ စိတ်ရောကိုယ်ပါ ကျန်းမာလန်းဆန်းစေဖို့ အသုံးပြုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု

ကျန်းမာရေးကိုဒုက္ခအပေးဆုံး Sleep Myths (၈) ခု အကြောင်းကို ပြောပြချင်ပါတယ်။ ဘာလို့လဲဆိုရင် Myth တွေဟာ လူတွေရဲ့ ကျန်းမာရေးကို အများကြီး ဒုက္ခပေးတတ်တာကြောင့်ပါ

ရေးသားသူ Ye Zon Aung

ထင်သလောက်မစွမ်း တော့ဘူးလား ကိုယ့်လူ

အမျိုးသားတွေဟာ သူတို့ရဲ့ လိင်မှုစွမ်းဆောင်ရည် အားနည်းနေပြီ၊ ကျဆင်းလာနေပြီဆိုတာကို ထုတ်ပြောဖို့ သပ်ပြီး တွန့်ဆုတ်တတ်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read