backup og meta

ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း

    ဆီးချိုသွေးချိုရောဂါ ဖြစ်လာတဲ့သူတွေမှာ အများအားဖြင့်ဖြစ်တတ်ကြတာ သုံးမျိုးရှိပါတယ်။ ဆီးချိုကြောင့် ဘာမှမစားရဲမသောက်ရဲဘဲ အစားရှောင်ရင်းအာဟာရမပြည့် သကြားဓါတ်ကျဆင်းရသူတွေ၊ အစားမရှောင်နိုင် နေထိုင်ပုံမဆင်ခြင်နိုင်လို့ ဆီးချိုရောဂါ ကို ထည့်မတွေးဘဲ မေ့ထားလိုက်သူတွေနဲ့ ဆီးချိုသွေးချိုအတွက် နေထိုင်စားသောက်ပုံပြောင်းလဲလိုက်သူတွေဖြစ်ပါတယ်။ အဲဒီလူတွေထဲမှာ ဘယ်သူကအန္တရာယ်ကင်းပြီး အသက်ရှည်မယ်ထင်ပါသလဲ။

    ဆီးချိုရောဂါရှိနေတဲ့ မိဘအတွက် ကျန်းမာတဲ့အစားအသောက်ပုံစံပြုလုပ်ပေးခြင်း

    ကိုယ်ချစ်ခင်လေးစားရတဲ့ အဖေ သို့မဟုတ် အမေ့မှာ ဆီးချိုရောဂါရှိနေပြီဆို အရင်ဆုံးတွေးရမှာက ဒီရောဂါရှိနေပေမယ့်သက်တမ်းစေ့နေထိုင်သွားနိုင်မယ့်လမ်းပါပဲ။ သွေးတွင်းသကြားဓါတ်ကိုထိန်းရမယ်၊ အစားရှောင်ရမယ်ဆိုပေမယ့် ဘာမှ မစားရဲမသောက်ရဲအောင် ဖြစ်နေစရာမလိုဘဲ အာဟာရနဲ့ရေဓါတ်လည်းမလျော့အောင်လည်း ဂရုစိုက်ပေးရပါမယ်။

    ကိုယ့်မိဘအတွက် အစာအာဟာရဘယ်လိုဂရုစိုက်ပြင်ဆင်မလဲ

    • အတိုင်းအတာ ပုံစံချပါ

    ဆီးချိုသမားအတွက် ကျန်းမာရေးနဲ့အညီဆုံးစားသောက်မှုပုံစံက ပမာဏအချိုးချ တိုင်းချင့်ပြီးစားတဲ့နည်းဖြစ်ပါတယ်။ ထမင်းပန်းကန်မှာ ထမင်းကိုလေးပုံတစ်ပုံပဲထည့်ပြီး တစ်ပုံကို အသား(ပရိုတင်း)နဲ့ နှစ်ပုံစာကို အသီးအရွက်များများ စားသုံးတာ အကောင်းဆုံးပါ။ ဟင်းတွေမှာ ဆီမများဖို့တော့လိုပါတယ်။

    • ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကိုတွက်ပါ

    ဆီးချိုရှိသူတွေမှာ နဂိုကမှ သွေးတွင်းသကြားဓါတ်ကိုမထိန်းညှိနိုင်ရတဲ့အထဲ ကာဗိုဟိုက်ဒရိတ်ေတွကြောင့် သကြားဓါတ်မြင့်တက်လာနိုင်ပါတယ်။ ခန္ဓါကိုယ်ထဲမှာ ကာဗိုဟိုက်ဒရိတ်တွေကနေ ဂလူးကို့စ်အဖြစ်ပြောင်းလဲသွားတာကြောင့်ပါ။ ဒါ့ကြောင့် ကာဗိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏထက်ပိုမကျွေးမိဖို့ သတိထားပေးပါ။

    • သကြားဓါတ်ပြောင်းလဲမှုညွှန်းကိန်းကိုထည့်တွေးပါ

    စားလိုက်တဲ့အစာအာဟာရတွေဟာ သကြားဓါတ်အဖြစ်ကို ပြောင်းလဲပြီးခန္ဓါကိုယ်က အသုံးပြုပါတယ်။ သကြားဓါတ်အဖြစ် မြန်မြန်ပြောင်းလဲတဲ့အစားအသောက်တွေက ခန္ဓါကိုယ်က လိုက်သုံးဖို့မမီတော့ဘဲ သွေးထဲမှာ သကြားဓါတ်တွေအဖြစ်များနေပြီး ဆီးချိုတက်စေပါတယ်။ ဒါကြောင့် အစားအသောက်တွေကိုရွေးချယ်တဲ့အခါမှာ သကြားဓါတ်ပြောင်းလဲမှုညွှန်းကိန်းကို ကြည့်ပြီးရွေးချယ်ရပါမယ်။ သကြားဓါတ်ပြောင်းလဲမှုညွှန်းကိန်းနိမ့်လေ ကောင်းလေပါပဲ။

    သူတို့ကြိုက်တတ်တဲ့စားစရာတစ်ခုခုက သိပ်မတည့်ဘူးဆိုရင် ကျန်းမာရေးနဲ့ညီမယ့်ပုံစံအဖြစ်ပြောင်းလဲပြင်ဆင်ပေးပါ။ ဥပမာ အာလူးကြော်အစား ကန်စွန်းဥကိုအစားထိုးတာမျိုး၊ ယိုကြိုက်တယ်ဆိုရင် သကြားမပါတဲ့သဘာဝအသီးယိုတွေ ကိုယ်တိုင်ထိုးပေးတာမျိုး။

    • ဟင်းချက်ရင် ရိုးရိုးရှင်းရှင်းပဲချက်ပါ

    ကျန်းမာရေးနဲ့ညီတဲ့အစားအစာတွေက ခက်ခက်ခဲခဲပြင်ဆင်ရတာနည်းပါတယ်။ ဟင်းတွေပြင်ဆင်တဲ့အခါ အသားငါးနဲ့ အသီးအရွက်မျှတအောင်စီစဉ်သင့်ပေမယ့် ချက်နည်းမှာ သိပ်မကွန့်စေချင်ပါ။ ဆိုင်ချက်တွေလို ခရုဆီ၊အမွှေးအကြိုင်တွေ၊ ဟိုဟာဒီဟာထည့်တာ၊ အဆင့်ဆင့်ကြော်လှော်တာတွေထက် ဆီနည်းနည်းနဲ့လွယ်လွယ်ချက်တာကပိုကောင်းပါတယ်။ အသားနဲ့ငါးကို ကင်တာ၊ ပေါင်းတာတွေလည်းကျွေးလို့ရပါတယ်။

  • ပုံမှန်အလေ့အကျင့်လုပ်ပေးပါ
  • မနက်စာ၊နေ့လယ်စာ၊ညစာ ဒါမှမဟုတ် အဆာပြေစားချိန်တို့ကို အချိန်မှန်စားနိုင်အောင် ပုံမှန်အလေ့အကျင့်လုပ်ပေးသင့်ပါတယ်။ ဆီးချိုသွေးချိုဆိုတာ အစာမရှိရင် ကျတတ်တာမို့ ထမင်းစားချိန်နောက်မကျဖို့၊ ဆေးပုံမှန်သောက်နိုင်ဖို့အရေးကြီးပါတယ်။

    • အားဖြည့်အာဟာရ

    ဆီးချိုရောဂါရှိနေတဲ့ သူတွေအတွက် အစာအာဟာရအဖြစ်စေဆုံးက ပရိုတင်းဓါတ်ပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဆီးချိုသီးသန့်ဖြည့်စွက်အာဟာရတွေမှာ ပရိုတင်းအဓိကထုတ်လုပ်ကြတာဖြစ်ပါတယ်။ နို့ထွက်ပရိုတင်းတွေထဲမှာမှ Whey protein လို့ခေါ်တဲ့တစ်မျိုးကို ကြွက်သားတက်စေဖို့နဲ့ အဆီကျစေဖို့ အားကစားဖြည့်စွက်အစာအဖြစ်သုံးနေကြတာကြာပြီဖြစ်ပါတယ်။ အဲဒီ Whey proteinက ဆီးချိုရှိသူတွေမှာ သွေးတွင်းသကြားဓါတ်ပမာဏကို ထိန်းညှိပေးနိုင်စွမ်းရှိတယ်လို့ သုတေသနတွေက တွေ့ရှိတာမကြာသေးပါဘူး။ Whey protein ကို မနက်စာမစားခင် စားသုံးတဲ့အခါ အမျိုးအစား(၂) ဆီးချိုရောဂါကို ကာကွယ်နိုင်၊ ထိန်းချုပ်နိုင်တယ်လို့ Newcastle University ကလေ့လာမှုအရသက်သေပြခဲ့ပါတယ်။

    Whey Protein က ဆီးချိုအတွက် ဘာကြောင့်အစွမ်းထက်နေတာလဲ

  • ဓါတ်တိုးပစ္စည်းတွေကို ပျက်ပြယ်စေပြီး ဆီးချိုအတွက် အကျိုးပြုတဲ့ အမိုင်နိုအက်စစ် L-Cysteine ကြွယ်ဝတယ်
  • ခန္ဓါကိုယ်ထဲက Triglyceride အဆီလောင်ကျွမ်းမှုကို အထောက်အကူပြုတယ်။
  • သွေးတွင်းသကြားဓါတ်ကိုထိန်းထားနိုင်ဖို့ အင်ဆူလင်ဟော်မုန်းရဲ့လုပ်ဆောင်ချက်ကိုကောင်းမွန်စေတယ်။
  • အကောင်းဆုံး ဓါတ်တိုးဆန့်ကျင်ပစ္စည်း Glutathione ထုတ်လုပ်မှုကို မြှင့်တင်ပေးတယ်
  • ခုခံအားစနစ်ကို မြှင့်တင်ပေးတယ်။
  • စိတ်ဖိစီးမှုကို လျော့ကျစေတယ်။
  • ဗိုက်ပြည့်တင်းတိမ်စေတယ်။
  • ကဲ ဒါကြောင့် အိမ်ကဖေဖေမေမေတို့ ဆီးချိုရှိနေပြီဆိုတာနဲ့ ခုပြောထားတဲ့ စားသောက်မှုပုံစံအတိုင်း စားစရာတွေ ကိုပြင်ဆင်ပေးသင့်တယ်နော် ။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 15/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement