backup og meta

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲဆိုတာ အတူတူ ကြည့်လိုက်ရအောင်နော်။

ဆီးချို က အခုနောက်ပိုင်း ကမ္ဘာ့လူဦးရေတော်တော်များများကို ခြိမ်းခြောက်လာတဲ့ ရောဂါတစ်ခုဖြစ်လို့လာနေပါတယ်။ ဆီးချို က အဓိကက အချိုစားလို့ဖြစ်တာလို့ ယူဆမှုတွေလည်း ရှိနေနိုင်ပါတယ်။ တကယ်ကတော့ ဆီးချိုက အချိုစားလို့ဆိုတာအပြင် အခြားအကြောင်းအရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိတာကြောင့် အချိုစားလို့ မရဘူး။ အထူးသဖြင့် အသီးတွေ မစားသင့်ဘူးလို့ ပြောတာ ကြားဖူးမှာပါ။

အသီးတွေက ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်မှု များလို့ လုံးဝမစားတာထက် ဆင်ခြင်ပြီး စားမယ်ဆို ကျန်းမာရေးအတွက် ပိုအကျိုးရှိမှာ ဖြစ်ပါတယ်။

ဆီးချိုဖြစ်စေတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ……..

ဆီးချိုဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ချက်မက ရှိနေနိုင်ပါတယ်။ ဆီးချိုဖြစ်စေနိုင်တဲ့ အချက်တွေ ဘယ်လောက်ထိများနေလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်လိုက်ရအောင်လား……..

ဆီးချို ရှိရင် အများကြီး မစားသင့်တဲ့ သစ်သီးတွေ

ဆီးချိုရှိတဲ့သူတွေအနေနဲ့ အချိုစာတွေပဲရှောင်မယ် သဘာဝအချိုဖြစ်တဲ့ အသီးတွေကိုတော့ စားလို့ရမယ်ထင်တယ်ဆိုပြီး အသီးစားမယ်ဆိုရင်တောင် ဒီအသီးတွေကိုတော့ အများကြီး မစားပါနဲ့။ အကြောင်းကတော့ အခုပြောပြမယ့် အသီးတွေက ဆီးချိုရှိသူတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ် မြင့်တက်တာမျိုးကို ဖြစ်စေနိုင်လို့ပါ။

စပျစ်သီး

စပျစ်သီးက အမျှင်ဓာတ်၊ ဗီတာမင် နဲ့ အခြားသော အာဟာရဓာတ်တွေကြွယ်ဝတာကြောင့် ကျန်းမာရေးကို အထောက်အကူပြုတယ်ဆိုပေမယ့် သကြားဓာတ်ပါဝင်မှုများတာကြောင့် ဆီးချိုရှိသူတွေ အနေနဲ့ အများကြီး မစားသင့်ပါဘူး။ အထူးသဖြင့် ခရမ်းရောင် စပျစ်သီးတွေကိုပါ။ အစိမ်းရောင် စပျစ်သီးတွေကတော့ ခရမ်းရောင်ထက်စာရင် အချိုပါဝင်မှု နည်းပါတယ်။

ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ စပျစ်သီးစားသုံးမယ်ဆိုရင် လက်ဖက်ရည်ခွက် တစ်ခွက်စာလောက်ပဲ စားသုံးသင့်ပါတယ်။

သရက်သီးမှည့်

သရက်သီးစိမ်းက ဆီးချိုသမားတွေ စားလို့ရတယ်ဆိုပေမယ့် သရက်သီးမှည့်ကတော့ အချိုကဲတာကြောင့် ဆီးချိုရှိမယ်ဆိုရင် အများကြီး မစားသင့်ပါဘူး။

မြန်မာလူမျိုး တော်တော်များများ သဘောကျ နှစ်ခြိုက်တဲ့ သရက်သီးမှည့်မှာ သကြားဓာတ် နဲ့ ကယ်လ်လိုရီ ပါဝင်မှု များတာကြောင့် ဆီးချိုသမားတွေမှာ ရုတ်တရက် သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေနိုင်တာကြောင့် အများကြီး စားတာမျိုး မလုပ်ဖို့ လိုပါမယ်။ တစ်နေ့တာလုံးမှာ အရွယ်တော် တစ်လုံးရဲ့ တဝက်စာလောက်ပဲ စားသုံးပေးပါ။

လိုင်ချီးသီး

လိုင်ချီးသီး အရွယ်တော် တစ်လုံးမှာ သကြားဓာတ် ပါဝင်မှုက ၁၆ ဂရမ် ရှိပါတယ်။ သကြားဓာတ် ပါဝင်မှု မြင့်တယ်လို့ ဆိုရမှာပါ။ ဒါကြောင့် ဆီးချို ရှိသူတွေအနေနဲ့ လိုင်ချီးသီးကို သဘောကျတယ်ဆိုရင်တောင် အများကြီး မစားသင့်ပါဘူး။ ဆီသွတ်ဘူးတွေထက် လတ်ဆတ်တဲ့ အသီးကိုပဲ စားပေးပါ။ တစ်နေ့တာကို ၂ လုံး ၃ လုံးလောက်ပဲ စားပေးပါ။

ငှက်ပျောသီး

ငှက်ပျောသီးက အရသာရှိသလို ပိုတက်ဆီယမ်ကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက်သင့်တော်တယ်ဆိုပေမယ့် အခြားအသီးတွေထက် ကယ်လ်လိုရီပါဝင်မှုများသလို ကာဗိုဟိုက်ဒရိတ်နဲ့ သကြားဓာတ်ပါဝင်မှုလည်းများပါတယ်။

ဒီအချက်ကြောင့်ပဲ ဆီးချိုရှိသူတွေကို အများကြီး စားဖို့ မသင့်တော်ဘူးလို့ ပြောရတာပါ။ ငှက်ပျောသီးက မှည့်လေလေ ဆီးချိုရှိသူတွေမှာ ရုတ်တရက်သွေးတွင်းသကြားဓာတ် မြင့်တက်စေနိုင်လေလေပါ။ ငှက်ပျောသီးက အမျှင်ဓာတ် ပါဝင်တာကြောင့် အစာခြေစနစ် ကျန်းမာစေတယ်။ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် သွေးတိုးကျစေတယ်ဆိုပေမယ့် ဆီးချိုရှိတယ်ဆိုရင် အများကြီး မစားပါနဲ့။

ဖီးကြမ်း အရမ်းမမှည့်သေးတာမျိုး နဲ့ ငှက်ပျောချဉ်တို့ကို စားပေးလို့ရပါတယ်။ သီးမွှေးနဲ့ အခြား ငှက်ပျောသီးတွေကတော့ အချိုကဲတာကြောင့် စားမယ်ဆိုရင် နည်းနည်းပဲ စားသင့်ပါတယ်။

ဖရဲသီး

အရည်ရွှမ်းပြီး အရသာရှိတယ်။ ဗီတာမင်နဲ့ပြည့်စုံပြီး ကာဗိုဟိုက်ဒရိတ်လည်းကြွယ်ဝတာကြောင့် ကျန်းမာရေးအတွက် အကျိုးများတယ်။ ဒါပေမယ့် သကြားပါဝင်မှုများတာကြောင့် သွေးချိုရှိသူတွေအတွက် အများကြီး စားလို့ မသင့်တော်ပါဘူး။ ဆီးချိုရှိသူတွေအနေနဲ့ ဖရဲသီးစားချင်ရင် အရွယ်တော် တစ်စိတ်စာလောက်ပဲ စားပေးပါ။ အများကြီး စားတာမျိုး မလုပ်ပါနဲ့။

နာနတ်သီးမှည့်

နာနတ်သီး အမှည့်ကတော့ ဆီးချိုရှိသူတွေ အများကြီး မစားသင့်တဲ့ အသီးတွေထဲကတစ်ခုပါ။ နာနတ်သီးက သကြားဓာတ်ပါဝင်မှုများသလို မှည့်လေလေ သကြားဓာတ်ပါဝင်မှုနှုန်းမြင့်လေလေပါ။ အဝါရောင် နာနတ်သီးလေးက သကြားပါဝင်မှုမြင့်သလို ကာဗိုဟိုက်ဒရိတ် ပါဝင်မှုလည်း မနည်းပါဘူး။ ဒါကြောင့် ဆီးချိုရှိရင် နာနတ်သီး အရမ်းမှည့်နေတာမျိုးကို နည်းနည်းလောက်ပဲ စားပေးပါ။

ဆီးချိုရောဂါရှိသူတွေအနေနဲ့ ဘယ်သစ်သီးကိုပဲဖြစ်ဖြစ် စားမယ်ဆိုရင် အမှည့်လွန်တာတွေကို မစားပါနဲ့။ ဆီးချိုတက်နေချိန်မှာ မစားပါနဲ့။ ထမင်းစားပြီးပြီးချင်း မစားပါနဲ့။ အနည်းဆုံး ထမင်းကြီးနဲ့ ၂နာရီလောက်ခြားပါ။ ပမာဏအလွန်အကျွံမစားပါနဲ့လို့ အကြံပြုချင်ပါတယ်။

ဒီအသီးတွေ အများကြီး မစားပါနဲ့လို့ ပြောရတာက

ဆီးချိုရှိရင် ဒီအသီးတွေ အများကြီး မစားပါနဲ့လို့ ပြောရတာက Glycemic index များနေလို့ပါ။
  • စပျစ်သီး >>> glycemic index – 53
  • သရက်သီးမှည့် >>> glycemic index – 51
  • လိုင်ချီးသီး >>> glycemic index – 50
  • ငှက်ပျောသီး >>> glycemic index – 62
  • ဖရဲသီး >>> glycemic index – 76
  • နာနတ်သီးမှည့် >>> glycemic index – 59

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Type 2 diabetes https://www.mayoclinic.org/diseases-conditions/type-2-diabetes/symptoms-causes/syc-20351193 Accessed Date 7 February 2020

25 Most Dangerous Food for Diabetes (No.1 Scary) https://drhealthbenefits.com/disease-disorder/diabetes/most-dangerous-food-for-diabetes Accessed Date 7 February 2020

The Best and Worst Fruits to Eat If You Have Diabetes https://www.eatingwell.com/article/290369/the-best-and-worst-fruits-to-eat-if-you-have-diabetes/ Accessed Date 7 February 2020

Know About the Best and Worst Fruits for Diabetes https://www.healthifyme.com/blog/best-worst-fruits-for-diabetes/ Accessed Date 7 February 2020

fruit and diabetes https://www.diabetes.org.uk/guide-to-diabetes/enjoy-food/eating-with-diabetes/food-groups/fruit-and-diabetes Accessed Date 7 February 2020

What are the worst fruits for someone with diabetes? https://www.medicalnewstoday.com/articles/worst-fruits-for-diabetics#fruits-to-avoid Accessed Date 7 February 2020

ယခုပုံစံ

30/03/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချို နဲ့ သံပရိုသီး

ဆီးချိုရှိသူတွေ သလဲသီးစားပေးသင့်တဲ့အကြောင်းအရင်း


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 30/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement