ဆီးချိုရဲ့ နောက်ဆက်တွဲရောဂါတွေကို ကာကွယ်ချင်ရင် ဒီ စစ်ဆေးမှုတွေကို ပုံမှန်လုပ်ပါ ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

သွေးတွင်းသကြားဓါတ် တွေ များနေရင် ဆီးချိြုဖစ်တယ်ဆိုတာ အားလုံးသိကြမှာပါ။ ကိုယ်စားချင်တိုင်းလည်း စားမရ၊ ဆေးတွေလည်း တောက်လျှောက်သောက်ရတာကြောင့် ဆီးချိုလို့ဆိုလိုက်တာနဲ့ လူတိုင်း စိတ်ညစ်ကြပါတယ်။ ဒါပေမယ့်လည်း ရှောင်လွဲမရလို့ ကိုယ့်မှာဆီးချိုဖြစ်ခဲ့ပြီဆိုရင် တက်နေတဲ့ သွေးတွင်းသကြားဓါတ်ကို ထိန်းဖို့ အရေးကြီးဆုံးဖြစ်သလို ဆီးချိုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ကြိုတင်ကာကွယ်ထားဖို့ကလည်း အရေးကြီးပါသေးတယ်။

ဒီတော့ဆီးချိုရဲ့ နောက်ဆက်တွဲဆိုးကျိုး တွေကို ကြိုပြီး ကာကွယ်လို့ရအောင် ဘယ်လို ကျန်းမာရေးစစ်ဆေးမှု ( medical checkup) တွေပုံမှန် စစ်ဆေးသ့င်သလဲ ။ ။

မဖြစ်ခင်တည်းက ကြိုတင်ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်သလို ၊ ဖြစ်တာကို စောစောသိရင် စောစောကုသလို့ရခြင်းကလည်း အရာရောက်တာကြောင့် ဆီးချို ဝေဒနာရှင်တိုင်း ခုပြောမယ့် ကျန်းမာရေးစစ်ဆေးမှုတွေကို ပုံမှန် လုပ်ပေးဖို့လိုပါတယ်။

( ၁ ) HbA1c test

ဒါကတော့ဆီးချိုရှိသူတိုင်း မဖြစ်မနေ စစ်သင့်တဲ့ Test တစ်ခုဖြစ်ပြီး လွန်ခဲ့တဲ့ ၂ လ ( ဒါမှမဟုတ်) ၃ လအတွင်းက ကိုယ့်သွေးတွင်း သကြားဓါတ်ကို ကောင်းကောင်းထိန်းနိုင်လား မထိန်းနိုင်ခဲ့ဘူးလားဆိုတာကို စစ်တဲ့ test တစ်ခုပါ။ ဒီစစ်ဆေးချက်က နေ့စဉ်ဖောက်စစ်နေတဲ့ေသွးတွင်းသကြားဓါတ်ထက် ကိုယ့်ဆီးချိုအခြေအနေကို မှန်မှန်ကန်ကန်ဖော်ပြနိုင်တဲ့ အရာတစ်ခုပါ။ ပုံမှန်ရှိသင့်တဲ့ HbA1c ပမာဏက ၇ အောက် မှာ ဖြစ်နေသင့်ပြီး တစ်နှစ်ကို ၂ ကြိမ်လောက် HbA1c စစ်ဆေးမှု အမြဲလုပ်သင့်ပါတယ်။

( ၂ ) သွေးပေါင်ချိန်

ဆီးချိုနဲ့ သွေးတိုးက သူငယ်ချင်းအရင်းကြီးတွေလို့ဆိုရအောင် ဆီးချိုရှိသူတိုင်းမှာ သွေးတိုး ရောဂါတွဲရှိနိုင်သလို သွေးတိုးရှိတဲ့သူတိုင်းကလည်း ဆီးချိုရောဂါနဲ့ ကင်းမနေပြန်ပါဘူး။ နောက်ပြီး ဆီးချိုကြောင့်သွေးကြောတွေကို ထိရာကနေ သွေးတိုးရောဂါ၊ နှလုံး ရောဂါတွေပါ ဆက်ဖြစ်လာနိုင်တာကြောင့် သွေးပေါင်ချိန်ကို တစ်လတစ်ခါလောက်စစ်ဆေးနေဖို့လိုပါတယ်။ သွေးတိုးရောဂါအစတည်းက ရှိနေတဲ့သူတွေ အဖို့တော့ တစ်ပတ်တစ်ခါ ကိုယ့်သွေးပေါင်ချိန်ကို စစ်သင့်ပါတယ်။ သွေးပေါင်ချိန်တိုင်း ကိရိယာလေးတွေ အိမ်မှာ ဝယ်ထားလို့ရနေတာပဲဟာနော်။ အနီးစပ်ဆုံး အဖြေကိုတော့ ပြောပြပေးနိုင်မှာပေါ့။

( ၃ ) သွေးတွင်းကိုလက်စရော

မြင့်နေတဲ့ သွေးတွင်းသကြားဓါတ်က သွေးထဲမှာရှိတဲ့မကောင်းတဲ့ ကိုလက်စရော LDL ကို ပိုပျစ်စေပြီး သွေးကြောကျဉ်းတဲ့ပြဿနာကိုပိုဖြစ်စေတတ်တဲ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေက နှလုံးရောဂြါဖစ်နိုင်ချေပိုများတာကြောင့် သွေးတွင်းကိုလက်စရော ပုံမှန် တစ်နှစ်တစ်ခါလောက် စစ်ဆေးပေးဖို့ကအရေးကြီးပါတယ်။ ဒါမှ စောစောသိ သွေးတွင်းကိုလက်စရောကို စောစောချလိုက်တော့ ဆိုးဆိုးဝါးဝါးတွေ ထပ်မဖြစ်တော့ဘူးပေါ့။ နောက်ပြီး အဆီများတဲ့အစားအစာတွေရှောင်ပါ ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပေးပါ။

( ၄ ) Creatinine

ဆီးချိုရဲ့ နောက်ဆက်တွဲ ပြဿနာတွေထဲမှာ ေကျာက်ကပ် ေရာဂါကလည်း ပါဝင်နေတာမို့ ကျောက်ကပ်ပုံမှန်အလုပ် လုပ်မလုပ် ဖော်ပြပေးနိုင်တဲ့ albumin နဲ့ creatinine ပမာဏကို တစ်နှစ်တစ်ခါ စစ်ဆေးဖို့လိုပါတယ်။

( ၅ ) ခြေထောက်ကိုလည်း ပုံမှန်စစ်ဆေးပါ။

ဆီးချိုရှိတဲ့သူ တစ်ဝက်လောက်က နောက်ပိုင်း ဆီးချို ကောင်းကောင်းမထိန်းနိုင်တဲ့အခါ ခြေဖဝါးရဲ့ အာရုံခံနိုင်စွမ်းတွေ လျော့ကျလာပြီး ထိလို့ထိမှန်းမသိ၊ နာလို့နာမှန်းမသိတော့တာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီးဆီးချိုကိုယ်တိုင်က အနာကျက်ေနှးစေပြီး ပိုးဝင်လွယ်စေတဲ့အတွက်ကြောင့် ကိုယ့်ခြေထောက်ရဲ့ အာရုံခံနိုင်စွမ်းကို ပုံမှန်စစ်ဆေးဖို့လိုသလို၊ အနာဖြစ်ရင်လည်း အနာကိုသန့်သန့်ရှင်းရှင်းဖြစ်အောင် ဂရုစိုက်ပေးရပါမယ်။ ဒ့ါကြောင့် ဆီးချိုရှိသူတိုင်း ဆရာဝန်ဆီမှာ အနည်းဆုံး တစ်နှစ်တစ်ခါလောက် ခြေထောက်စစ်ဆေးမှု ပုံမှန်ပြုလုပ်သင့်ပါတယ်။

( ၆ ) အမြင်အာရုံစစ်ဆေးမှု။

diabetic retinopathy လို့ခေါ်တဲ့ တက်နေတဲ့ဆီးချိုကြောင့် မျက်လုံးမြင်လွှာ( retina)က သွေးကြောလေးတွေထိခိုက်ပြီး အမြင်အာရုံဆုံးရှုံးသွားနိုင်တဲ့ပြဿနာကလည်း ဆီးချိုရှိသူတိုင်း သတိထားရမယ့် ပြဿနာတစ်ခုဖြစ်တာကြောင့် တစ်နှစ်တစ်ကြိမ် ( ဒါမှမဟုတ် ) နှစ်နှစ်တစ်ကြိမ်လောက် မျက်စိဆရာဝန်နဲ့ ကိုယ့်မျက်လုံးကို ပုံမှန်စစ်ဆေးဖို့လိုပါတယ်။

( ၇ ) ECG

အသက်ကလည်း ၅၀ ကျော်နေပြီ ၊ ဆီးချိုအပြင် သွေးတိုးပါရှိနေပြီဆိုရင်တော့ နှလုံးစစ်ဆေးမှုတစ်ခုဖြစ်တဲ့ ECG စစ်ဆေးမှုကို ၆လတစ်ခါလောက်လုပ်ကိုလုပ်သင့်ပါတယ်။ ECG က နှလုံးနဲ့ နှလုံးသွေးကြော အခြေအနေတွေကိ ုကောင်းကောင်းဖော်ပြပေးနိုင်တဲ့ စစ်ဆေးမှု တစ်ခုပါ။

ကိုယ်ကလည်း ဆီးချို ရောဂါဖြစ်နေတယ် ၊ သွေးတွင်းသကြားဓါတ်ကိုလည်း ပုံမှန်ထိန်းနိုင်နေတယ် ဆိုပေမယ့် ခုပြောထားတဲ့ medical Checkup တွေကို ပုံမှန်စစ်ဆေးနေဖို့ လုံးဝ အရေးကြီးပါတယ်။ ဒါမှ တစ်ခုခုဖြစ်ပြီဆိုတာနဲ့ စောစောသိ စောစောသိကု စောစောပျောက်မှာလေ မဟုတ်ဘူးလား ။ ။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

.

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

စိတ်ဖိစီးမှု ကြောင့် သွေးတိုးနေတာ အမြန်သက်သာစေဖို့

စိတ်ဖိစီးမှု ကြောင့် သွေးတက်နိုင်ပါသလား။ တကယ်လို့ သွေးတက်ခဲ့ရင် ဘယ်လိုနည်းလမ်းတွေနဲ့ ပြုစုရမလဲ။ သွေးပေါင်မြန်မြန်ချတာက အန္တရာယ်ကင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

စိတ်ဖိစီးလို့ သွေးတက် တာလား၊ သွေးတိုးလို့ သွေးတက်တာလား။

စိတ်ဖိစီးမှုကြောင့် သွေးတက် တာလား။ သွေးတိုးရောဂါကြောင့် သွေးတက်တာလား။ စိတ်ဖိစီးမှုကြောင့် သွေးတက်ရင် ဘာတွေလုပ်ကြမလဲ။ ဘာတွေ မလုပ်ရဘူးလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ ဆိုတာက ဘာတွေလဲ။ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိလဲဆိုတာကို သိပြီးပြီလား............

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်အရမ်းဖိစီးနေလည်း အိပ်ပျော်ဖို့ လိုပါတယ်

စိတ်အရမ်းဖိစီးနေပေမဲ့ အိပ်ပျော်ဖို့ လိုပါတယ်။ဘာကြောင့် ဒီလို ပြောရတာလဲ။ စိတ်ဖိစီးချိန်မှာ အိပ်မပျော်ရင် ဘာတွေ ဖြစ်လာမလဲ။ စိတ်ဖိစီးနေချိန်မှာ အိပ်ပျော်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

how-hope-affects-your-health မျှော်လင့်ချက်ထား

မျှော်လင့်ချက်ထား ခြင်းက ကျန်းမာပျော်ရွှင်စေပါတယ် စိတ်ဓာတ်မကျပါနဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 23, 2021 . 3 mins read
နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
စိတ်ပူပင်လို့ ရင်တုန်လာတာလား... နှလုံးရောဂါလား....

စိတ်ပူပင်လို့ ရင်တုန်လာတာလား… နှလုံးရောဂါလား….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ကျောက်ကပ် မှာ အဖြစ်များတဲ့ ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 3 mins read