backup og meta

သွေးချိုတက်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ

Hyperglycemia လို့သိကြတဲ့ သွေးတွင်းအချိုဓါတ်မြင့်မားတာကသွေးတွင်းအချိုဓါတ်ကိုကောင်းကောင်းထိန်းချုပ်နိုင်စွမ်းမရှိတဲ့ ဆီးချိုဝေဒနာရှင်တွေမှာ အများဆုံးတွေ့ရတတ်တဲ့ အခြေအနေတစ်ရပ်ပါ။သွေးတွင်းသကြားဓါတ်မြင့်တယ်ဆိုတဲ့နေရာမှာ အပျော့စား၊ အတန်အသင့်အနေအထားနဲ့ အပြင်းစားဆိုပြီး လက္ခဏာတွေအမျိုးမျိုးရှိနေပါတယ်။

ပုံမှန်သွေးတွင်း သကြားဓါတ်ပမာဏဆိုတာကဘာလဲ။

တစ်နေ့တာလုံးမှာ ခန္ဓါကိုယ်ရဲ့သွေးတွင်းသကြားဓါတ်ပမာဏကပြောင်းလဲနေနိုင်ပါတယ်။ ဆီးချိုရောဂါမရှိတဲ့ သာမန်လူတစ်ယောက်အနေနဲ့ မနက်အိပ်ရာထပြီးချိန်မှာသွေးတွင်းသကြားဓါတ်က ၁၀၀ mg/dl အောက်သာရှိသင့်ပါတယ်။ အစားမစားရသေးခင်မှာဆိုရင်တော့သွေးတွင်းသကြားဓါတ်က ၇၀ – ၉၉ mg/dl သာရှိသင့်ပါတယ်။ အစားတစ်ခုခုစားပြီး ၂ နာရီအကြာမှာသွေးချိုက ၁၄၀mg/dl ထက်နည်းသင့်ပါတယ်။

ဆီးချိုရှိသူတစ်ဦးမှာဆိုရင်တော့ –

  • မနက်အိပ်ရာထချိန်မှာသွေးချိုပမာဏက ၈၀ – ၁၃၀ mg/dl
  • အစားစားပြီး ၂ နာရီအကြာမှာ ၁၈၀ mg/ dlထက်နည်းရပါမယ်။

သွေးချိုမြင့်နေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ

အပျော့စားသွေးချိုမြင့်ခြင်း

တကယ်လို့ သာမန်လူတစ်ဦးဦးအနေနဲ့သွေးတွင်းသကြားဓါတ်က အရွယ်ရောက်ပြီးသူတွေမှာ ၂၀၀ ကနေ ၃၅၀ mg/dlဖြစ်နေပြီး ကလေးငယ်တွေမှာ ၂၀၀ ကနေ ၂၄၀ mg/dl အထိရှိနေမယ်ဆိုရင် အပျော့စားသွေးချိုမြင့်တဲ့ လက္ခဏာရပ်ရှိနေပြီလို့ပြောလို့ရပါတယ်။

အပျော့စားသွေးချိုမြင့်တာဖြစ်နေပြီဆိုတာကို သိရှိနိုင်မယ့် အဓိကလက္ခဏာရပ်တွေက –

  • မကြာခဏရေငတ်တာ
  • ဆီးခဏခဏသွားတာ
  • ကိုယ်အလေးချိန်ကျလာတာ
  • ပင်ပန်းနွမ်းနယ်တာ
  • အစားစားချင်စိတ်တွေများလာတာ

ဒီလိုမျိုး အပျော့စားသွေးချိုမြင့်တာကိုခံစားနေရတဲ့သူအချို့မှာ လက္ခဏာတွေကို သတိမပြုမိတာမျိုးတွေရှိပါတယ်။ ကလေးအားလုံးမှာတော့ အပေါ်မှာဖော်ပြခဲ့တဲ့ လက္ခဏာတွေအတိုင်း မဖြစ်ပါဘူး။ ကလေးငယ်တွေမှာ သွေးချိုမြင့်နေတယ်လို့ သံသယရှိနေပေမယ့် ရောဂါလက္ခဏာကို အတည်မပြုနိုင်တဲ့အခါမျိုးမှာ မိဘတွေ၊ ကလေးကိုထိန်းသိမ်းစောင့်ရှောက်သူတွေအနေနဲ့နေအိမ်မှာသွေးချိုတိုင်းစစ်ဆေး တာမျိုးလုပ်ပေးလို့ရပါတယ်။

သွေးချိုမြင့်တာကြောင့် ဆီးခဏခဏသွားတဲ့အခါ အရည်ဓါတ်ပြန်လည်ဖြည့်တင်းနိုင်စေဖို့အတွက်ရေများများပြန်သောက်မိတာမျိုးမရှိဘူးဆိုရင်ရေဓါတ်ခမ်းခြောက်တာမျိုးဖြစ်နိုင်ပါတယ်။ရေဓါတ်ခမ်းခြောက်တာက ကလေးတွေမှာပိုမြန်တတ်ပါတယ်။ရေဓါတ်ခမ်းခြောက်တဲ့ လက္ခဏာရပ်တွေကတော့ –

  • ရေငတ်ပြီး ခံတွင်းခြောက်တာ
  • ခန္ဓါကိုယ် ပူနွေးပြီး အသားအရေခြောက်တာမျိုးတွေခံစားရမှာဖြစ်ပါတယ်။

အတန်အသင့်သွေးချိုမြင့်ခြင်း

အရွယ်ရောက်ပြီးသူတွေမှာသွေးတွင်းသကြားဓါတ်ပမာဏက ၃၅၀ mg/dl အထက်မှာရှိနေမယ်ဆိုရင်တော့ သူရဲ့သွေးချိုမြင့်တက်တဲ့ အနေအထားက အတန်အသင့်သွေးချိုမြင့်တက်တာနဲ့ အပြင်းစားသွေးချိုမြင့်တက်တဲ့အနေအထားမှာရှိနေပြီလို့ဆိုရမှာဖြစ်ပါတယ်။ ကလေးငယ်တွေမှာတော့သွေးတွင်းအချိုဓါတ်ပမာဏက ၂၄၀ mg/dlဖြစ်နေမယ်ဆိုရင်ပြဿနာရှိနေပြီဆိုတဲ့ လက္ခဏာတစ်ရပ်ရပ်ဖြစ်ပါတယ်။

လက္ခဏာရပ်တွေကတော့ –

  • အမြင်အာရုံဝေဝါးတာ
  • ရေအရမ်းငတ်တာ
  • ခေါင်းထဲမှာ ရိပ်တိပ်တိပ်နဲ့မူးတာ
  • အရေပြားကခြောက်သွေ့နီမြန်းပြီး ပူစပ်ပူလောင်ဖြစ်တာ
  • အိပ်မပျော်တာ၊အိပ်ငိုက်တာ၊ အိပ်ရာထရခက်တာမျိုးတွေဖြစ်နိုင်ပါတယ်။

အမျိုးအစား ၁ ဆီးချိုရောဂါဝေဒနာရှင်တွေနဲ့ အမျိုးအစား ၂ ဆီးချိုဝေဒနာခံစားနေရသူအချို့မှာ ခန္ဓါကိုယ်က အင်ဆူလင် နည်းနည်းပဲထုတ်တာမျိုးနဲ့ အင်ဆူလင်လုံးဝမထုတ်တော့တာမျိုးတွေခံစားရနိုင်ပါတယ်။ ဒီလိုအနေအထားက –

  • အသက်ရှုမြန်တာ၊ အသက်ရှုတဲ့အခါ ရှိုက်ပြီးရှုရတာမျိုး၊
  • နှလုံးခုန်မြန်ပြီးသွေးခုန်နှုန်းနှေးနေတာ
  • ခံတွင်းနံ့ပြင်းတာ
  • အစားစားချင်စိတ်နည်းလာတာ၊ ဝမ်းဗိုက်ကြွက်သားတွေနာကျင်တာ၊အော့အန်တာ

တကယ်လို့များသွေးတွင်းသကြားဓါတ်ပမာဏက ဆက်လက်မြင့်တက်နေမယ်ဆိုရင် စိတ်ရှုပ်ထွေးတာ နဲ့ သတိလစ်တာမျိုးတွေအထိတောင်ဖြစ်နိုင်ပါတယ်။

သွေးတွင်းသကြားဓါတ်မြင့်တက်နေတယ်ဆိုတာကိုသိရှိနိုင်မယ့် အခြားလက္ခဏာရပ်တွေ

  • ကူးစက်ရောဂါပိုးဝင်တွေ ကူးစက်ခံရတာ
  • အနာဖြစ်ရင် အနာကျက်နှေးတာ
  • အရေပြားကခြောက်သွေ့ယားယံနေတာ
  • ရက်ရှည်ဝမ်းချုပ်တာ ဒါမှမဟုတ် ရက်တာရှည် ဝမ်းပျက်နေတာ
  • ပန်းသေပန်းညှိုးဖြစ်တာ
  • စိတ်ဆတ်တာ

သွေးတွင်းသကြားဓါတ်မြင့်တက်တာကို ဘယ်လိုကာကွယ်မလဲ

Hyperglycemia က ဆီးချိုဝေဒနာရဲ့နောက်ဆက်တွဲရောဂါလက္ခဏာတစ်မျိုးပါ။ ဒါကြောင့် ဆီးချိုဝေဒနာကို ထိန်းချုပ်နိုင်ဖို့အတွက်သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အနေအထားကိုကာကွယ်ပေးနိုင်မယ့် အလွယ်ကူဆုံးနည်းလမ်းက

  • တကယ်လို့သောက်သုံးနေရတဲ့ဆေးဝါးတွေရှိနေမယ်ဆိုရင်ဆေးညွှန်းအတိုင်းအတိအကျသောက်သုံးပေးပါ
  • ကယ်လ်လိုရီတွေအများကြီးမစားပါနဲ့
  • စားသောက်မှုပုံစံမှန်ရဲ့လားဆိုတာကို စစ်ဆေးပါ၊ ကာဗိုဟိုက်ဒရိတ်ပမာဏကို တွက်ချက်ပါ
  • စိတ်ဖိစီးမှုတွေကို ထိန်းချုပ်ပါ
  • လေ့ကျင့်ခန်းလုပ်ပြီး တက်တက်ကြွကြွဖြစ်အောင်နေပါ
  • ဆရာဝန်နဲ့ပြသရမယ့် ရက်တိုင်းကိုသေသေချာချာသွားပြပါ

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hyperglycemia: When Your Blood Glucose Level Goes Too High https://www.endocrineweb.com/conditions/hyperglycemia/hyperglycemia-when-your-blood-glucose-level-goes-too-high Accessed December 04, 2017

Symptoms of High Blood Sugar – Topic Overview https://www.webmd.com/diabetes/tc/symptoms-of-high-blood-sugar-topic-overview Accessed December 04, 2017

High Blood Sugar Symptoms https://www.diabetesselfmanagement.com/managing-diabetes/blood-glucose-management/high-blood-glucose/ Accessed December 04, 2017

ယခုပုံစံ

31/01/2022

Aye Thi Mon မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုသွေးချိုလူနာတွေ ဥပုသ်ဆောက်တည်တဲ့အခါ သွေးတွင်းသကြားဓာတ်ထိန်းထားနိုင်ဖို့

ဆီးချိုဆေး အမျိုးအစားများ နဲ့ အလုပ်လုပ်ပုံများ



Aye Thi Mon မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement