backup og meta

ခြေဖနောင့်ကွဲခြင်း နှင့် ဆီးချိုသွေးချိုရောဂါ


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြေဖနောင့်ကွဲခြင်း နှင့် ဆီးချိုသွေးချိုရောဂါ

    ခြေဖနောင့်ကွဲခြင်းနဲ့ဆီးချိုသွေးချို

    ဆီးချိုရှိသူတွေကဆရာဝန်နဲ့သွားတွေ့တဲ့အခါတိုင်းပထမဆုံးကြားနေရတာလေးရှိပါတယ်။ “ဖိနပ်ချွတ်ပြပါ”ဆိုတာပဲ ဖြစ်ပါတယ်။

    ဒါကိုဘာကြောင့်ပြောလဲဆိုတော့ဆီးချိုက ခြေထောက်သွေးလည်ပတ်မှုကိုထိခိုက်စေပြီး ခြေထောက်အာရုံခံစားမှုပျောက်သွားစေနိုင်လို့ဖြစ်ပါတယ်။ လူနာတွေက ရေကြည်ဖုတွေအနာတွေရှိနေတာကိုခံစားမိမှခံစားရပါလိမ့်မယ်။ အသားမာတွေနဲ့ပြည်တည်နာတွေကိုလည်းသတိမပြုမိနိုင်တဲ့အတွက်မကုသဘဲထားခဲ့ရင်ပိုးဝင်သွားနိုင်ပါတယ်။

    အခုအချိန်မှာတော့ Naterra ဆိုတဲ့အကူအညီပေးတဲ့ကုမ္ပဏီတစ်ခုပေါ်လာပါပြီ။ သိပ်မကြာခင်ကဘဲ Phase+ လို့ခေါ်တဲ့ဆီးချိုဝေဒနာရှင်တွေအတွက်သီးသန့်အရေပြားအလှကုန်တစ်ခုကိုထုတ်ခဲ့ပါတယ်။ ခြေဖဝါး လိမ်းခရင်မ်တွေ၊မျက်နှာနဲ့ကိုယ်တိုက်ဆပ်ပြာတွေကိုသဘာဝပိုးသတ်ဆေးတွေ၊ပူဆီနံအဆီနဲ့စပျစ်သီးစေ့အဆီလိုမျိုးလိုမျိုးစိုစွတ်မှုကိုထိန်းပေးတာတွေနဲ့ပြုလုပ်ထားပါတယ်။ ဒီထုတ်ကုန်တွေကအရေပြားခြောက်သွေ့ခြင်းနဲ့ခြေဖနောင့်ကွဲအက်ခြင်းတို့ကိုသက်သာစေဖို့ရည်ရွယ်ချက်နဲ့အဓိကထုတ်ထားတာပါ။ ဒီအလှကုန်တွေ လိမ်းပေးခြင်းဖြင့်အရေပြားခြောက်တွေကိုဖယ်ရှားပေးပြီးဆီးချိုကြောင့်အရေပြားထူထဲခြင်းကိုလည်းကာကွယ်ပေးပါတယ်။Natterra ကထုတ်ကုန်မဟုတ်ရင်တောင်တခြားစိုစွတ်မှုထိန်းတဲ့လိုးရှင်းတွေနဲ့လည်းအဆင်ပြေပါတယ်။

    ကံမကောင်းစွာနဲ့ပဲ ခြေဖနောင့်ကွဲအက်တာနဲ့အရေပြားခြောက်သွေ့တာတွေကပဲဆီးချိုရဲ့ဆိုးကျိုးတွေမဟုတ်သေးပါဘူး။ အခြားသော ဆိုးကျိုးများအတွက်လည်း နည်းလမ်းကောင်းတွေ ဖော်ပြပေးထားပါသေးတယ်။

    သင့်ကိုယ်သင် ရှန်ပူနဲ့နှိပ်နယ်ပေးပါ။

    ဆီးချိုက သွေးလည်ပတ်မှုစနစ်တစ်ခုလုံးကိုဆိုးရွားစေပါတယ်။ ဒါ့အပြင်ဦးရေပြားမှာပါဆံပင်ပါးကုန်ပြီးမွဲခြောက်ခြောက်ဖြစ်စေပါတယ်။ဦးရည်ပြားသွေးလှည့်ပတ်မှုနဲ့ဆံပင်ကျွတ်ခြင်းကိုပြန်ကုသဖို့က ခေါင်းမလျှော်ခင်သင့်ဦးရေပြားကိုရို့စ်မယ်ရီနဲ့ယူကလစ်ဆီပါတဲ့ခေါင်းလိမ့်ဆီနဲ့မိနစ်အနည်းငယ်ပွတ်ပေးပါ။

    သွားသန့်ရှင်းရေးကိုလည်းမမေ့ပါနဲ့။

    ဆီးချိုကဝင်ရောက်လာသော ဘက်တီးရီးယားများကိုသင်ခန္ဓါကိုယ်မှပြန်လည်တိုက်ခိုက်နိုင်စွမ်း အားလျော့စေပါတယ်။ ဒါကဆိုးရွားတဲ့ကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်စေတယ်လို့ Pankaj P. Singh ကပြောပါတယ်။ သူကသွားတွေကိုတစ်နှစ်နှစ်ခါဆေးပေးသင့်ကြောင့်သွားဆေးတာကိုလည်းမနက်ပိုင်းသွားလုပ်သင့်ကြောင်းအကြံပြုပါတယ်။ အကြောင်းကဒီလိုသွားဆေးဖို့ဆရာဝန်နဲ့တွေ့ဆုံခြင်းက သင့်ကို စိတ်လှုပ်ရှားစေလို့ သွေးတွင်းသကြားဓါတ်ကိုမြင့်တက်စေတဲ့အတွက်မနက်ဘက်မနက်စာစားပြီးကလူးကိုစ့်ကျစေတဲ့ ဆေးသောက်ပြီးမှလုပ်သင့်ပါတယ်လို့ရှင်းပြပါတယ်။

    သင့်ရဲ့အလှကုန်တွေကိုစစ်ဆေးပါ။

    အမျိုးသမီးကျန်းမာရေးဆေးရုံရဲ့ လေ့လာမှုအရသူတို့တွေကသင့်ဆီးချိုကိုပိုဆိုးလာနိုင်စေတာတွေလည်းဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရ phthalates ဆိုတဲ့ဓါတု ပစ္စည်းပါတဲ့လက်သည်းဆိုးဆေး၊ဆံပင်ဖြန်းဆေး၊ဆပ်ပြာနဲ့တချို့ရေမွှေးတွေကသွေးတွင်းသကြားဓါတ်မြင့်ခြင်းနဲ့အင်ဆူလင်ဆေးမတိုးခြင်းတို့ဖြစ်စေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement