backup og meta

ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ-မျက်စိအတွင်းတိမ်

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ-မျက်စိအတွင်းတိမ်

    ဆီးချိုကြောင့်ဖြစ်သောမျက်စိနောက်ဆက်တွဲပြဿနာများ

    မျက်စိအတွင်းတိမ် (Cataract)

    အတွင်းတိမ်(Cataract)ဟာဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံနဲ့သက်ဆိုင်တဲ့ နောက်ဆက်တွဲပြသနာတခုဖြစ်ပြီးအမြက်အာရုံကိုမကြည်မလင် ေဝဝါးခြင်း ဖြစ်စေပါတယ်။ နှစ်စဉ်ပြုရမယ့်ဆီးချိုအတွက် စစ်ဆေးမှုတွေမှာပုံမှန်မျက်စိစစ်ဆေးခြင်းလည်း ပါဝင်ပြီး မျက်လုံးတိမ်ရှိမရှိစောလျင်စွာသိရှိခြင်းဟာသင့်ရဲ့ကျန်းမာရေးစောင့်ရှောက်တဲ့အဖွဲ့အတွက် အထောက်အကူပြုပါတယ်။

    အတွင်းတိမ်ဆိုတာဘာလဲ

    အတွင်းတိမ်ဆိုတာ မျက်လုံးရဲ့ မှန်ဘီလူးမှာတိမ်သဖွယ် အုပ်ဆိုင်းနေခြင်းပဲဖြစ်ပြီးအမြင်အာရုံကို ချို့ယွင်းစေပါတယ်။ ဆီးချိုနဲ့ဆက်စပ်နေတဲ့ မျက်လုံးတိမ်ဟာဂလူးကို့စ်အရည်တမျိုးအဆမတန် မြင့်တက်လာခြင်းကြောင့် မှန်ဘီလူးမှာစုပုံပြီး ဖြစ်ပွားတတ်ပါတယ်။ တိမ်တခုဟာ သင့်အမြင်အာရုံကို နှောက်ယှက်စပြုလာပြီဆိုရင် ခွဲစိတ်မှုခံယူပြီး ပြသနာရှိနေတဲ့ မှန်ဘီလူးနေရာမှာ အခြားမှန်ဘီလူးတခု အစားထိုးဖို့ လိုပါတယ်။

    ဘယ်သူတွေ ဒီပြဿနာဖြစ်နိုင်သလဲ

    ဘယ်သူမဆိုအတွင်းတိမ်ရောဂါဖြစ်နိုင်တယ်ဆိုသော်လည်းသင့်အနေနဲ့ ဆီးချိုရှိနေရင် တခြားဆီးချိုမရှိသူတွေနဲ့ စာရင် မျက်စိပြဿနာကိုငယ်ငယ်ရွယ်ရွယ်မှာတွေ့လာရတတ်ပါတယ်။

    ဆီးချိုအပြင် တချို့အရာတွေဟာလည်းအတွင်းတိမ်ရောဂါကို မြန်မြန်ဆန်ဆန်ဖြစ်စေနိုင်ပါတယ်။ အဲဒါတွေကတော့- .

    အိုမင်းခြင်းဟာတိမ်ဖြစ်စေတဲ့ အဓိကအကြောင်းဖြစ်ပေမယ့် တိမ်ရှိဖို့အတွက်တော့ စီနီယာမကျသင့်ပါဘူး။ တကယ်တော့ လူအများမှာလေးဆယ်ကျော် ငါးဆယ်အရွယ်တွေမှာအရွယ်ကြောင့်ဖြစ်လာတဲ့တိမ် ဖြစ်ပါားလာတတ်ပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်းမှာတိမ်အများစုဟာသေးငယ်ပြီးအမြင်အာရုံကိုမထိခိုက်ပါဘူး။ ခြောက်ဆယ်ကျော်လာရင်တော့ တိမ်ကြောင့် အမြင်ချို့ယွင်းပါပြီ။

    မျက်လုံးအတွင်းတိမ်လက္ခဏာတွေဟာဘာတွေလဲ

    တိမ်အများစုဟာတဖြည်းဖြည်းကြီးထွားလာပြီးအစပိုင်းမှာတော့ အမြင်အာရုံကိုအနှောက်အယှက် မပေးပါဘူး။ ဒါပေမယ့် ကြာလာတာနဲ့အမျှ မြင်ကွင်းကိုထိခိုက်လာစေပါတယ်။

    တိမ်တခုကြောင့် သင့်ရဲ့အမြင်အာရုံေဝဝါးလာခြင်းဟာ မျက်လုံးမှန်ဘီလူးရဲ့ အစိတ်အပိုင်းအနည်းငယ်ကိုပဲထိခိုက်စေပြီးအမြင်အာရုံကွယ်လာတာကိုသတိမထားမိသေးပါဘူး။ တိမ်ဟာဆက်လက်ကြီးထွားပြီးမှန်ဘီလူးကိုပိုဖုံးလာတဲ့နောက် မှန်ဘီလူးကို ဖြတ်သွားရတဲ့ အလင်းတန်းကိုလွဲချော်စေပါတယ်။ ဒီလိုဖြစ်ခြင်းကြောင့် သင်ဟာရောဂါလက္ခဏာတွေကိုပိုပြီးသတိထားမိလာပါတယ်။

    အတွင်းတိမ်ရောဂါရဲ့ အဓိကလက္ခဏာတွေကတော့-

    • အမြင်ေဝဝါးခြင်း
    • မြင်ကွင်းမကြည်လင်ခြင်း
    • အမြင်အာရုံတွင် အစက်အပြောက်များပေါ်နေခြင်း
    • တောက်ပသောအလင်းရောင်ကြောင့် မျက်စိကြိမ်းတတ်ခြင်း
    • အလင်းရောင်တဝိုက်တွင် အရောင်စက်ဝိုင်းမြင်ရခြင်း
    • မြင်ကွင်းအရောင်ဝါလာခြင်း စတာတွေ ဖြစ်ပါတယ်။

    ဘာကြောင့် အတွင်းတိမ်ဖြစ်တတ်သလဲ

    မျက်စိရဲ့မှန်ဘီလူးဟာ မျက်ဝန်း(iris)နဲ့ သူငယ်အိမ်ကြားမှာရှိပါတယ်။ သူဟာကင်မရာတလုံးရဲ့ မှန်ဘီလူးလိုပဲအလုပ်လုပ်ပါတယ်။ အလင်းတန်းတွေကိုမျက်လုံးနောက်ဖက်ကအမြင်လွှာပေါ်မှာစုဆုံစေပြီးပုံရိပ်ကိုမှတ်သားပါတယ်။ မှန်ဘီလူးဟာမျက်လုံးကို နီးနီးဝေးဝေး ပြတ်သားစွာမြင်နိုင်အောင် ချိန်ပေးပါတယ်။ မှန်ဘီလူးကိုအများအားဖြင့် ရေ၊ ပရိုတင်းနဲ့ ဖွဲ့စည်းထားပါတယ်။ ပရိုတိန်းဟာမှန်ဘီလူးကို ကြည်လင်နေစေပြီး အလင်းကောင်းစွာဖြတ်သွားနိုင်အောင် တိကျတဲ့ပုံစံနဲ့ စီစဉ်ထားပါတယ်။

    ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ ပရိုတိန်းဟာ ပုံပျက်စုဝေးလာပြီး မှန်ဘီလူးကိုအနည်းငယ်ဖုံးစ ပြုလာပါတယ်။ ဒါဟာတိမ်ဖြစ်လာတာပါပါ။ တဖြည်းဖြည်းနဲ့ တိမ်ဟာကြီးထွားလာပြီးမှန်ဘီလူးကိုပိုမိုဖုံးအုပ်လာတဲ့အခါ မြင်ရခက်လာပါတယ်။

    အသက်အရွယ်ဟာအကြောင်းရင်းတခုဖြစ်ပြီးတခြားအကြောင်းတွေကတော့-

  • ဆီးချိုရှိခြင်း
  • ဆေးလိပ်သောက်ခြင်း
  • မိသားစုတွင်းအတွင်းတိမ်ရောဂါသည်ရှိခြင်း
  • စတီးရွိုက်ဆေးများ(Corticosteriod)ကြာမြင့်စွာသောက်သုံးခြင်း
  • ဒီရောဂါကို ဆရာဝန်ကဘယ်လိုအတည်ပြုသလဲ

    ဆရာဝန်အနေနဲ့ ပြည့်စုံတဲ့မျက်စိစစ်ဆေးမှုတွေ ပြုလုပ်ခြင်းမှတဆင့် ရောဂါအမည်တပ်ပါတယ်။

    • အမြင်ပြတ်သားမှုစစ်ဆေးခြင်း။ စာရုပ်ပုံတွေကို အကွာအဝေးမျိုးစုံကနေ ဘယ်လိုမြင်လဲဆိုတာ စစ်ဆေးပါတယ်။
    • မျက်လုံးအိမ်ချဲ့ထွင်စစ်ဆေးခြင်း။ သူငယ်အိမ်ကျယ်လာအောင် မျက်စဉ်းခပ်ပါတယ်။ အဲဒီနောက် အထူးမှန်ဘီလူးနဲ့ အမြင်လွှာ၊ မျက်စိအာရုံကြောတွေမှာ ထိခိုက်မှုနဲ့ ပြသနာတွေ ရှိမရှိ ကြည့်ပါတယ်။ ဒီစစ်ဆေးမှုပြီးရင် နာရီတော်တော်ကြာကြာ အနီးမြင်ဝါးနေတတ်ပါတယ်။
    • မျက်စိရေချိန်တိုင်းခြင်း။ မျက်လုံးထဲကို ထုံဆေးအရင်ခပ်ပြီး ကိရိယာတမျိုးနဲ့ မျက်လုံးရဲ့ ရေချိန်ဖိအားကို တိုင်းတာပါတယ်။

    သင့်ရဲ့ဆရာဝန်ဟာ သင့်မျက်လုံးရဲ့ တည်ဆောက်ပုံနဲ့ ကျန်းမာရေးအခြေအနေကိုပိုသိရအောင် စစ်ဆေးနိုင်ပါသေးတယ်။

    အရေးကြီးတာကတော့ သင့်မျက်လုံးရဲ့ရေချိန်ကိုမှန်မှန်စမ်းနေဖို့ပါပဲ။ ပြန်မကောင်းနိုင်တဲ့ မျက်စိထိခိုက်မှုကြုံမယ်ဆိုရင် ဘာလက္ခဏာမှ ပေါ်မလာခင် စမ်းသင့်ပါတယ်။

    တိမ်ရောဂါအတွက် ကုသမှုတွေကဘာတွေဖြစ်သလဲ

    သိပ်မပြင်းတဲ့ တိမ်ရောဂါတွေအတွက်တော့ နေကာမျက်မှန်ကိုအခါအားလျော်စွာတပ်ဆင်ခြင်းနဲ့ အရောင်စူးစူးတွေကိုကာကွယ်တဲ့ မျက်မှန်ကိုသုံးဖို့ပါပဲ။ အမြင်ကိုအရမ်းအနှောင့်အယှက်ဖြစ်နေတဲ့ တိမ်အတွက်ကိုတော့ ဆရာဝန်အနေနဲ့ ဖယ်ထုတ်ပါတယ်။ တခါတရံမှာ မျက်စိမှန်ဘီလူး အစားထိုးပါတယ်။ ဆီးချိုရှိသူတွေမှာ မှနန်ဘီလူးဖယ်ထုတ်ပြီးနောက် သူငယ်အိမ်ပျက်စီးတာ ပိုဆိုးလာပြီးရေတိမ်ရောဂါ စလာတတ်ပါတယ်။

    ပုံမှန်အားဖြင့် အတွင်းတိမ်ခွဲစိတ်မှုဟာဘေးကင်းတတ်ပါတယ်။ တဦးတယောက်ချင်းစီပေါ်လည်းမူတည်ပါတယ်။ နေ့ပိုင်းတွေမှာခွဲနိုင်ပြီးထုံဆေးခပ်တာဟာအနေရခက်ဆုံးအပိုင်းပါပဲ။

    အတွင်းတိမ်ကိုဘယ်လိုကုနိုင်လဲ

    မိမိဖာသာဂရုစိုက်ခြင်းဟာ ခဏတာ အထောက်အကူပြုပေမယ့် တိမ်ကြီးထွားလာရင် အမြင်ကွယ် လာနိုင်ပါတယ်။ နေ့စဉ်ပြုလုပ်နေကျ ကိစ္စတွေကိုထိခိုက်လာရင်တော့ တိမ်ကိုခွဲထုတ်ဖို့ စဉ်းစားသင့်ပါတယ်။

    အကြောင်းရင်းကိုသေချာမသိနိုင်သေးပေမယ့် ဆီးုရှိသူများရဲ့ ၆၀ရာခိုင်နှုန်းဟာ တိမ်ရောဂါ ဖြစ်တတ်ပါတယ်။ ဆီးချိုရဲ့ အဖြစ်များဆုံး ပြသနာတွေနဲ့အတူသွေးတွင်းသကြားဓါတ်ကိုထိန်းချုပ်ခြင်းအားဖြင့် ဖြစ်ပါးနိုင်ခြေကိုလျှော့ချနိုင်ပါတယ်။

    ဒါ့အပြင် သုတေသနတွေအရ HbA1C ၁ ရာခိုင်နှုန်းနည်းသူအမျိုးအစား (၂) ဆီးချိုသည်တွေဟာအတွင်းတိမ်ဖြစ်ပွားနှုန်း ၁၉ ရာခိုင်နှုန်းပိုနည်းပါတယ်။

    အောက်ပါအချက်များကတော့ သင့်အတွက် အကြံပြုချက်တွေပါပဲ။

    • မျက်စိစစ်ဆေးမှု ပုံမှန်ခံယူပါ။ မျက်စိစစ်ဆေးခြင်းကြောင့် အတွင်းတိမ်န ဲ့ တခြားပြဿနာတွေ ရှိတာကို အချိန်စောပြီးသိနိုင်ပါတယ်။
    • ဆေးလိပ်ဖြတ်ပါ။
    • အရက်လျှော့သောက်ပါ။
    • နေကာမျက်မှန်တပ်ပါ။ နေကလာတဲ့ ခရမ်းလွန်ရောင်ခြည်ဟာတိမ်ကို ကြီးထွားလာစေပါတယ်။ အပြင်ထွက်တဲ့အခါ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နေကာမျက်မှန် တပ်ပါ။
    • ကိုယ်အလေးချိန်ထိန်းပါ။ လက်ရှိမှာကျန်းမာတဲ့ ကိုယ်အလေးချိန်ရှိရင် ထိန်းထားနိုင်အောင် လေ့ကျင့်ခန်းလုပ်ပါ။ အဝလွန်မလာအောင် အဆီဓါတ်လျှော့စားပြီး ကိုယ်လက်လေ့ကျင့်ခန်းကို ပိုမိုလုပ်ဆောင်ပါ။
    • အသီးအရွက်များများပါတဲ့ ကျန်းမာရေးကောင်းစေတဲ့ အစားအသောက်များရွေးချယ်စားသုံးပါ။ ဗီတာမင်နဲ့ အာဟာရဓါတ်တွေ များများရအောင် အရောင်အသွေးစုံတဲ့ အသီးအရွက်တွေ စားပါ။ အသီးအရွက်တွေမှာဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တာမို့ သင့်မျက်လုံးကျန်းမာရေးကိုကောင်းစွာအထောက်အကူ ပြုပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဓါတ်တိုးဆန့်ကျင်ပစ္စည်းသောက်ဆေးပုံစံတွေဟာ တိမ်ကိုကာကွယ်ကြောင်း မဖော်ပြပါဘူး။ ဒါပေမယ့် လူအများစုအပေါ်လေ့လာထားချက်အရ ဗီတာမင်နဲ့ ဓါတ်ဆားများပါဝင်တဲ့ အစားအစာများဟာအတွင်းတိမ်ဖြစ်ပွားမှု လျော့နည်းစေခြင်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ညွှန်ပြနေပါတယ်။ အသီးအရွက်များဟာကျန်းမာရေးအတွက် အကျိုးကျေးဇူးအလွန်များပြီး အစားအသောက်ထဲမှာ ဗီတာမင်နဲ့ ဓါတ်ဆားတွေ များများပါဝင်စေဖို့ ဘေးကင်းတဲ့နည်းလမ်းတစ်မျိုးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement