home

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

ကျန်းမာရေးဗဟုသုတ

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးတာက လည်ချောင်း နဲ့ အဆုတ်ထဲကို ရောက်ရှိလာတဲ့ ပြင်ပက ပစ္စည်းတွေကို ခန္ဓာကိုယ်က ပြင်ပကို ပြန်လည် ထုတ်လွှတ်တဲ့ ဇီဝဖြစ်စဉ် တစ်ရပ်ပါ။ ဖုန်မှုန့်တွေ ရှူရှိုက်မိတဲ့အခါ ချောင်းဆိုးတာက အဆုတ်ထဲကို ရောက်လာတဲ့ ဖုန်မှုန့်တွေကို ခန္ဓာကိုယ် ပြင်ပကို ပြန်လည် စွန့်ထုတ်တာပါ။ ချောင်းဆိုးတာက နေ့စဉ် ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာ တစ်ခုပေါ့။ ချောင်းဆိုးတဲ့ ဆိုတဲ့ နေရာမှာ ချွဲ၊ သလိပ်ပါတဲ့ ချောင်း အစို ဆိုးတာနဲ့ ချွဲ၊ သလိပ်တွေ လုံးဝ မပါတဲ့ ချောင်းခြောက် ဆိုးတာ ဆိုပြီးပါ။ ချောင်း အစိုဆိုးတာက သိပ်မစိုးရိမ် ရပေမယ့် ကိုဗစ် ဖြစ်ပြီးတဲ့နောက်မှာတော့ ချောင်းခြောက်ဆိုးတာက စိုးရိမ်စရာ ကျန်းမာရေး အခြေအနေ တစ်ရပ်ဖြစ်လာခဲ့ပါတယ်။ ချောင်းခြောက် ဆိုးတာက […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

အဆုတ်ကို ဓာတ်မှန်ရိုက်လိုက်လို့ granuloma အကျိတ်ရှိတယ်လို့ ပြောတဲ့အခါ ကင်ဆာကျိတ်များလားဆိုပြီး လန့်သွားတတ်ပါတယ်။ အကျိတ်လို့ ပြောလိုက်တာကိုး။ အကျိတ်လို့ ဆိုတိုင်း အခါခပ်သိမ်း ကင်ဆာကျိတ်တော့ မဟုတ်ပါဘူး။ ဒါဆိုရင် ဒါက ဘယ်လိုအကျိတ်အမျိုးအစားလဲဆိုတာ ရှင်းပြပေးပါ့မယ်။ Granuloma အကျိတ်ဆိုတာ ခန္ဓာကိုယ်ရဲ့ တစ်နေရာရာမှာ ပိုးဝင်တာ၊ ရောင်ရမ်းတာတွေ ဖြစ်တဲ့အခါ ခုခံအားဆဲလ်တွေက ဝိုင်းပြီး ငုံလိုက်ပါတယ်။ ဒီတော့ အကျိတ်လို လုံးလုံးလေး ဖြစ်သွားတာပေါ့။ စစချင်းမှာတော့ အကျိတ်က ခပ်ပျော့ပျော့ပါပဲ။ နောက်ပိုင်းကျရင်တော့ ကယ်ဆီယမ်တွေ ဝင်ပြီး တဖြည်းဖြည်း မာသွားပါတယ်။ ဒါကြောင့် ရင်ဘတ်ဓာတ်မှန်ရိုက်တဲ့အခါ အဖြူလုံးလေး တွေ့ရတာပါ။ အရေပြား၊ ပြန်ရည်ကျိတ်နဲ့ အဆုတ်မှာ ဖြစ်လေ့ရှိပါတယ်။ အဆုတ်မှာတော့ အတွေ့ရများပါတယ်။ ရုတ်တရက် အကျိတ်တွေ့လိုက်တဲ့အခါ လန့်သွားနိုင်ပေမယ့် ကင်ဆာမဟုတ်တဲ့အတွက် စိုးရိမ်စရာ မရှိပါဘူး။ Granuloma အကျိတ်ရဲ့ လက္ခဏာများ Granuloma သက်သက်ကတော့ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

အအေးမိခြင်း ဆိုတာ နှစ်တိုင်းဖြစ်နေကြ ကျန်းမာရေး ပြဿနာတစ်ခုပါ။ တစ်နှစ်ပတ်လုံး ဖြစ်နိုင်ပေမယ့် မိုးတွင်းနဲ့ ဆောင်းတွင်းမှာ အဖြစ်များပါတယ်။ အအေးမိတာက စိုးရိမ်စရာကောင်းလောက်အောင် ပြင်းထန်တဲ့ ရောဂါ မဟုတ်ပေမယ့် နေလို့မကောင်းဘဲ အလုပ်ပျက်၊ ကျောင်းပျက်ဖြစ်ရလို့ စိတ်ရှုပ်စရာကောင်းပါတယ်။ လူကြီးတစ်ယောက်က တစ်နှစ်ကို ၂ခေါက်၊ ၃ခေါက်လောက် အအေးမိတတ်ပါတယ်။ ကလေးဆို ဒီထက်တောင် ပိုများပါတယ်။ အအေးမိဖျားနာဆိုတာ အအေးမိဖျားနာက ဗိုင်းရပ်စ်ပိုးကြောင့် အဓိက ဖြစ်ပါတယ်။ နာမည်အကြီးဆုံးကတော့ Rhinovirus အမျိုးအစားပါပဲ။ ဒီဗိုင်းရပ်စ်က ခန္ဓာကိုယ်ထဲကို နှာခေါင်း၊ ပါးစပ်၊ မျက်လုံးကနေ တဆင့် ဝင်လာပြီး အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ပြဿနာဖြစ်စေပါတယ်။ ပိုးရှိတဲ့ တစ်ယောက်ယောက်က နှာချေ၊ ချောင်းဆိုးလိုက်မယ်ဆိုရင် ထွက်လာတဲ့ အမှုန်အမွှားတွေကို အနားက လူက ရှူမိပြီး ကူးစက်နိုင်ပါတယ်။ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းကို […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

တီဘီရောဂါဟာ ကူးစက်မြန်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အဆုတ်ကစလို့ တစ်ကိုယ်လုံးမှာ တီဘီဖြစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီး အဖြစ်များပါတယ်။ မြန်မာနိုင်ငံမှာလည်း အဆုတ်တီဘီရောဂါဟာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်တဲ့အတွက် အမျိုးသားကျန်းမာရေး ပြဿနာအဖြစ် သတ်မှတ်ပြီး ထိထိရောက်ရောက် ကိုင်တွယ်နေကြပါတယ်။ အဆုတ်တီဘီရောဂါ ဘာကြောင့် ဖြစ်တာလဲ။ တီဘီရောဂါဟာ Mycobacterium tuberculosisလို့ ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။ တစ်ယောက်ကနေ တစ်ယောက်စီကို လေထဲကတဆင့် ကူးစက်နိုင်ပါတယ်။ တီဘီပိုးရှိတဲ့လူတစ်ယောက်က စကားပြောမယ်၊ ချောင်းဆိုးမယ်၊ နှာချေမယ်၊ သီချင်းဆိုမယ်ဆိုရင် ဘက်တီးရီးယားက လေထဲကို ပြန့်လာမှာပါ။ ပြီးရင် လေထဲမှာ အချိန်တစ်ခုထိအောင် ရှိနေတဲ့အတွက် ရှူမိတဲ့သူက ပိုးကူးစက်ခံရမှာပါ။ ဒါပေမယ့် တီဘီက လက်ဆွဲနှုတ်ဆက်တာ အစားအသောက်တွေ မျှဝေစားသောက်တာ အိပ်ရာ၊ အိမ်သာ အတူသုံးတာ သွားပွတ်တံ အတူသုံးတာ နမ်းရှုံ့ရာကနေတော့ မကူးစက်နိုင်ပါဘူးတဲ့။ လူတစ်ယောက်က […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

အဆုတ်သွေးကြော သွေးခဲပိတ်ခြင်းဆိုတာ ခြေထောက် သွေးပြန်ကြော ဒါမှမဟုတ် တခြားနေရာက သွေးပြန်ကြောတစ်ခုခုမှာ သွေးခဲလေး ပိတ်နေပြီး ဒီသွေးခဲလေးက ပဲ့ထွက်လာခဲ့ရင် သွေးကြောအတိုင်း အဆုတ်ကို ရောက်လာပြီး အဆုတ်သွေးလွှတ်ကြောမှာ သွားပိတ်တတ်ပါတယ်။ ဒီလို ပိတ်တဲ့အတွက် အဆုတ်ကို သွေးရောက်တာနည်းပြီး အောက်စီဂျင်ကျလာပါတယ်။ သွေးပိုရအောင် အဆုတ်သွေးကြောတွေက ဖိညှစ်ရတဲ့ အတွက် သိပ်မကြာခင်မှာ အဆုတ်သွေးကြောမှာ ဖိအားတွေ များလာပါတယ်။ အဆုတ်သွေးကြော သွေးခဲပိတ်တာက အန္တရာယ်ရှိတဲ့ အခြေအနေဖြစ်ပြီး အချိန်မီ မကုသနိုင်ရင် အသက်ဆုံးရှုံးတတ်ပါတယ်။ ဘာကြောင့် အဆုတ်သွေးကြော သွေးခဲပိတ်ရတာလဲ။ အဓိကကတော့ ခြေထောက်မှာရှိတဲ့ သွေးပြန်ကြောကနေ သွေးခဲတာက စတာပါ။ deep vein thrombosis (DVT) လို့ ခေါ်ပါတယ်။ ဒီသွေးခဲကနေ အစိတ်အပိုင်းလေး ပြုတ်ထွက်ပြီး အဆုတ်သွေးကြောမှာ လာဆို့တာကြောင့်ပါ။ များသောအားဖြင့် အဆုတ်သွေးကြော တစ်ချောင်းမက ပိတ်ထာကို တွေ့ရတတ်ပါတယ်။ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

တုပ်ကွေးရောဂါ ဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ရောဂါပါ။ ရာသီတုပ်ကွေးဆို နှစ်တိုင်းကို ဖြစ်ပါတယ်။ ဖြစ်တဲ့အခါမှာ အများစုက မပြင်းထန်ဘဲ အလွယ်တကူပျောက်ကင်းပေမယ့် တချို့သူတွေမှာဆိုရင်တော့ အသက်ဆုံးရှုံးတဲ့အထိ ပြင်းထန်ပါတယ်။ တုပ်ကွေးနဲ့ ပတ်သက်ပြီး ဘာတွေသိထားသင့်သလဲဆိုတာ မျှဝေပေးပါ့မယ်။ တုပ်ကွေးရောဂါ ဖြစ်စေတဲ့ အကြောင်းရင်းများ တုပ်ကွေးက တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရလို့ ဖြစ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ် အေ၊ ဘီ၊ စီ၊ ဒီဆိုပြီး ၄မျိုးရှိတဲ့အထဲက အေနဲ့ ဘီအုပ်စုက နှစ်စဉ် ရာသီတုပ်ကွေး ဖြစ်စေတဲ့ အမျိုးအစား ဖြစ်ပါတယ်။ တုပ်ကွေးမှာ ကမ္ဘာ့မြောက်ခြမ်း တုပ်ကွေး (Northern hemisphere flu)နဲ့ ကမ္ဘာ့တောင်ခြမ်း တုပ်ကွေး (Southern hemisphere flu)ဆိုပြီး ရှိပါတယ်။ မြောက်ခြမ်းတုပ်ကွေးက ၁၂လပိုင်းကနေ ၅လပိုင်းမှာ ဖြစ်တတ်ပါတယ်။ ဆောင်းတုပ်ကွေးပေါ့။ တောင်ခြမ်းတုပ်ကွေးကတော့ ၆လပိုင်းကနေ ၁၀လပိုင်းအထိ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

လေပြွန်များ ပျက်စီးခြင်း ဆိုတာ ဘာလဲ။ အသက်ရှူလိုက်တယ်ဆိုရင် လေတွေက လေပြွန်တွေဖြတ်ပြီး အဆုတ်ထဲကို ရောက်လာပါတယ်။ လေပြွန်တွေ ပျက်စီးခြင်း ဆိုတာကတော့ လေပြွန်ရဲ့ နံရံတွေ ပြုပြင်မရအောင် ပျက်စီးပြီး ထူထဲလာတာပဲ ဖြစ်ပါတယ်။ ဒီလို ထူလာတာနဲ့အမျှ လေပြွန်ထဲက အချွဲတွေကို ကောင်းကောင်း မဖယ်ရှားနိုင်တော့တဲ့အတွက် တဖြည်းဖြည်းစုပုံလာပြီး ပိုးမွှားတွေ ပေါက်ဖွားလာပါတယ်။ ပိုးမွှားတွေ ပေါက်တဲ့အတွက် လေပြွန်တွေ ရောင်ရမ်းတယ်။ ကျဉ်းလာတယ်။ ကျဉ်းလာတဲ့အတွက် အချွဲတွေ ပြည့်လာတယ်။ ပိုးတွေ ထပ်ပေါက်တယ်။ ဒီလိုနဲ့ သံသရာလည်ပြီး နောက်ဆုံးမှာ လေပြွန်များ ပျက်စီးပြီး အဆုတ်စွမ်းဆောင်ရည်ပါ ကျလာပါတယ်။ ဒီလို ပျက်စီးတာက လေပြွန်တစ်ခု၊ နှစ်ခုပဲ ဖြစ်နိုင်သလို လေပြွန်အများကြီးလည်း ဖြစ်နိုင်ပါတယ်။ ပျက်စီးတဲ့ လေပြွန်များလေလေ ရောဂါက ပိုပြင်းထန်လေလေပါပဲ။ ဘာကြောင့် လေပြွန်များ ပျက်စီးခြင်း […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

ပန်းနာရင်ကြပ်ရောဂါ က မြန်မာနိုင်ငံရဲ့ အဖြစ်အများဆုံး အသက်ရှူလမ်းကြောင်းရောဂါတွေထဲမှာ နံပါတ် ၆ချိတ်ပါတယ်။ မျိုးရိုးလည်း လိုက်တတ်တာကြောင့် အဖြစ်များတဲ့ရောဂါ တစ်မျိုး ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်နဲ့ ပတ်သက်ပြီး ဘယ်လိုအချက်အလက်တွေက သိထားသင့်သလဲဆိုတာ မျှဝေပေးလိုပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ဆိုတာ ပန်းနာရင်ကျပ်ဆိုတာ လေပြွန်တွေ ရောင်ရမ်းတဲ့ရောဂါပါ။ လေပြွန်တွေ ရောင်ရမ်းတဲ့အတွက်ကြောင့် ကျဉ်းမြောင်းလာပြီး ချွဲတွေနဲ့ ပြည့်လာတာကြောင့် အသက်ရှူရကြပ်လာပြီး တရွှီရွှီနဲ့ မောလာပါတယ်။ နာတာရှည်ရောဂါဖြစ်ပြီး အမြစ်ပြတ်ကုသဖို့ မလွယ်ပါဘူး။ ဒါပေမယ့် ဆောင်ရန် ရှောင်ရန်တွေကို လိုက်နာရင်တော့ လူကောင်းအတိုင်း နေသွားနိုင်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါ ဘာကြောင့်ဖြစ်တာလဲ။ ပန်းနာရင်ကြပ် ဘာကြောင့် ဖြစ်တာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ မျိုးဗီဇနဲ့ ပတ်ဝန်းကျင်က အချက်အလက်တွေကြောင့်လို့ပဲ ယူဆထားကြပါတယ်။ ဒါပေမယ့် ပန်းနာရင်ကြပ်သမားတွေမှာ ရင်ကြပ်ထစေတဲ့ ပစ္စည်းလေးတွေ ရှိပါတယ်။ ဒါကို triggersလို့ ခေါ်ပါတယ်။ ဥပမာ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

ပန်းနာရင်ကြပ်ရောဂါကို ကုသတာက တခြားရောဂါတွေနဲ့ သိပ်မတူပါဘူး။ လူနာတစ်ယောက်နဲ့ တစ်ယောက် ခံစားရတာခြင်း မတူတာရော၊ တစ်ယောက်တည်းမှာတောင် တစ်ခေါက်နဲ့ တစ်ခေါက် ပြင်းထန်ပုံခြင်း မတူတာကြောင့် ကုသမှုကို လက္ခဏာအလိုက် စနစ်တကျ သတ်မှတ်ထားပါတယ်။ ဒါကို Stepwise managementလို့ ခေါ်ပါတယ်။ လက္ခဏာပေါ်၊ ပြင်းထန်မှုပေါ်လိုက်ပြီး အတိုးအလျော့ လုပ်ပြီး ကုသတာပါ။  ပန်းနာရင်ကြပ်နဲ့ ပတ်သက်ပြီး guidelinesတွေ အများကြီးရှိပါတယ်။ တစ်ခုနဲ့ တစ်ခု အနည်းငယ်ဆီကွဲပြားပေမယ့် အခြေခံအချက်တွေကတော့ အတူတူပဲ ဖြစ်ပါတယ်။ ခုမှီငြမ်းထားတာကတော့ ၂၀၁၆က ထွက်ထားတဲ့ American Family Physician guidelines ပဲ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ် ပြင်းထန်ပုံ အဆင့်ဆင့် ကုသနည်းတွေကို မပြောခင် ပြင်းထန်ပုံအဆင့်ဆင့်ကို အရင်သိထားရပါမယ်။ ရောဂါအဆင့်ကို လိုက်ပြီး ကုသမှုတွေ ပေးရတာကြောင့်ပါ။ မွေးစက ၄နှစ်၊ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

နာတာရှည် လေပြွန်ရောင်ရမ်းခြင်းဆိုတာ နာတာရှည် လေပြွန်ကျဉ်းရောဂါ (COPD)ရဲ့ ရောဂါအခွဲတစ်ခုပါပဲ။ ဆေးလိပ်သောက်တဲ့သူတွေမှာ အဖြစ်များပါတယ်။ အဆုတ်အားနည်းနေတာကြောင့် မကြာခဏလည်း ပိုးဝင်လွယ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် တစ်ချက် တစ်ချက် ထဖောက်တာမျိုးလည်း ရှိတတ်ပါတယ်။ နာတာရှည် လေပြွန်ရောင် ရောဂါလို့ သတ်မှတ်ဖို့ဆိုရင် တစ်နှစ်ကို အနည်းဆုံး ၃လလောက် ချောင်းဆိုး ချွဲကြပ်ဖြစ်ရပါမယ်။ နှစ်နှစ် ဆက်တိုက်ဖြစ်ရပါမယ်။ ဒီလိုချောင်းဆိုးတာကလည်း တီဘီတို့ တခြားအဆုတ်ရောဂါတို့ကြောင့် မဖြစ်ရပါဘူး။ နာတာရှည် လေပြွန်ရောင်ရမ်းခြင်းရဲ့ လက္ခဏာများ ခဏခဏ လေပြွန်ကို ထိခိုက်ပြီး ရောင်ရမ်းစေတဲ့အတွက် ကြာလာတဲ့ လေပြွန်ပျက်စီးပြီး အောက်ကလက္ခဏာတွေ ပေါ်လာပါတယ်။ ချောင်းဆိုး ချွဲကြပ်တာ အတွေ့ရအများဆုံး လက္ခဏာပါပဲ။ နေ့တိုင်းနီးပါးနဲ့ ၃လလောက် ဆိုးနိုင်ပါတယ်။ ဘယ်လောက်ဆိုးမှာလဲ။ ချွဲဘယ်လောက်ထွက်မှာလဲကတော့ တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ ချွဲအရောင်ကလည်း အကြည်ရောင်ကနေ အဝါရောင်၊ အစိမ်းရောင်၊ တစ်ခါတလေ […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ

ချောင်းဆိုးတယ်၊ မောတယ်၊ အသက်ရှူရင် တရွှီရွှီမြည်တယ် စတဲ့ လက္ခဏာတွေ ရှိရုံနဲ့ ပန်းနာရင်ကြပ် ပါလို့ တန်းပြီး သတ်မှတ်လို့ မရပါဘူး။ ဒီလက္ခဏာတွေက တခြား အသက်ရှူလမ်းကြောင်းရောဂါတွေမှာလည်း တွေ့ရတတ်ပါတယ်။ ပန်းနာရင်ကြပ် ဟုတ်မဟုတ် သေချာချင်တယ်ဆိုရင် ကျွမ်းကျင်တဲ့ အဆုတ်နဲ့ ရင်ခေါင်းအထူးကုဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေတာ အကောင်းဆုံးပါပဲ။ ဒါမှ ရောဂါအမှန်ကို သိရပြီး ကုသမှု လမ်းမလွဲမှာ ဖြစ်ပါတယ်။ ပန်းနာရင်ကြပ်လို့ သတ်မှတ်ဖို့ ဆိုရင် ဆေးပညာမှာ ရောဂါတစ်ခု ရှာဖွေမယ်ဆိုရင် အဆင့် ၃ဆင့် လိုပါတယ်။ လူနာကို ရောဂါရာဇဝင်မေးမြန်းတာရယ်၊ စမ်းသပ်တာရယ်၊ လိုအပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်တာရယ်ပါ။ ဒါမှလည်း ရောဂါအဖြေမှန်ကို ရနိုင်ပါတယ်။ ရောဂါရာဇဝင်မေးမြန်းခြင်း လူနာက ပြောတဲ့ ရောဂါရာဇဝင်က ရောဂါရှာဖွေတဲ့ နေရာမှာ သိပ်ကို အရေးကြီးပါတယ်။ လူနာခံစားရတာကို အသိဆုံးက […]

ချောင်းဆိုးခြင်းနှင့်အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon