COVID တိုက်ပွဲက လူသားထုရဲ့ ပထမဆုံးတိုက်စစ် (သို့) ကာကွယ်ဆေးထိုးနှံမှု စတင်လိုက်တဲ့ ဗြိတိန်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဒီဇင်ဘာ 10, 2020 . 3 mins read
Share now

ဗြိတိန်နိုင်ငံဟာ ကမ္ဘာ့ပထမဆုံးသော COVID-19 ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်ကို ဒီကနေ့ ဗြိတိန်စံတော်ချိန် မနက် ၆ နာရီ ၃၁ မှာ စတင်လိုက်ပြီဖြစ်ပါတယ်။ ဒါဟာ ကိုဗစ်ကပ်ဘေးတိုက်ပွဲမှာ တောက်လျှောက်ခံစစ်ကစားခဲ့ရတဲ့ လူသားထုအတွက် တိုက်စစ်ဆင်ဖို့ ပထမဆုံးခြေလှမ်းဖြစ်လာခဲ့ပါတယ်။

အင်္ဂလိပ် ကျန်းမာရေးအာဏာပိုင်တွေဟာ Pfizer/BioNTech ကုမ္ပဏီက ဖန်တီးထားတဲ့ COVID-19 ကာကွယ်ဆေးကို တိုင်းပြည်အတွင်းမှာ အသုံးချဖို့ ပြီးခဲ့တဲ့အပတ်တုန်းက အတည်ပြုခွင့်ပြုပေးခဲ့တာဖြစ်ပြီး ဒီကနေ့ အင်္ဂါနေ့မှာ ကာကွယ်ဆေးထိုးနှံံမှု အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပါတယ်။

ဗြိတိန်တောင်ပိုင်း ကိုဗင်ထရီဒေသက အသက် ၉၀ အရွယ် ကျောက်မျက်ရတနာဆိုင်ဝန်ထမ်းဟောင်း မာဂရက် ကီးနန်းဟာ ကမ္ဘာ့ပထမဆုံးသော COVID-19 ကာကွယ်ဆေးထိုးနှံခြင်းခံရသူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ သူမကို Code name အဖြစ် “Patient A” လို့ ခေါ်ဆိုခဲ့ပြီး ကမ္ဘာ့မီဒီယာတွေကလည်း ချီးမွမ်းမှတ်တမ်းတင်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

တော်ဝင်အစိုးရကတော့ သက်ကြီးရွယ်အိုတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အဓိက ဦးစားပေးအဖြစ် စတင်ထိုးနှံပေးနေတာဖြစ်ပြီးတော့ ဒီလုပ်ငန်းစဉ်ဟာ အချိန်ယူရမယ့် လုပ်ငန်းစဉ်ဖြစ်တယ်လို့တော့ ဆိုထားပါတယ်။

ဒေသတွင်းကျန်းမာရေးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ NHS ရဲ့ အကြီးအကဲ ဆာ ဆိုင်မွန် စတီဗင်စ်ကတော့ ကမ္ဘာ့အကြီးမားဆုံး ကာကွယ်ဆေးထိုးနှံမှုကမ်ပိန်းလို့ ကြေညာခဲ့ပြီး ကိုဗစ်တိုက်ပွဲရဲ့ ပထမဆုံးသော အလှည့်အပြောင်းအခိုက်အတန့်လို့ အမွှမ်းတင်ခဲ့ပါတယ်။

ဗြိတိန်အစိုးရရဲ့ ကာကွယ်ဆေးအစီအစဉ် ပထမအသုတ်ဟာ ကာကွယ်ဆေးအလုံးရေ ၈ သိန်းနဲ့စတင်မှာဖြစ်ပြီးတော့ လာမယ့် ၂၀၂၁ ပထမနှစ်ဝက်မတိုင်ခင်မှာ ဆေးအလုံးရေ သန်း ၄၀ အထိ ထိုးနှံနိုင်ဖို့ မျှော်မှန်းထားပါတယ်။

လက်တလောမှာ ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို ဗြိတိန်နိုင်ငံ တစ်နံတစ်လျားက ဆေးရုံပေါင် ၅၀ မှာစတင်သွားမှာဖြစ်ပြီး လက်ရှိအသုတ်မှာမပါဝင်သူတွေကို လာမယ့်လမှာ ထပ်မံထိုးနှံပေးသွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဗြိတိသျှတို့ရဲ့ အစီအမံ

ဗြိတိန်နိုင်ငံက ကျန်းမာရေးနဲ့ လူမှုစောင့်ရှောက်ရေးဌာနဟာ သီးခြားလွတ်လပ်သော ကျန်းမာရေးနဲ့ ဆေးဝါးထုတ်ကုန် စီမံခန့်ခွဲမှု အေဂျင်စီ (MHRA) ရဲ့ ထောက်ခံချက်အရ Pfizer/BioNTech ရဲ့ ဆေးဝါးကို တိုင်းပြည်တွင်းမှာ အသုံးပြုဖို့ လက်ခံခဲ့တာဖြစ်ပါတယ်။

MHRA ဟာ ဆေးဝါးရဲ့ စမ်းသပ်မှုအဆင့်ဆင့်ရလဒ်တွေကို စမ်းစစ်ခဲ့ပြီးတဲ့နောက်မှာ စိတ်ချရမှု၊ အရည်အသွေး၊ ထိရောက်မှုဆိုင်ရာ စံနှုန်းတွေကိုလည်း စနစ်တကျတိုင်းတာအကဲဖြတ်ခဲ့ပြီး အေခြေအနေကောင်းမွန်တာမို့ တိုင်းပြည်အတွင်းမှာ အသုံးပြုဖို့ စောလျှင်စွာ ထောက်ခံချက်ပေးခဲ့တာပါ။

ဒါကြောင့် ယခုတစ်ပတ်ကနေစတင်ပြီး ဗြိတိန်ပြည်သူတွေဟာ COVID-19 ကာကွယ်ဆေးတွေကို စတင်ရရှိတော့မှာဖြစ်ပါတယ်။ ဗြိတိန်အစိုးရရဲ့ အစီအမံအရ ပထမဆုံးအကြိမ် ထိုးနှံမှုမှာ ဆေးအလုံးရေ ၈၀၀၀၀၀ နဲ့ စတင်သွားဖို့ရှိနေပါတယ်။

ဗြိတိန်နိုင်ငံဟာ Pfizer/BioNTech ကုမ္ပဏီထံကနေ ဆေးဝါး အလုံးရေ သန်း ၄၀ အထိ မှာယူထားပြီး ဒီပမာဏဟာ တိုင်းပြည်လူဦးရေရဲ့ ၃ ပုံ ၁ ပုံကို ကာကွယ်ဆေး လုံလောက်စွာထိုးနှံပေးနိုင်မယ့် ပမာဏဖြစ်ပါတယ်။

Pfizer/BioNTech

Fortune 500 စာရင်းဝင် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီကြီး Pfizer ဂျာမန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဆေးဝါးသစ်ဟာ ရလဒ်ကောင်းတွေနဲ့ ပထမဆုံးပွဲထွက်လာခဲ့တဲ့ COVID-19 ကာကွယ်ဆေးဖြစ်ပါတယ်။ ရောဂါကာကွယ်နိုင်စွမ်း ၉၄% ကျော် ထိရောက်မှုရှိတယ်လို့ ကြေညာထားတဲ့ ဆေးဝါးလည်းဖြစ်ပါတယ်။

အဆိုပါကာကွယ်ဆေးဟာ ရောဂါကို တားဆီးနိုင်စွမ်းကောင်းမွန်ပြီး သုတေသနရလဒ်တွေအရဆိုရင် ၉၄% ကျော်အထိ ကာကွယ်နိုင်သလို စမ်းသပ်မှုရလဒ်တွေအရလည်း စေတနာ့ဝန်ထမ်း စမ်းသပ်ခံသူတွေအားလုံးမှာ သိသာထင်ရှားတဲ့ ရောဂါကူးစက်ခံရမှုလက္ခဏတွေ မပြသခဲ့တဲ့အထိ အောင်မြင်မှုရခဲ့တဲ့ ဆေးဝါးပါ။

နည်းပညာကို အခြေခံပြီး ထုတ်လုပ်ထားတာဖြစ်တာကြောင့် ကိုယ်ခံအားစနစ်က ဗိုင်းရပ်စ်ကို တိုက်ထုတ်နိုင်စွမ်းကို နှိုးဆွပေးနိုင်စေဖို့ ဆေးကို အသုံးမပြုခင်မှာ အနှုတ် ၇၀ ဒီဂရီ ဆဲလ်စီးယပ်စ်မှာ ထိမ်းသိမ်းထားဖို့ လိုအပ်ပါတယ်။ ဒီအချက်ဟာ လူအများအကြားမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ဖို့အတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာနိုင်ပြီး လက်ရှိ ဆေးအရေအတွက် သန်း ၄၀ ဝယ်ယူထားတဲ့ ဗြိတိန်ကိုယ်တိုင် အကျပ်ရိုက်နေတဲ့ ပြဿနာဖြစ်ပါတယ်။

ဒီဆေးဝါးဟာ ကလေးတွေနဲ အသက် ၆၅ နှစ်အထက် လူကြီးတွေဆီမှာလည်း အသုံးပြုလို့ရပြီးတော့ ဘေးထွက်ဆိုးကျိုးမရှိဘူးလို့ သတ်မှတ်ခြင်းခံထားရပါတယ်။

Pfizer/BioNTech ရဲ့ ဆေးဟာ ၂ လုံးထိုးရတဲ့ ကာကွယ်ဆေးအမျိုးအစားဖြစ်ပြီး ပထမဆေးကို ထိုးနှံပြီး ၂၁ ရက်အကြာမှာ ဒုတိယဆေးကို ထပ်မံထိုးနှံရမှာဖြစ်ပါတယ်။ ပထမဆေးထိုးပြီး ၇ ရက်ဝန်းကျင်မှာ ရောဂါပိုးကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ Antibody တွေ ထွက်ရှိလာမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

Pfizer ကတော့ သူတို့ရဲ့ ဆေးဝါးကို ဗြိတိန်က ဝယ်ယူခဲ့ပြီးတဲ့နောက်မှာ ယုံကြည်မှုပိုမိုပြင်းထန်လာခဲ့ပြီဖြစ်ပြီး လာမယ့် နှစ်အတွင်းမှာ ဆေးဝါးအရေအတွက် ၁.၃ ဘီလီယံအထိ ထုတ်လုပ်သွားဖို့ စီစဉ်နေပြီလို့ပါ ဆိုနေပါပြီ။

ဤခရီးနီးသလား

ကိုဗစ်တိုက်ပွဲမှာ တစ်နှစ်နီးပါး ခံစစ်အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လူသားတွေအနေနဲ့ တန်ပြန်တိုက်စစ်စတင်နိုင်မယ့် ခြေလှမ်းသစ်တွေကို စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကမ္ဘာအနှံ့အပြားမှာ ကာကွယ်ဆေးတွေ လုံလုံလောက်လောက်ထိုးနှံနိုင်ဖို့ဆိုရင်တော့ အချိန်တွေ၊ ငွေကြေးအင်အားတွေ၊ ခွန်အားစိုက်ထုတ်မှုတွေ အများကြီးလိုအပ်ဦးမှာဖြစ်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးနဲ့ လက်တကမ်းအကွာကို ရောက်ရှိနေပြီဖြစ်ပေမယ့် ပေါ့လျော့လို့တော့မရသေးတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ ဒီလက်ကျန်ကာလတွေမှာ နေအိမ်မှာပဲ စည်းကမ်းတကျနေထိုင်ပြီး ကာကွယ်ဆေးမထိုးနှံရသေးခင်အချိန်အထိ စည်းကမ်းလိုက်နာပြီးနေထိုင်တာက အကောင်းဆုံး ကျန်းမာရေး စောင့်ရှောက်မှုနည်းလမ်းဖြစ်တယ်ဆိုတာကိုလည်း အသိပေးပါရစေ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ (၁၀) မျိုး

ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါ များ ကဘာတွေဖြစ်မလဲ။ ရောဂါတွေက ဘယ်လောက်ထိ ပြင်းထန်ပြီး ကာကွယ်ဆေးတွေက ဘယ်လောက်ထိ ကာကွယ်ပေးနိုင်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကာကွယ်ဆေးမတိုး တဲ့ COVID-19 မျိုးစိတ်သစ် ရှိနေပြီလား

ဗီဇပြောင်း COVID-19 မျိုးစိတ်သစ်တွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာပါတယ်။ အဲဒီမျိုးစိတ်သစ်တွေထဲမှာ ကာကွယ်ဆေးမတိုး တဲ့ အမျိုးအစားလည်း ပါဝင်လာပါတယ်။

ရေးသားသူ Ye Zon Aung

ကိုဗစ်ကာကွယ်ဆေး မထိုးခင် ဒါအရင် ဖတ်သွားပါ။

ကိုဗစ်ကာကွယ်ဆေး မထိုးခင်မှာ ဘာတွေ ပြင်ဆင်ထားရမလဲ။ ဘာတွေရှာင်ကြဉ်ရမလဲ။ ဆေးထိုးပြီးတဲ့အခါ ကိုယ့်ကိုယ်ကို ဘယ်လိုဂရုစိုက်မလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

Covishield ကာကွယ်ဆေး မထိုးခင် ကြိုသိထားသင့်တဲ့အချက်များ

Covishield ကာကွယ်ဆေး မထိုးခင် ဘာတွေသိထားသင့်သလဲ။ ကိုယ်က ထိုးလို့ရတဲ့သူလား။ ဘာဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်သလဲ။ ဆေးအာနိသင်ကရေ ကောင်းရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

သတိ ကိုဗစ် ရှိသေးသည်

သတိ ကိုဗစ်ရှိသေးသည်

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ကာကွယ်ဆေးထိုးပြီးလို့ ဘေးထွက်ဆိုးကျိုး ခံစားရရင် နောက်တစ်ကြိမ်ထပ်ထိုးသင့်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read
အပ်ကြောက် လို့ ကာကွယ်ဆေး မထိုးချင်ဘူးဆို ဒီလိုနည်းလမ်းတွေနဲ့ ကျော်လွှားပါ

အပ်ကြောက် လို့ ကာကွယ်ဆေးမထိုးချင်ဘူးဆို ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 3 mins read
ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ကိုဗစ်ကာကွယ်ဆေးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 2, 2021 . 2 mins read