Face Mask တပ်ရင် ဒီအမှားတွေ လုပ်မိနေတုန်းပဲလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 3, 2020 . 2 mins read
Share now

ယခုဆိုရင် Covid-19 နဲ့ ပတ်သက်ပြီး လူတွေ တော်တော်များများလည်း အခြေအနေ အချိန်အခါနဲ့ လိုက်အောင် ပြောင်းလဲနေထိုင်တတ်နေပြီလို့ ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ကပ်ဘေးအခြေအနေဟာဆိုရင်လည်း ရောဂါပိုးကူးစက်ခံရသူ၊ သေဆုံးသူရဲ့ အရေအတွက်ဟာ တခြားအိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် တော်တော်လေးကို နည်းနေပါသေးတယ်။

ဒီအတွက်ကြောင့် နိုင်ငံရဲ့ ကပ်ဘေးထိန်းချုပ်မှုဟာ ထိရောက်နေတယ်လို့ပဲ ဆိုရမှာပါ။ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားနိုင်ဖို့အတွက် မြန်မာပြည်သူတွေအားလုံး ယခုအတိုင်း ကာကွယ်ခြင်းသည်သာ ထိရောက်တဲ့ကုသမှုပုံစံအတိုင်း ကျင့်ကြံနေထိုင်နိုင်ဖို့ အရေးကြီးပါတယ်။

Covid-19 ကပ်ဘေးကာလအတွက် မဖြစ်မနေ သိထားသင့်တဲ့ နေထိုင်မှုပုံစံ

ဘယ်လောက်ပဲ ရောဂါပိုးကူးစက်ခံရသူ နည်းနေနိုင်ပါစေ၊ ရောဂါပိုးဟာ လေထဲမှာ ရှိနေနိုင်သေးသလို ရောဂါပိုးရှိတယ်လို့ အတည်ပြုခံထားခြင်း မရှိသေးသူတွေလည်း အပြင်မှာ တွေ့ရနိုင်ပါတယ်။ အဲဒါကြောင့် အမြဲတမ်း ကိုယ့်ဘက်ကနေ အဆင်သင့် ကာကွယ်ထားနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ ဘာတွေ အဓိက လုပ်ဖို့ လိုအပ်လဲဆိုရင်

• အလုပ်ကိစ္စ၊ မိသားစု စားဝတ်နေရေး ကိစ္စကလွဲရင် အပြင်မထွက်ဖို့
လူစုလူဝေး များလွန်းတဲ့ နေရာတွေ မသွားဖို့
• အပြင်ထွက်တိုင်း Mask ကို သေချာတပ်ဆင်ပြီးမှ ထွက်ဖို့
• လက်ကို အမြဲတမ်း ဆပ်ပြာ၊ ရေနဲ့ သေချာဆေးကြောဖို့
• ရေမလို လက်သန့်စင်ဆေးရည် ဆောင်ထားဖို့
• တခြားလူတွေနဲ့ အနည်းဆုံး ၆ပေ အကွာကနေ သွားလာဆက်ဆံဖို့ စတဲ့ အဓိက အချက်တွေကိုတော့ အစဉ်အမြဲ လိုက်နာနေဖို့ လိုပါတယ်။

ဘာကြောင့် Mask တပ်ဖို့ အရေးကြီးတာလဲ။

Mask တပ်ရခြင်းသည် ရောဂါပိုးရှိသူအတွက်ရော၊ မရှိသူတွေအတွက် အကျိုးများစွာရှိပါတယ်။ ရောဂါပိုးရှိသူတွေအနေနဲ့ ကိုယ် ချောင်းဆိုး၊ နှာချေ၊ စကားပြောလိုက်တဲ့အခါ ပါးစပ်ထဲကနေ ထွက်လာတဲ့ တံတွေးအမှုန်အမွှားတွေမှာ ပိုးတွေ ရှိနေပါတယ်။

Mask တပ်လိုက်တဲ့အခါ အဲ့ဒီပိုးတွေက တခြားသူတွေဆီနဲ့ လေထဲကို မပြန့်သွားတော့ဘဲ အထဲမှာ လှောင်ပိတ်ပေးထားလိုက်သလို ဖြစ်စေတဲ့အတွက် ရောဂါပိုးကို ထိန်းချုပ်ရာရောက်ပါတယ်။ အိမ်မှာ မိသားစုဝင်တစ်ဦးတစ်ယောက်က ရောဂါပိုးရှိနေတယ်လို့ သံသယရှိတာ၊ ဖျားနာတာ၊ ချောင်းခြောက်ဆိုးတာမျိုး စတဲ့ လက္ခဏာတွေ တွေ့ရတယ်ဆိုရင် Mask တပ်ဖို့ကို မှာထားသင့်ပါတယ်။

ရောဂါပိုးမရှိသေးတဲ့သူတွေအတွက်လည်း အပြင်က ရောဂါပိုးတွေ နှာခေါင်း၊ ပါးစပ်ထဲ ဝင်မသွားစေဖို့ Mask က ကာကွယ်ပေးပါတယ်။ Covid-19 ပြင်းထန်အဆုတ်ရောင်ရောဂါကို ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တံတွေးအမှုန်အမွှားတွေမှာ ရှိနေတာဖြစ်ပြီး နှာခေါင်း၊ ပါးစပ် အစရှိတဲ့ အသက်ရှူလမ်းကြောင်းထဲကို ဝင်သွားရာမှ ရောဂါပိုးကူးစက်ခံရတာ ဖြစ်ပါတယ်။

Mask ကိုသာ စနစ်တကျ တပ်ဆင်မယ်ဆိုရင်တော့ ရောဂါပိုးတွေဟာ Mask ရဲ့ အပြင်ဘက်မှာသာ ကပ်နေပြီး နှာခေါင်းနဲ့ ပါးစပ်ထဲကိုတော့ ဝင်မသွားအောင် ကာကွယ်ပေးနိုင်မှာပါ။

ဒါကြောင့် Mask တပ်တဲ့အခါမှာ ဒါလေးတွေကို သေချာသတိထားသင့်ပါတယ်။

၁။ အိမ်ပြင်ထွက်တော့မယ်ဆိုတာနဲ့ Mask ကိုတပ်ပါ။ လမ်းထိပ်လေးပဲ၊ နှစ်အိမ်ကျော်လောက်လေးပဲဆိုပြီး ဘာမှမပါဘဲ မထွက်ပါနဲ့။ ရောဂါပိုးသည် လေထဲမှာ ၃နာရီခန့် ကြာမြင့်အောင် အသက်ရှင်နိုင်တာကြောင့် ဘယ်နေရာမှ စိတ်မချရပါဘူး။

၂။ Mask မတပ်ခင်မှာ လက်ကို ဆပ်ပြာ၊ ရေနဲ့ စက္ကန့် ၂၀ ခန့် သေချာဆေးကြောပေးဖို့ အရေးကြီးပါတယ်။ သန့်ရှင်းတဲ့ လက်နဲ့သာ Mask ကို ကိုင်တွယ်ပါ။ ဆပ်ပြာ၊ ရေမရှိရင် ရေမလိုလက်သန့်စင်ဆေးရည် အသုံးပြုပြီးမှ Mask ကို ကိုင်ပါ။

၃။ ပုံမှန် Surgical Mask တွေမှာ အဖြူနဲ့ အပြာဆိုပြီး ၂ခြမ်းရှိပါတယ်။ အပြာသည် အပြင်ဘက်ခြမ်းမှာ ရှိရမှာဖြစ်ပြီး အဖြူဟာ တပ်ဆင်သူရဲ့ နှာခေါင်းနဲ့ ထိကပ်နေတဲ့ ဘက်ခြမ်းမှာ ရှိရမှာပါ။

၄။ Mask တပ်ပြီးတဲ့အခါ မေးစေ့၊ နှာခေါင်းကို သေချာဖုံးအုပ်ထားခြင်း ရှိ၊ မရှိ စစ်ပါ။ လိုအပ်ရင် လက်ချောင်းလေးဖြင့် Mask ကို ပုံစံပြင်ပေးပါ။

၅။ အပြင်ထွက်ပြီဆိုတာနဲ့ အရေး အကြောင်းမရှိဘဲ Mask ကို မဖြုတ်ပါနဲ့။

၆။ Mask တပ်ရတဲ့ ရည်ရွယ်ချက်ဟာ နှာခေါင်းနဲ့ ပါးစပ်ကို အပြင်က ရောဂါပိုးတွေ မဝင်အောင် ကာကွယ်ထားဖို့ပါ။ ဒါကြောင့် နှာခေါင်းဖော်ပြီး Mask တပ်တာမျိုး၊ Mask ကို မေးစေ့ထိ အောက်ဆွဲပြီး လျှောက်သွားတာမျိုးဟာ မတပ်တာနဲ့ ဘာမှမထူးပါဘူး။

၇။ Mask ကို အသာလေးဟပြီး တံတွေးထွေးတာမျိုးလည်း မလုပ်ပါနဲ့။ နိုင်ငံကြီးသား ပီသပါ။

၈။ Mask က ချွေးတွေနဲ့ စိုရွှဲနေပြီဆိုရင် လူရှင်းတဲ့ တစ်နေရာသွားပြီး လက်ကိုအရင် ဆပ်ပြာ၊ ရေနဲ့ ဆေးပါ။ ပြီးသွားမှ တပ်ထားတဲ့ Mask ကို ဘေးကြိုးလေးကနေ ဖြုတ်ပြီးချွတ်ပါ။ ပြီးရင် လက်တစ်ခါပြန်ဆေးပါ။ Mask အသစ်တစ်ခု ပြန်တပ်ပါ။ အပြင်က ပြန်လာပြီဆိုရင်လည်း ဒီအတိုင်းပဲ လုပ်ပါ။

၉။ Mask ကို ကိုယ့်အိတ်ထဲမှာ တစ်ခု အပို ဆောင်သွားပါ။

၁၀။ Mask ရဲ့ အပြင်ဘက်ခြမ်းဟာ ရောဂါပိုးပေါင်းစုံ၊ ဖုန်၊ သဲတွေ ကပ်နေတဲ့အတွက် လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး လုံးဝမလုပ်ပါနဲ့။ မတော်တဆ ထိမိခဲ့ရင်လည်း လက်ကို ချက်ချင်းပြန်ဆေးပါ။

ဒီအချက်တွေကို သေချာမှတ်သားရင်း ကိုယ်ဘာတွေ သတိမမူဘဲ အမှားလုပ်နေမိလဲဆိုတာ နားလည်သဘောပေါက်မယ်လို့ မျှော်လင့်မိပါတယ်။ လက်ရှိအခြေအနေအရ ကာကွယ်ဆေး၊ ရောဂါကို ကုသနိုင်တဲ့ ဆေးဝါးတွေ မပေါ်သေးသ၍ကတော့ ဒီအတိုင်းပဲ ပြည်သူအားလုံး ဆက်သွားနေရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အနေနဲ့ မလိုအပ်ဘဲ ရောဂါကူးပြီး အိမ်မှာရှိနေတဲ့ မိသားစုဝင်တွေပါ ဒုက္ခမရောက်စေဖို့ တတ်နိုင်သလောက် အနေအထိုင်၊ အသွားအလာ ဆင်ခြင်ကြဖို့ ထပ်ပြီး တိုက်တွန်းချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

83,566

Confirmed

63,366

Recovered

1,810

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Covid-19နဲ့ ပတ်သက်ပြီး ကိုယ်ဝန်ဆောင်မိခင် တွေ ဘာတွေသိထားသင့်လဲ

ကိုယ်ဝန်ဆောင်မိခင် ကနေ ကလေးဆီကို ကိုဗစ်ပိုးကူးစက်တာမျိုး မတွေ့ရသေးပေမယ့် မိခင်တွေဟာ ကူးစက်ခံရရင် သူများထက် အန္တရာယ်ရှိတာကြောင့် အထူးဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ကိုဗစ်ကာလမှာ Gym ပြန်ကစားတော့မယ်ဆိုရင်…

ကိုဗစ် ကပ်ဘေး Gym Mask ပိုးသန့်စင် ရောဂါပိုး ကူးစက် အရက်ပြန် အသက်ရှူ အလေးတုံး လေ့ကျင့်ခန်း ရေချိုး ချောင်းဆိုး နှာချေ နည်းပြဆရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ကိုရိုနာဗိုင်းရပ်စ်များအကြောင်း

ကိုရိုနာဗိုင်းရပ်စ်တွေမှာ မျိုးကွဲအများကြီးရှိပြီး MERS-CoV၊ SARS-CoVနဲ့ SARS-CoV-2က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ မားစ်၊ ဆားစ်နဲ့ COVID-19ကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

COVID-19ကြောင့် သိုင်းရွိုက်ပြဿနာတွေ ဖြစ်လာနိုင်သလား။

COVID-19 ကို ဖြစ်စေတဲ့ SAR-CoV-2ဗိုင်းရပ်စ်ဟာ သိုင်းရွိုက်ဂလင်းထဲဝင်ရောက်ပြီး ရောင်ရမ်းစေတာကြောင့် သိုင်းရွိုက်ဟော်မုန်း မညီမျှမှုကို ဖြစ်စေပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ပိုမိုကောင်းမွန်တဲ့ ရလဒ်နဲ့အတူ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်ရှိလာတဲ့ အမေရိကန်ရဲ့ ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
COVID-19အကြောင်း တစေ့တစောင်း

COVID-19အကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 3 mins read
ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းအအေး နဲ့ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read