မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါဆိုးကြီး ပြီးဆုံးသွားပြီလား

ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 2 mins read
Share now

Facebook တစ်ခွင်မှာ လူတော်တော်များများကို ကြည့်လိုက်ရင် အပြင်မှာ သူငယ်ချင်းတွေနဲ့ စုဝေးပြီး လျှောက်လည်နေရတာနဲ့၊ ပွဲတော်ရက်မို့လို့ အပြုံလိုက်ကြီး အပြင်ထွက်ရတာနဲ့၊ ပံ့သကူပစ်တဲ့ လူတွေနဲ့ အပြေးလိုက်ကောက်ရတဲ့သူတွေ နေ့စဉ်နဲ့အမျှ မြင်နေရတော့ ကိုယ့်ဘာသာကိုယ်တောင် မြန်မာနိုင်ငံမှာ ကိုဗစ်ပြီးသွားတာလား၊ ကိုဗစ်ရောဂါပိုး ခုခံနိုင်စွမ်းတွေပဲ ရသွားတာလား၊ တစ်နိုင်ငံလုံးက ကိုယ့်ကို ပေါင်းပြီး လိမ်ထားတာလားလို့တောင် ထင်လာကြတယ်။ အဆိုးဆုံး ပြဿနာကတော့ လူစုလူဝေးတွေထဲမှာ Mask မတပ်တဲ့သူတွေက တစ်ဝက်လောက် ပါနေတဲ့ ပြဿနာပါပဲ။

ဘာကြောင့် အပြင်ထွက်တဲ့သူတွေ များသထက် များလာတာလဲ။

၁။ ရောဂါကို ဟန်ဆောင်ကြောက်ကြခြင်း

လူတွေက သိပ်ဟန်ဆောင်ကောင်းတာဗျ။ ကပ်ဘေးတစ်ခု ဖြစ်လိုက်တာနဲ့ ငါ့ပဲဖြစ်တော့မှာလား၊ ငါ့မိသားစုကိုပဲ ကူးတော့မှာလားဆိုပြီး အစပိုင်းမှာ အရမ်းတွေ ကြောက်ကြတယ်။ ကူးစက်သူဦးရေ စာရင်းတွေထွက်လာတာနဲ့ စာနာသနားပြီး မြန်မာပြည်အရေးကို တွေးပူနေကြတဲ့ စာနာသနားသူပုံစံတွေ လုပ်ကြတယ်။ လလေးနည်းနည်းလောက် ကြာသွားတာနဲ့ အရင်လို ကူးလည်း ဂရုမစိုက်ဘူးဆိုတဲ့ အကွက်တွေ ပြန်လုပ်လာတော့တာပဲ။

၂။ အိမ်တွင်းအောင်းတာ ကြာလာတာနဲ့အမျှ အထီးကျန်ဆန်ခြင်း

ဒါကတော့ ဘယ်သူမဆို အတူတူပါပဲ။ ဘယ်လောက်ပဲ လူတွေကို မုန်းတီးတယ်၊ လူတွေနဲ့ ဝေးရာမှာ နေချင်တယ်၊ လူတွေက မကောင်းဘူးလို့ပဲ ဆိုနေပါစေ၊ လူတွေဟာ လူတွေမရှိရင် ဘယ်လိုမှ မနေနိုင်ကြပါဘူး။ လူ့သဘာဝသည် သူစိမ်းတွေနဲ့ စကားပြောဆိုဆက်ဆံရမှ၊ နေရာအသစ်အဆန်းတွေကို သွားလာရမှ အထီးကျန်တာ၊ စိတ်ဖိစီးမှုတွေ နည်းလာမှာပါ။ အိမ်ထဲမှာပဲ နေ့စဉ်ရက်ဆက် အောင်းနေရတဲ့အခါ မွန်းကျပ်သလို၊ ပိတ်လှောင်ထားခံရသလို ခံစားရမှာပါ။ ဒါကြောင့် ဒီအချက်ကတော့ ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရပါဘူး။

၃။ အပြင်ထွက်နေသူတွေကို အားကျလာခြင်း

လူတစ်ယောက်က အကြောင်းကိစ္စတစ်ခုခုကြောင့် အပြင်ထွက်နေရတယ်ပဲ ဆိုကြပါစို့။ ရှားရှားပါးပါး အပြင်ထွက်တဲ့အခါ ဓာတ်ပုံတွေ ရိုက်ပြီး လူမှုကွန်ယက်တွေပေါ် တင်ကြမယ်၊ ဘယ်လိုလန်းဆန်းပေါ့ပါးသွားကြောင်းတွေ ပြောကြမယ်။ ဒီအခါ အိမ်ထဲမှာပဲ နေနေတဲ့သူရဲ့ စိတ်ထဲမှာ အားကျစိတ်၊ လိုက်လုပ်ချင်စိတ်တွေ ဖြစ်လာပါပြီ။ သူတောင် ထွက်သေးတာပဲ၊ ငါက ဘာလို့ မထွက်ရမှာလဲဆိုတဲ့ အတွေးတွေကို ဝင်လာပြီ၊ အဲ့ဒီအခါ တစ်ယောက်ပြီး တစ်ယောက် ထွက်ရာကနေ အကုန်လုံးက ရောဂါကိုကြောက်ရမှန်းလည်း မသိတော့ဘဲ သူ့ထက်ငါ ဦးအောင် အပြင်ထွက်ဖို့ပဲ ချောင်းကြတာပေါ့။

၄။ ကြားဖန်များလာတော့ ရိုးသွားခြင်း

ကိုဗစ်အကြောင်းတွေကို ခဏခဏ ပြောကြတယ်၊ Mask တပ်ပါ၊ လက်ဆေးပါ၊ လူစုလူဝေးရှောင်ပါ စသဖြင့် အချိန်တိုင်းလိုလို နေရာတိုင်း၊ လူတိုင်းက ပြောနေတော့ နားထောင်သူမပြောနဲ့၊ ကျွန်တော်တို့လိုမျိုး စာရေးနေသူတွေတောင် ကြာလာတော့ စိတ်ညစ်ပါတယ်။ အဲ့ဒီလိုမျိုး တူညီတဲ့ စကားတွေကို ထပ်တလဲလဲ ကြားရတဲ့အခါ စိတ်ထဲမှာ ရိုးအီသလို ငြီးငွေ့လာကြတယ်။ လူ့သဘာဝဆိုတာကလည်း တခြားသူက ဒါလုပ်ပါလို့ ပြောရင်၊ ဒါကို ဆန့်ကျင်တဲ့အရာတစ်ခုခုကိုမှ ရွေးပြီး လုပ်လာကြတော့တာပေါ့။

၅။ ကိုယ်ခံအားကောင်းတဲ့အတွက် ရောဂါကို မကြောက်ကြခြင်း

ငါကတော့ အသက်ငယ်သေးတယ်၊ ကိုယ်ခံအားလည်းကောင်းတယ်ဆိုတော့ ရောဂါဖြစ်လည်း သေမှာမဟုတ်ဘူးလေလို့ ထင်ကြပါတယ်။ တကယ်လည်း အများစုက ဒီလိုပါပဲ။ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကြည့်မယ်ဆိုရင် ကိုဗစ်ကူးစက်ခံရသူတွေထဲက လူငယ်တွေထဲမှာ သေသူဦးရေဟာ တော်တော်လေးကို နည်းပါတယ်။ ကိုဗစ်ကူးရင်လည်း သိပ်ပြီးမခံစားရသလို ပျောက်သွားဖို့ အခွင့်အလမ်းများပါတယ်။ ဒါပေမယ့် ကိုယ်က ဘေးကင်းတယ်ဆိုတိုင်း ကိုယ့်အိမ်က လူကြီးမိဘတွေအတွက် ဒီလိုဖြစ်ချင်မှ ဖြစ်မှာပါ။ ပြီးတော့ ကိုယ်က ရောဂါမကြောက်လို့ Mask မတပ်ဘဲ အပြင်ထွက်ရာကနေ ကိုယ့်လိုပဲ Mask မတပ်တဲ့သူတွေကို ကူးမိသွားမယ်၊ သူတို့ကနေ တစ်ဆင့် သူတို့ရဲ့ အိမ်မှာ နေနေတဲ့ မိသားစုဝင်တွေကို ကူးသွားမယ်ဆိုရင် ကိုယ်ဟာ ကိုဗစ်ဖြန့်ချိသူတွေထဲ ပါသွားပါပြီ။ ကိုယ့်ကြောင့် တခြားသူတွေကို ဒုက္ခမရောက်ပါစေနဲ့။

၆။ နိုင်ငံရဲ့ ကိုဗစ်ထိန်းချုပ်မှုအားနည်းခြင်း

ကိုဗစ်ပထမလှိုင်းမှာ ကူးစက်သူဦးရေ ရာဂဏန်းလောက်ပဲ ရှိတယ်ဆိုတာ တော်တော်လေးကို ကံကောင်းခဲ့တဲ့ အချိန်ကာလပါ။ ထိုစဉ်ကလည်း ကျန်းမာရေးစောင့်ရှောက်သူတွေက Mask ကို တပ်မြဲတပ်ထားဖို့၊ ကပ်ရောဂါ မပြီးဆုံးသေးကြောင်းတွေကို မှာခဲ့ပါတယ်။ ဒါကို လုံးဝလိုက်မနာခဲ့တဲ့အခါ ကူးစက်သူ ဦးရေ သောင်းဂဏန်းကို အချိန်တိုအတွင်း ထိုးတက်သွားတဲ့ ဒုတိယလှိုင်းက သက်သေပြနေပါတယ်။ ယခု တတိယလှိုင်းအခြေအနေမှာလည်း နေ့စဉ် ကူးစက်သူဦးရေ ကျသွားခြင်းမရှိသလို သိပ်မကြာခင်မှာ သိန်းဂဏန်းထိကို တက်သွားမှာပါ။ နိုင်ငံတော်ကနေ အပြင်မထွက်ဖို့ အမိန့်ထုတ်ပြန်ချက်တွေ ပြုလုပ်ထားတယ်ဆိုပေမယ့်လည်း အမှန်တကယ် လိုက်နာသူတွေဟာ မရှိသလောက် နည်းသလို၊ ဒီလို စည်းမဲ့ကမ်းမဲ့ ပြုမူမှုတွေကိုလည်း ပြစ်ဒဏ်ပေးတာ၊ ထိန်းချုပ်တာတွေကို မတွေ့ရပါဘူး။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင်တော့ နှစ်မကုန်ခင်မှာပဲ မြန်မာနိုင်ငံတွင်း ကိုဗစ်ကူးစက်သူဦးရေဟာ သိန်းဂဏန်းကို ထိုးတက်သွားမယ်ဆိုတာ မလွဲဧကန်ပါပဲ။

ဒီတော့ တတ်နိုင်သလောက် အပြင်ကို သွားရမယ်၊ သွားချင်တယ်ဆိုရင်လည်း Mask ကို မဖြစ်မနေ တပ်သွားကြပါ။ လက်ကို အမြဲဆေးပါ။ လူအုပ်ကြီးထဲကို မသွားပါနဲ့။ ကိုယ်က ရောဂါမကြောက်ရင်တောင် ကိုယ့်အိမ်က မိသားစုတွေအတွက်ကို ထည့်စဉ်းစားပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု က ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်ရင် ဘာတွေ အကျိုးရှိနိုင်မလဲဆိုတာ ပြောပြချင်ပါတယ်။ လုပ်နေကျ အလုပ်တွေကို လုပ်ဖို့တောင် ခက်ခဲလာပြီဆိုရင် သေချာတာကတော့ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အခက်ခဲဆုံးအချိန်တွေကို မျှဝေခံစားလိုစိတ် နဲ့ ကျော်ဖြတ်ပါ

မျှဝေခံစားလိုစိတ် ဟာ လူတိုင်းအတွက် အရေးကြီးတဲ့ အမူအကျင့်တစ်ခုပါ။ တစ်ဖက်သားကို နားလည် သဘောပေါက် လက်ခံပေးတာဟာ အမူအကျင့်ကောင်းလို့ ဆိုရမယ်မဟုတ်လား

ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

အုန်းလက်၊ အုန်းမြစ် တို့ကလည်း ဆေးဖက်ဝင်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read