home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ပြည်ပက ပြန်လာမယ့်သူတွေ၊ နယ်ပြန်မယ့်သူတွေအတွက် MOHSရဲ့ ထုတ်ပြန်ချက်အသစ်မှာ ဘာတွေ ပြောင်းလဲသွားလဲ။

ပြည်ပက ပြန်လာမယ့်သူတွေ၊ နယ်ပြန်မယ့်သူတွေအတွက် MOHSရဲ့ ထုတ်ပြန်ချက်အသစ်မှာ ဘာတွေ ပြောင်းလဲသွားလဲ။

ကိုဗစ်ကာလမှာ တတ်နိုင်သလောက် ကူးစက်မှုကို လျှော့ချနိုင်ဖို့ အရာရာကို စည်းကမ်းတွေ သတ်မှတ်ပြီး လုပ်ဆောင်နေရပါတယ်။ တစ်ချိန်လုံး တင်းကြပ်ထားဖို့ အဆင်မပြေတဲ့ကိစ္စတွေမှာ စည်းကမ်းချက်တွေ ချမှတ်ပြီး ရသလောက် ဖြေလျော့ပေးနေပါတယ်။ အရင်က (ဒုတိယလှိုင်းအစ)ဆို တစ်နယ်နဲ့ တစ်နယ် ပေးမပြန်ပါဘူး။ ပြန်မယ်ဆိုရင်လည်း ကွာရန်တင်းတွေ အကြာကြီး ဝင်ရပါတယ်။ ဒီတော့ တချို့တွေဆို အဆင်မပြေပါဘူး။

လူအမျိုးမျိုး အကြောင်းအထွေထွေဖြစ်တဲ့အတွက် မဖြစ်မနေပြန်မှဖြစ်မယ်ဆိုတဲ့သူတွေအတွက် ရောဂါလည်း ကြောက်ရ။ ဆေးစစ်ချက် အဆင့်ဆင့်၊ ကွာရန်တင်းအဆင့်ဆင့်ကို ဖြတ်သန်းရတဲ့အတွက် သိပ်အဆင်မပြေလှပါဘူး။ နိုင်ငံခြားက ပြန်လာမယ်ဆိုတဲ့သူတွေရောပေါ့။

လတ်တလောမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၁၀.၁၁.၂၀၂၀က ထုတ်ပြန်ထားတဲ့ ကြေညာချက်မှာ Stay at homeသတ်မှတ်ထားတဲ့ မြို့တွေကလွဲပြီး တခြားနေရာတွေမှာ ပြည်ပက ပြန်လာမယ့်သူတွေ ဒါမှမဟုတ် Stay at homeမြို့တွေကနေ ပြန်လာမယ်ဆိုရင် ဆေးစစ်ဖို့၊ ကွာရန်တင်းဝင်ဖို့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။

Stay at homeမဟုတ်တဲ့ မြို့နယ်တွေအတွက် COVID-19 ဓာတ်ခွဲစစ်ဆေးခြင်းအတွက် ပြောင်းလဲထားတဲ့ အစီအစဉ်များ

  • Stay at home မဟုတ်တဲ့ မြို့နယ်တွေကို ပြည်ပကနေ ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းနဲ့ ပြန်လာတဲ့သူတွေ၊ Stay at homeမြို့ကနေ ပြန်ဝင်လာတဲ့သူတွေဆိုရင်

အရင်ဆုံး facility quarantine ၁၄ရက် ဝင်ရပါတယ်။

ဝင်ပြီး ၃ရက်မြောက်နေ့မှာ ဓာတ်ခွဲနမူနာ တို့ဖတ်ယူပြီး test kitနဲ့ စစ်ပါတယ်။

-ပထမအကြိမ်မှာ ပိုးမတွေ့ဘူးဆိုရင်

၁၁ရက်မြောက်နေ့မှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ တို့ဖတ်ယူပြီး RT-PCRနည်းသုံးပြီး စက်ကြီးတွေနဲ့ စစ်ပါတယ်။

ဒုတိယအကြိမ်မှာလည်း ပိုးမတွေ့ဘူးဆိုရင်တော့ ကွာရန်တင်း ၁၄ရက်ပြည့်အောင်နေပြီး အိမ်မှာ ၇ရက် ဆက်နေရပါတယ်။ အိမ်မှာ နေနေတုန်း လက္ခဏာတွေ ပေါ်လာခဲ့ရင် နီးရာ ကျန်းမာရေးဌာနကို အကြောင်းကြားရပါမယ်။

-ပထမအကြိမ်မှာ ပိုးတွေ့တယ်ဆိုရင်

သတ်မှတ်ထားတဲ့ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်ရောဂါကုသရေး ဌာနကို လွှဲပေးမှာ ဖြစ်လို့ အဲ့ဒီမှာ ဆက်ပြီး ကုသမှု ခံယူရပါမယ်။

-ပထမအကြိမ်မှာ မတွေ့ဘဲ ဒုတိယအကြိမ် RT-PCRနည်းနဲ့ တွေ့တယ်ဆိုရင်လည်း

သတ်မှတ်ထားတဲ့ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်ရောဂါကုသရေး ဌာနကို လွှဲပေးမှာ ဖြစ်လို့ အဲ့ဒီမှာ ဆက်ပြီး ကုသမှု ခံယူရပါမယ်။

နောက်တစ်ခုက Stay at home မဟုတ်တဲ့ မြို့နယ်တွေမှာ ဓာတ်ခွဲအတည်ပြုလူနာနဲ့ ထိတွေ့ခဲ့တဲ့သူ (Primary contacts)တွေကို ဘယ်လို ဆေးစစ်ပြီး ဘယ်လိုကွာရန်တင်း ဝင်ခိုင်းမှာလဲ။

သူတို့တွေကိုလည်း facility quarantine ဝင်ခိုင်းပါတယ်။

လူနာနဲ့ နောက်ဆုံးထိတွေ့ပြီး ၃ရက်မြောက်နေ့မှာ ဓာတ်ခွဲနမူနာ တို့ဖတ်ယူပြီး test kitနဲ့ စစ်ပါတယ်။ (ကွာရန်တင်း ဝင်ပြီး သုံးရက် မဟုတ်ပါ။)

-ပထမအကြိမ်မှာ ပိုးမတွေ့ဘူးဆိုရင်

လူနာနဲ့ နောက်ဆုံးထိတွေ့ပြီး ၁၁ရက်မြောက်နေ့မှာ ဒုတိယအကြိမ် ဓာတ်ခွဲနမူနာ တို့ဖတ်ယူပြီး RT-PCRနည်းသုံးပြီး စက်ကြီးတွေနဲ့ စစ်ပါတယ်။

ဒုတိယအကြိမ်မှာလည်း ပိုးမတွေ့ဘူးဆိုရင်တော့ ကွာရန်တင်း ၁၄ရက်ပြည့်အောင်နေပြီး အိမ်မှာ ၇ရက် ဆက်နေရပါတယ်။ အိမ်မှာ နေနေတုန်း လက္ခဏာတွေ ပေါ်လာခဲ့ရင် နီးရာ ကျန်းမာရေးဌာနကို အကြောင်းကြားရပါမယ်။

-ပထမအကြိမ်မှာ ပိုးတွေ့တယ်ဆိုရင်

သတ်မှတ်ထားတဲ့ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်ရောဂါကုသရေး ဌာနကို လွှဲပေးမှာ ဖြစ်လို့ အဲ့ဒီမှာ ဆက်ပြီး ကုသမှု ခံယူရပါမယ်။

-ပထမအကြိမ်မှာ မတွေ့ဘဲ ဒုတိယအကြိမ် RT-PCRနည်းနဲ့ တွေ့တယ်ဆိုရင်လည်း

သတ်မှတ်ထားတဲ့ ဆေးရုံ ဒါမှမဟုတ် ကိုဗစ်ရောဂါကုသရေး ဌာနကို လွှဲပေးမှာ ဖြစ်လို့ အဲ့ဒီမှာ ဆက်ပြီး ကုသမှု ခံယူရပါမယ်။

  • နှစ်ခေါက်စစ်လို့ ပိုးမတွေ့ပေမယ့် ၁၄ရက်ပြည့်အောင် နေခိုင်းရတဲ့ ရည်ရွယ်ချက်က သံသယရောဂါ လက္ခဏာပေါ်လာတာနဲ့ မြန်မြန်ကုသမှု ခံယူနိုင်ဖို့၊ ပိုပြီး စိတ်ချရအောင်လို့ နေခိုင်းတာပဲ ဖြစ်ပါတယ်။
  • နောက်တစ်ချက်က ၃ရက်နေမှ ဆေးစစ်တယ်ဆိုတာ ဗိုင်းရပ်စ်နည်းနေရင် အဖြေလွဲနိုင်လို့ပါ။ ဒါပေမယ့် ၃ရက်မတိုင်ခင်မှာ သံသယလက္ခဏာတွေ ပြလာရင်တော့ အမြန်ဆုံးစစ်ဆေးပေးမှာ ဖြစ်ပါတယ်။

အရင်ကထက်စာရင်တော့ ကွာရန်တင်းဝင်ရတဲ့ အချိန်တွေ နည်းလာပါပြီ။ အရင်က (ပထမလှိုင်း)ဆို အိမ်တစ်ခါပြန်ဖို့ ကွာရန်တင်း ၃ပတ်နေရပါတယ်။ အိမ်မှာ ၁ပတ်ဆက်နေရပါတယ်။ ကိုဗစ်စဖြစ်တာ ၁နှစ်နီးပါးလောက်ရှိပြီ။ ရောဂါအကြောင်းလည်း သိသင့်သလောက် သိလာပြီဆိုတော့ ၁၁ရက်နေရင် သူများကို မကူးနိုင်ဘူးဆိုတာ တွေ့လာတဲ့အတွက် ကွာရန်တင်းရက်တွေ လျော့နည်းလာတာပါ။

ဒါပေမယ့် ခုထိ ကိုဗစ်မပြီးသေးပါဘူး။ နေ့စဉ် ရောဂါကူးစက်သူတွေရော၊ သေဆုံးသူတွေရော ရှိပါသေးတယ်။ ဒါကြောင့် Stay homeမြို့နယ်ပဲ ဖြစ်ဖြစ်၊ တခြားမြို့နယ်ပဲ ဖြစ်ဖြစ် အခြေခံ စည်းကမ်းချက်တွေ ဖြစ်တဲ့

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ
စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 12/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။