Pregnancy


December 19,20,21,22 ပုံမှန်ဓမ္မတာလာခဲ့ပါတယ်။


January 6 မှာ မထင်မှတ်ပဲအတူနေမိပါတယ်။ အရေးပေါ်တားဆေးချက်ခြင်းသောက်ပါတယ်နေပြီးတာနဲ့။


အဲ့တာ မနေ့က (14 January )အတွင်းခံဘောင်းဘီမှာ အညိုရောင်လေး အနှစ်ကလေးလိုပဲဆင်းပါတယ်။ ဆင်းတယ်ဆိုရုံပါပဲ နည်းပါတယ်။


အဲ့တာ ကိုယ်၀န်ကနဦး spotting များလားရှင့်။

ဒါမှမဟုတ် ဓမ္မတာ မလာခင် ဆင်းတဲ့အညိုလားရှင့်။

ပုံမှန်ဓမ္မတာက 17 January ၀န်းကျင်လာရမှာပါ။


အတူနေမိတဲ့ရက်ကလည်း သားဥကြွေရက်နဲ့ကပ်နေလို့ပါ။

အတူနေပြီး ဘယ်လောက်အကြာမှာ သွေးစစ်ကြည့်လို့ရမလဲရှင့်


ဆီးစစ်တာကောဘယ်လောက်အကြာမှာစစ်သင့်ပါသလဲရှင့်။


Ultrasound ပါရိုက်ကြည့်ချင်ရင် ဘယ်အချိန်လောက်ဆို သိရမလဲရှင် (ရေအိတ်ရှိခဲ့ဖူးလို့ကြည့်ချင်တာလည်းပါပါတယ်။). ကျေးဇူးတင်ပါတယ်နော်။ စိတ်လည်းပူနေမိလို့ပါ။ 😥

နှစ်သက်သည်
မျှဝေမည်။
သိမ်းဆည်းမယ်။
မှတ်ချက်
1

မှတ်ချက် 1ခု

အတူနေပြီး ၃ပတ်ပြည့်တဲ့အခါ ဆီးစစ်ကြည့်ပါ။ အယ်ထွာဆောင်းရိုက်မယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ တိုင်ပင်ပြီးမှရိုက်တာ ကောင်းပါတယ်။

လွန်ခဲ့သော တစ်နှစ် က
နှစ်သက်သည်
အကြောင်းပြန်မယ်။

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်