ဘေဘီလေးကို နေရောင်ခြည်က ကျန်းမာစေဖို့ ဘယ်လို ထောက်ကူပေးသလဲ!
နေရောင်ခြည်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးနိုင်သလို အသေးစား ရောဂါလေးတွေကိုလည်း သက်သာစေနိုင်ပါသတဲ့။ နေပူဆာ လှုံတာက ဘေဘီလေးတွေကို ဗီတာမင် D ပြည့်ပြည့်ဝဝ ရရှိစေမယ့် နည်းလမ်းကောင်း တစ်ရပ်ပါ။ အသက် ၆လအောက် ကလေးတွေကတော့ နေရောင်မခံသင့်ပါဘူး။
🟧 အချိန် ဘယ်လောက် ကြာကြာ နေပူဆာ လှုံ့သင့်သလဲ
လေ့လာမှုတွေအရတော ဘေဘီလေးတွေအနေနဲ့ တစ်ပတ်ကို မိနစ် ၃၀ လောက် နေပူဆာလှုံရင်ကို လုံလောက်ပါတယ်။ ဗီတာမင် Dပြည့်ဝဖို့ဆိုရင် နေ့ခင်းပိုင်းနေရောင်ကို ခံရမှာပါ။ ကလေးကို အဝတ်အစား အပြည့်အစုံဝတ်ပေးပြီး ခြေ၊ လက်တွေကိုပဲ နေပြပေးပါ။ တစ်ရက်ကို ၅မိနစ်လောက်ဆို လုံလောက်ပါပြီ။
🟧 ဘေဘီလေး နဲ့ နေရောင်ခြည် ထိတွေ့စေတဲ့အခါ
နေရောင်ခြည်နဲ့ ထိတွေ့မှုက ဘေဘီလေးကို ကျန်းမာပျော်ရွှင်စေဖို့ ထောက်ကူပေးပါတယ်။ ဘေဘီလေးကို မနက်ခင်း နေရောင်ခြည် နုနုလေးနဲ့ ထိတွေ့စေတဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိစေနိုင်ပါတယ်။
🔸အရိုးတွေ သန်မာစေတယ်
ကယ်လ်ဆီယမ်က အရိုးတွေ ကျန်းကျန်းမာမာ ကြီးထွားစေဖို့ အရေးကြီးတယ်ဆိုတာကို သိထားပြီး ဖြစ်မှာပါ။ ခန္ဓာကိုယ်က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်စေဖို့ဆိုရင် လုံလောက်တဲ့ ဗီတာမင် D ပမာဏ ရရှိဖို့ လိုပါတယ်။
🔸ရောဂါ ကင်းစေတယ်
နေရောင်ခြည်က ဗီတာမင် D ပြည့်ဝစေပြီး ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးသလို အရွယ်ရောက်လာချိန်မှာ ကျန်းမာရေး ပြဿနာ ကင်းစေဖို့ နဲ့ ကူးစက်ရောဂါတွေကြောင့် ထိခိုက်မှု ကင်းစေဖို့ ထောက်ကူပေးပါတယ်။
🔸သင်ယူမှု စွမ်းရည် ကောင်းမွန်စေတယ်
လေ့လာမှုတွေအရ ဘေဘီလေးတွေကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက သင်ယူမှု စွမ်းရည်ကို တိုးတက်စေနိုင်ပါတယ်။ ဒါကြောင့် ဘေဘီလေးကို ထက်မြက်တဲ့ ဘေဘီလေးအဖြစ် ကြီးပြင်းလာစေချင်ရင် ငယ်ငယ်ကတည်းက နေရောင်နဲ့ ထိတွေ့အောင် လုပ်ဆောင်ပေးပါ။
🔸အိပ်စက်ချိန် မှန်စေတယ်
ဘေဘီလေးကို နေရောင်ခြည်နဲ့ ထိတွေ့စေတာက နေ့ည မှားတာမျိုး မဖြစ်စေဘဲ အိပ်စက်မှု မှန်စေပါတယ်။
#HelloMomandBaby #Parenting #BabyCare