ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲခံစားနေရတဲ့ မေမေတို့အတွက်

ကိုယ်ဝန်ဆောင်ချိန်မှာ ငိုချင်သလို၊ စိတ်ဓာတ်ကျချင်သလို၊ အလိုမကျသလို၊ ကြောက်သလို စသဖြင့် အမျိုးစုံ တစ်နေ့တစ်မျိုး စိတ်အခြေအနေက မရိုးရပါဘူး။ ဘယ်လိုပဲ ဟော်မုန်းအပြောင်းအလဲကြောင့်လို့ပြောပြော မိခင်တွေက တကယ်စိုးရိမ်တတ်တာပါ။

တစ်နေ့ တစ်နေ့ တစ်ခုခုစားမယ်၊ လုပ်မယ်ကြံတိုင်း 'ငါလုပ်နေတာ မှန်ရဲ့လား။ ကလေးကို ထိခိုက်မှာလား။' ကတစ်မျိုး။ ကလေးမွေးရင်း တစ်ခုခုဖြစ်သွားရင် ဘယ်လိုဖြစ်မလဲဆိုပြီး တွေးကြောက်တာက တစ်မျိုး။ ပြောင်းလဲလာတဲ့ ကိုယ့်ခန္ဓာကိုယ်ကို ကြည့်ပြီး စိတ်ဓာတ်ကျသလို ခံစားရတာက တစ်မျိုး ဖြစ်တတ်ပါတယ်။

ဒီထဲက မေမေတွေလည်း ဒီလိုပဲ တွေးမှာပါ။ မေမေတို့ကို အားပေးချင်တာက မေမေတို့သည် တစ်ယောက်တည်း မရှိပါဘူး။ ဒီဂရုထဲမှာ တခြားအတွေ့အကြုံရှိတဲ့ မေမေတွေလည်း ရှိပါတယ်။ ဆရာမတိုလည်း ရှိပါတယ်။

စိတ်ညစ်နေတာ၊ ခံစားနေရတာတွေ ရှိရင် လာရင်ဖွင့်လို့ ရပါတယ်။ တစ်ခုခုလုပ်ချင်တယ်။ ကလေးထိခိုက်မလား မသိဘူး မသေချာရင်လည်း လာမေးလို့ ရပါတယ်။

တစ်ယောက်တည်း မဟုတ်ဘူးဆိုတာကို သိစေချင်လို့ပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲခံစားနေရတဲ့ မေမေတို့အတွက်ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်အပြောင်းအလဲခံစားနေရတဲ့ မေမေတို့အတွက်
2
16k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်