🔥 ရေပန်းစားသောအကြောင်းအရာ

ကိုယ်ဝန်ဆောင်ကာလ ၁၃ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...

သားသားမီးမီးလေးက ဘယ်လိုကြီးလာတာပါလိမ့်


အခုဆိုရင်တော့ 13 ပတ် တောင် ရှိနေပြီနော်။ သန္ဓေသားလေးကဆိုရင်လည်း ခေါင်းအစ ခြေအဆုံး ၇ စင်တီမီတာလောက် ရှိနေပါပြီ။ ဒီအပတ်မှာ သန္ဓေသားလေး အပြောင်းအလဲတွေ များလာပါပြီ။ ချက်ကြိုးက ကလေးရဲ့ အစာအိမ်ဆီ ရွေ့လာပါတယ်။ဒီချက်ကြိုးကပဲ အချင်းကို သွားတွယ်ပြီး ကလေးအတွက် လိုအပ်သမျှကို အထောက်အပံ့ပေးပါတယ်။ အချင်းက အခုချိန်မှာ ၃၀ ဂရမ်လောက်ရှိပေမယ့် ၉၀၀ ဂရမ်လောက်ဖြစ်တဲ့အထိ ဆက်ကြီးလာမှာပါနော်။ အသံအိတ်လေးလည်း စပေါ်လာပြီ။ အခုချိန်မှာ ဘာသံမှမကြားနိုင်သေးပေမယ့် မွေးလာတာနဲ့ အသံလေးကြားရတော့မှာပါနော်။ ပါးစပ်ထဲကို လက်ထည့်လို့လည်း ရနေပြီနော်။

ခန္ဓာကိုယ်မှာရော ဘာတွေဆက်ပြောင်းလဲဦးမှာပါလိမ့်

ကိုယ်ဝန်ရှိကြောင်းပြတဲ့ လက္ခဏာတွေက အခုဆိုရင် တဖြည်းဖြည်းပျောက်လာပါပြီ။ အားတွေ တဖြည်းဖြည်းပြန်ပြည့်လာပြီး အရင်တုန်းကလို ပုံမှန်ပြန်ဖြစ်လာမှာပါ။ မူးပြီး ပင်ပန်းနေသေးရင် နားနားနေနေ နေလိုက်ပါ။ လာမယ့်အပတ်ကျကောင်း သွားမှာပါ။

ဒါပေမယ့် ဒီအပတ်တွေမှာ မိန်းမကိုယ်က အချွဲဆင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ အရည်ကျဲပြီး အနံ့မရှိတဲ့အဖြူမျိုး ဆင်းပါလိမ့်မယ်။ လန့်မသွားပါနဲ့။ ဒါက ပုံမှန်ဖြစ်ပြီး အီစထရိုဂျင်ဆိုတဲ့ နောက်ထပ်ဟော်မုန်းတစ်မျိုးကြောင့်ပါ။ ဆီးခုံတဝိုက် သွေးလည်ပတ်နှုန်းကောင်းလာလေ မွေးလမ်းကြောင်းကို ရောဂါပိုးမဝင်အောင် အချွဲတွေ များများထုတ်လေပါ။ အချွဲက အရောင်ပါပြီး အနံ့ပါရလာရင်တော့ ဆရာဝန်ကို ချက်ချင်း ပြောကြပါနော်။

ရောဂါဖြစ်နိုင်လို့ပါ။

သိသင့်သိထိုက်တာလေးတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း သိချင်နေမှာပေါ့။ လေ့ကျင့်ခန်းအသစ် စမလုပ်ခင် သိထားသင့်တာလေးတွေကို ပြောပြမယ်နော်။ လေ့ကျင်ခန်းလုပ်တဲ့အခါမှာ အားသုံးတဲ့ပမာဏကို သတ်မှတ်ထားပါ။ လေ့ကျင့်ခန်းလုပ်ရင်း စကားပြောနိုင်တာ၊ အသက်ရှူလို့ရနိုင်တဲ့ ပြင်းအားမျိုးလောက်ပဲ လုပ်သင့်ပါတယ်၊၊ ဟောဟဲဆိုက်နေတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းမျိုးကိုတော့ ရှောင်သင့်ပါတယ်၊၊


သိပ်ပြီးမပြင်းထန်တဲ့ လေ့ကျင်ခန်းမျိုးရွေးလုပ်ပါ။ လုပ်ရင်းနဲ့ အသက်ရှူမဝတာ၊ မောဟိုက်တာ၊ မူးဝေလာတာ တွေခံစားလာရပြီဆို နားလိုက်ကြပါနော်။ ကိုယ်ဝန်အပြောင်းအလဲကို လိုက်ပြီး လေ့ကျင့်ခန်းကိုလည်း အပြောင်းအလဲလေးတွေ လုပ်သွားပေးပါ။ ကလေးလေးက မိခင်ကိုယ်ထဲမှာ တဖြည်းဖြည်း အလေးချိန်တွေပိုလာမယ်ဆိုတာ မမေ့ပါနဲ့။ ထိခိုက်တာတွေမဖြစ်အောင် ခန္ဓာကိုယ်က လက်ခံနိုင်သလောက်ပဲ လုပ်ကြပေ့ါနော်။ ခန္ဓာကိုယ်ရဲ့အပြောင်းအလဲတွေကို သတိထားပေးပါ။ နာကျင်မောပန်းစေတဲ့ ဘယ်လေ့ကျင့်ခန်းမျိုးမဆို ဆက်မလုပ်ကြနဲ့နော်။

ကိုယ်ဝန်ဆောင်ကာလ ၁၃ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...ကိုယ်ဝန်ဆောင်ကာလ ၁၃ပတ်အတွက် မေမေတို့ ဘာတွေသိထားရမလဲ...
0
17k
မှတ်ချက် 0 ခု

မှတ်ချက် 0ခု

အဖွဲ့ဝင်အသစ်များအတွက်

အကြံပြုလိုသော ကျွန်ုပ်တို့၏ လမ်းညွှန်ချက်. ယခုဖတ်မည်

သင်နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းများကို ရှာဖွေမယ်။
သင်စိတ်ဝင်စားတဲ့ ကျန်းမာရေးအကြောင်းအရာများနဲ့ပတ်သက်ပြီး အဖွဲ့အစည်းအသစ်များကို ရှာဖွေလိုက်ပါ။
ကိုယ်ဝန်ရရှိခြင်း
ပထမ သုံးလပတ်
ဒုတိယ သုံးလပတ်
ဖန်ပြွန်သန္ဓေသား
တတိယ သုံးလပတ်
သားဦးမေမေ
စာအုပ်စင်