home

အူမကြီးကင်ဆာ

ကျန်းမာရေးဗဟုသုတ

အူမကြီးကင်ဆာ

အူမကြီးကင်ဆာဆိုတာက အူရဲ့ အကြီးဆုံးအပိုင်း အူမကြီးမှာ စတင်ဖြစ်ပွားတဲ့ ကင်ဆာ အမျိုးအစားပါ။ အူမကြီးဆိုတာက အစာခြေလမ်းကြောင်းရဲ့ နောက်ဆုံး အစိတ်အပိုင်းပါ။ အူမကြီးကင်ဆာက များသောအားဖြင့် လူ​ကြီးတွေမှာ ဖြစ်တတ်တယ်ဆိုပေမယ့် အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ အူမကြီးကင်ဆာက သေးငယ်ပြီး ကင်ဆာကျိတ်မဟုတ်တဲ့ အဖုအကျိတ် သေးသေးလေးတွေကနေ စဖြစ်တာပါ။ အူမကြီးအတွင်းပိုင်း အသားပိုလေးတွေကနေလည်း ကင်ဆာဖြစ်ပွားနိုင်ပါတယ်။ စဖြစ်စက ကင်ဆာကျိတ် မဟုတပေမယ့် နောက်ပိုင်းမှာ တဖြည်းဖြည်း ကင်ဆာကျိတ် ပုံစံ ပြောင်းသွားတာပါ။ အသားပိုလေးတွေက စဖြစ်စမှာ သေးမယ်။ ကင်ဆာလက္ခဏာတစ်ခုမှ မတွေ့ရတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် အူမကြီးကင်ဆာကို သိရှိနိုင်ဖို့အတွက် ပုံမှန် စစ်ဆေးမှုလုပ်တာက အကောင်းဆုံးသော ကာကွယ်မှု နည်းလမ်းပါ။ အူမကြီ ကင်ဆာကို ထိန်းချုပ်ဖို့အတွက် ကုသနည်းတွေက အများကြီး ရှိပါတယ်။ ခွဲစိတ်ကုသမှုကနေစလို့ ဓာတ်ရောင်ခြည်ကုထုံး၊ ဆေးသွင်းကုထုံး၊ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးပစ်တဲ့ […]

အူမကြီးကင်ဆာ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အူမကြီးကင်ဆာ

Colostomy ဆိုတာဘာလဲ   Colostomy အကြောင်း မပြောခင် အူမကြီးအပေါ်ပိုင်း (colon)အကြောင်းကို အရင်ပြောပြချင်ပါတယ်။ အူမကြီးအပေါ်ပိုင်း (colon)ဟာ အူမကြီးရဲ့ အစပိုင်း ၄ - ၅ လက်မလောက်ကို ဆိုလိုပြီး အစာချေအဖွဲ့အစည်းမှာ ပါဝင်ပါတယ်။ သူ့ရဲ့ အဓိကအလုပ်ကတော့ ခန္ဓါကိုယ်အပြင်ကို စွန့်ပစ်မယ့် အညစ်အကြေး (မစင်)တွေဆီကနေ ရေဓါတ်နဲ့ အာဟာရဓါတ် အကြွင်းအကျန်တွေကို ပြန်လည်စုပ်ယူပေးခြင်းပဲ ဖြစ်ပါတယ်။ ခန္ဓါကိုယ်အတွက် လိုအပ်နေသေးတဲ့ အရာမှန်သမျှကို အပြီးသတ် စုပ်ယူပြီးချိန်မှာ အဆိုပါ အညစ်အကြေးတွေကို rectum လို့ခေါ်တဲ့ အူမကြီးအောက်ပိုင်းဆီ ဆက်လက်ပို့ဆောင်ကာ နောက်ဆုံးမှာတော့ စအိုကတဆင့် အပြင်ကို စွန့်ပစ်ပါမယ်။ ဒါကြောင့် သင့်ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို စွန့်ပစ်ရာမှာ အူမကြီးနဲ့ စအိုပေါက်ဟာ မရှိမဖြစ် လိုအပ်တဲ့ အင်္ဂါအစိတ်အပိုင်းတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အဆိုပါ […]

အူမကြီးကင်ဆာ

သင့်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာရောဂါ ရှိမှန်းသိပြီးနောက်မှာ သင်သာမက သင့်မိသားစုတစ်ခုလုံးပါ တုန်လှုပ်ထိခိုက်ရမည်ဖြစ်သည်။ သင့်မိသားစုသည် သင့်အတွက် စိတ်သက်သာရာရမှုနှင့် ခွန်အားများကို ပေးနိုင်သလို စိတ်ဖိစီးမှု နှင့် စိုးရိမ်ပူပန်မှုတွေကိုလည်း ပေးနိုင်ပါတယ်။ ထို့ကြောင့် သင်ရော သင့်မိသားစုပါ နောင်အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို ရှောင်လွှဲဖို့အတွက် ပြင်ဆင်မှုတွေပြုလုပ်ထားဖို့ လိုအပ်ပါတယ်။ ကင်ဆာကသင့်အပေါ် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်သလဲ ကင်ဆာရှိမှန်းသိပြီးနောက်မှာ သင်ဟာ ကုသမှုတွေခံယူရမယ်။ အဲဒီကနေ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှုတွေကိုလည်း ခံစားရမယ်။ ကုသမှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေက ခဏတာ (သို့) တစ်သက်လုံးဖြစ်နိုင်ပါတယ်။ ဥပမာ-ဆံပင်ကျွတ်ခြင်း၊ ခွဲစိတ်မှုကြောင့် အမာရွတ်ဖြစ်ခြင်း၊ အနီကွက်၊အနာ ကဲ့သို့သော အရေပြား ပြောင်းလဲမှု ။ အားကစားလှုပ်ရှားမှုပိုင်းဆိုင်ရာ စွမ်းရည်ကျဆင်းခြင်း၊ လျှင်မြန်သွက်လွက်ခြင်းနှင့် ဟန်ချက်ထိန်းနိုင်စွမ်း ကျဆင်းခြင်း၊ ကိုယ်အလေးချိန်တက်ခြင်း (သို့) ကျခြင်း ကဲ့သို့သော […]

အူမကြီးကင်ဆာ

သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာဖြစ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်- သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။ သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူဖြစ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။   ၁။ ပြဿနာဖြေရှင်းပေးနိုင်သူဖြစ်ပါစေ သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။   ၂။ အကောင်းမြင်စိတ်မွေးပါ သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။ ခက်ခဲနိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။   ၃။ သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဘယ်လိုပေးရမလဲဆိုတာကို သိပါ။ ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို သင်ယူုနိုင်ပါတယ်။ […]

အူမကြီးကင်ဆာ

သင်ချစ်တဲ့လူတစ်ယောက်မှာ အူမကြီးကင်ဆာစြဖ်နေတယ်လို့ရောဂါအတည်ပြုပြီးပြီဆိုရင်သူတို့ကိုစောင့်ရှောက်ချင်တယ်စိတ်တွေ ဖြစ်ပေါ်လာမှာသေချာပါတယ်။ လုပ်စရာတွေလုပ်ဖို့လိုတာတွေများတာကြောင့် ဂရုစိုက်ခြင်းဖြင့် ကြံ့ကြံ့ခံရင်ဆိုင်နိုင်စေပါတယ်။ သင့်လူနာရဲ့လိုအပ်ချက်တွေကို လေ့လာခြင်းက ကြီးမားတဲ့စတင်မှုတစ်ခုဖြစ်ပါတယ်။ အမှန်တကယ်ဂရုစိုက်နိုင်သူစြဖ်ဖို့ မမေ့ရမယ့်၅ချက်ရှိပါတယ်။   ၁။ ပြဿနာဖြေရှင်းပေးနိုင်သူစြဖ်ပါစေ သင်ချစ်တဲ့လူကုသမှုခံယူနေချိန်မှာ မှားသွားနိုင်မယ့်အချက်တွေအများကြီးရှိပါတယ်။ ဆေးပညာဆိုင်ရာအသင်းလုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်သလို လူနာရဲ့အထိမခံနိုင်ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။ ပြဿနာတွေကိုအတူတူရှာပေးပြီး ဖြေရှင်းပေးနိုင်ဖို့ကြိုးစားသင့်ပါတယ်။ ပြဿနာတွေရှာဖို့ခက်နေတယ်ဆိုရင် အခြားလူတွေရဲ့အကူအညီအကြံဉာဏ်တွေ တောင်းခံဖို့လည်းမတုံ့ဆိုင်းပါနဲ့ ။ ဒါ်မှသာ အခြေအနေအတွက်အကောင်းဆုံးအဖြေတွေကို ရှာနိင်မှာဖြစ်ပါတယ်။   ၂။ အကောင်းမြင်စိတ်မွေးပါ သင်ချစ်တဲ့လူက ပြင်းထန်တဲ့စိတ်ဓါတ်ကျခြင်းတွေ၊ စိုးရိမ်ခြင်းတွေ၊ အဆိုးမြင်ဝါဒတွေရလာနိုင်ပါတယ်။ သူတို့တွေမှီခိုနိုင်ဖို့အတွက် သင့်ကခွန်အားအပြည့်နဲ့အကောင်းမြင်စိတ်တွေမွေးဖို့ လိုပါတယ်။ အကောင်းမြင်စိတ်ရှိခြင်းက သင့်အလုပ်ကိုကူညီပေးနိုင်ပါတယ်။ ခက်နိုင်ပေမဲ့ အခြားစောင့်ရှောက်မှုအဖွဲ့အစည်းအဖွဲ့ဝင်တွေနဲ့ သို့ သင့်သူငယ်ချင်းတွေ၊ ဘာသာရေးဆိုင်ရာအကြံဉာဏ်ပေးနိုင်သူတွေ၊ ကျန်းမာရေားဂရုစိုက်မှုဆိုင်ရာကျွမ်းကျင်သုူတွေထံမှာ လိုအပ်မယ်ဆိုရင် အကူအညီတောင်းနိုင်ပါတယ်။   ၃။ သင့်တော်တဲ့ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုများဘယ်လိုပေးရမလဲဆိုတာကို သိပါ။ ရေချိုးခြင်း၊ အဝတ်အစားဝတ်ခြင်း၊ အစာစားခြ်င်း၊ အိမ်သာအသုံးပြုခြင်း ၊ လှပသေသပ်အောင်ပြုလုပ်ခြင်း စတဲ့ ရုပ်ပိုင်းဆိုင်ရာဂရုစိုက်မှုတွေမှာ သင့်အကူအညီလိုအပ်လာတဲ့အခါ ပြင်ဆင်ထားပါ။ ဒီအချက်တွေကို ကျန်းမာရေးဂရုစိုက်မှုဆိုင်ရာဗီဒီယိုတွေ၊ စာအုပ်တွေဖတ်ခြင်းဖြင့် ဒိတာဝန်တွေကိုဘယ်လိုလုပ်သင့်တယ်ဆိုတာိကို […]

အူမကြီးကင်ဆာ

ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ခန်းဆိုသည်မှာ မည်သည့် ကိုယ်လက်လှုပ်ရှားမှုကို မဆို ဆိုလိုခြင်းဖြစ်သည်။ ထိုလှုပ်ရှားမှုများကို ကြွက်သား လှုပ်ရှားမှုကနေ ဖန်တီးခြင်းဖြစ်ပြီး ထိုလှုပ်ရှားမှုတိုင်းသည် စွမ်းအင်သုံးရလေသည်။ ရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး စင်တာ၏ ထောက်ခံချက်အရ တစ်ပတ်ကို ငါးရက်နှင့် အထက် တစ်နေ့ အနည်းဆုံး မိနစ် ၃၀ ခန့် အလယ်အလတ်လေ့ကျင့်ခန်းမျိုး လုပ်ခြင်း (သို့) တစ်ပတ်ကို သုံးရက်နှင့်အထက် တစ်နေ့ကို အနည်းဆုံး မိနစ် နှစ်ဆယ်ခန့် ပြင်းထန်သော အားကစား လေ့ကျင့်ခန်းမျိုး လုပ်ဖို့ အကြံပေးထားပါသည်။ ကျွမ်းကျင်သူများက လေ့ကျင့်ခန်းပုံမှန် လုပ်ခြင်းသည် ကျန်းမာခြင်း အကျိုးကျေးဇူးကို အောက်ပါ နည်းလမ်းပေါင်းစုံနှင့် ပေးစွမ်းလျက်ရှိသည်ဟု ဆိုကြသည်။ · သင့်ကိုယ်အလေးချိန်ကို ထိန်းထားပေးသည်။ · ကြွက်သား နှင့် အရိုးအဆစ် ကျန်းမာရေးကို ထိန်းသိမ်းပေးသည်။ · သွေးတိုးနှင့် […]

အူမကြီးကင်ဆာ

သင့်မှာ အူမကြီးနဲ့အစာဟောင်းအိမ်ကင်ဆာ ဖြစ်နေပြီဆိုတဲ့ သတင်းဆိုးကို အိမ်ထောင်ဖက်ကို လက်ခံအောင်ပြောပြဖို့ဆိုတာ တကယ်ကို ခက်ခဲတဲ့ ကိစ္စရပ်တစ်ခုပါ။ တစ်ဦးကို တစ်ဦးနားလည်မှုရှိဖို့ အခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ စကားပြောဆိုခြင်းက အကောင်းဆုံးနည်းလမ်းတစ်ခုပါပဲ။ ပိုပြီးလွယ်ကူအဆင်ပြေစေမယ့် နည်းလမ်းကိုရှာမတွေ့ဘူးဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအချို့က သင့်ကို ကူညီပေးနိုင်ပါလိမ့်မယ်။ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ဆိုတာဘာလဲ။ ဒီကင်ဆာက အူမကြီး (သို့) အစာဟောင်းအိမ် တစ်နေရာမှာ ဖြစ်တဲ့ ကင်ဆာကို ဆိုလိုပါတယ်။ ဒီကင်ဆာအများစုဟာ အူမကြီး (သို့) အစာဟောင်းအိမ် အတွင်းနံရံသား ဆဲလ်ပွားများလာခြင်း၊ အလုံးဖြစ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အချို့ အလုံးများက နှစ်များစွာကြာလာတဲ့အခါမှာ ကင်ဆာအဖြစ်သို့ပြောင်းလဲသွားနိုင်ပါတယ်။ သို့ပေမဲ့ အလုံးအားလုံးကတော့ ကင်ဆာ ဖြစ်မလာပါဘူး။ ကင်ဆာဖြစ်စေတဲ့ အခြေအနေရှိတဲ့ အကြောင်းတရားအချို့လည်း ရှိပါတယ်။ အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ အများစုသည် အချွဲ နှင့် အရည်ထုတ်လုပ်ပေးသော ဆဲလ်အမျိုးအစားများတွင် […]

အူမကြီးကင်ဆာ

အူမကြီးနဲ့ အစာဟောင်းအိမ် ကင်ဆာဝေဒနာခံစားနေရသော သင်ချစ်ရသောသူကို ပြုစုစောင့်ရှောက်ဖို့ဆိုသည်မှာ ရှုပ်ထွေးပြီး အစပိုင်းမှာ ကိုင်တွယ်ရခက်ခဲတတ်ပါတယ်။ အကယ်၍ သင့်မှာ အချိန်မရှိလျှင် (သို့) ကောင်းစွာမပြုစုနိုင်လျှင် သင်ချစ်ရသောသူအတွက် ပြုစုစောင့်ရှောက်ဖို့လူ ရှာခြင်းက အကောင်းဆုံးနည်းလမ်းပါ။ သို့သော် လူနာစောင့်ကောင်းတစ်ယောက် ဘယ်လိုရှာရမလဲဆိုတာ သင်သိပါသလား။ သင်သည် လူနာစောင့်ထံမှ ဘာလိုချင်သလဲ ဆိုတာ အရင်ဆုံး သိအောင်ကြိုးစားပါ။ လူနာစောင့်မခေါ်ခင် ပထမဦးဆုံးအဆင့်က သင်ချစ်ရသောသူ လိုအပ်နေသော ပြုစုစောင့်ရှောက်မှုပမာဏကို အရင်သိဖို့ လိုအပ်သည်။ ရေချိုးခြင်း (သို့) အဝတ်ဝတ်ဆင်ခြင်း ကဲ့သို့သော နေ့စဉ်လုပ်ငန်းစဉ်များ (သို့) ဆေးတိုက်ခြင်း၊ အနာဆေးထည့်ခြင်း နဲ့ အခြား ဆေးဖက်ဆိုင်ရာ အကူအညီများအတွက် ကူညီဖို့ လူနာစောင့် လိုမလို သင်အရင် သုံးသပ်ရမည်။ သင်ချစ်ရသော ဝေဒနာခံစားနေရသော လူနာ၏ ရောဂါ အခြေအနေကို သိဖို့ လိုအပ်သလို သူတို့အကူအညီ […]

အူမကြီးကင်ဆာ

သင့်ဖခင်မှာ အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာ ခံစားနေရပြီဆိုသော သတင်းထက်ဆိုးတာ ဘာများရှိနိုင်ဦးပါမလဲ။ သားသမီး တစ်ယောက်အနေနှင့် သင်၏ မျက်လုံးထဲမှာတော့ ဖခင်ဆိုသည်မှာ ခွန်အားကြီးမားသော လူသန်ကြီးတစ်ဦးဖြစ်လေသည်။ သို့သော် တစ်ရက်တွင် အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာက သူ့ဘဝထဲသို့ အသိမပေးဘဲနှင့် ဝင်ရောက်လာခဲ့ပြီ။ ထိုအချိန်သည် သင့်အနေနှင့် သင့်ဖခင်၏ ကျန်းမာရေးအ၀၀ကို စီစဉ်ပေးရင်းနှင့် သင့်မိဘအတွက် မားမားမတ်မတ် ရပ်တည်နိုင်သော လူသန်ကြီးတစ်ယောက် ဖြစ်ဖို့ အချိန်ကျလာလေပြီ။ ကင်ဆာကုသမှု အစီအစဉ်တွေက ဘာလဲ။ ကင်ဆာကုသမှု အစီအစဉ်ဆိုသည်မှာ လူနာရောဂါမှတ်တမ်းနှင့် ရက်ချိန်းကုသမှု အစီအစဉ်ပဲ ဖြစ်ပါတယ်။ သင်တို့မိသားစု ခရီးထွက်သောအခါ သင့်ဖခင် ပြင်ဆင်ရသော အစီအစဉ် နဲ့ အတူတူပင် ဖြစ်သည်။ အကယ်၍ သင့်ခရီးစဉ် အစီအစဉ်တွင် သွားချင်သောနေရာသို့ ရောက်အောင်ဘယ်လိုသွားရမယ်၊ ထိုသို့ရောက်လျှင် ဘာတွေလုပ်ရမယ်ဆိုတဲ့ အချက်အလက်တွေ ပါတယ်ဆိုရင် ကင်ဆာကုသမှုအစီအစဉ်မှာလည်း အလားတူပင် […]

အူမကြီးကင်ဆာ

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာဝေဒနာကို ခံစားနေရသော သင်ချစ်ရသောသူကို ပြုစုစောင့်ရှောက်ဖို့အတွက် သင်သည် တတ်နိုင်သမျှ သင်ယူလေ့လာရမည်။ လူနာကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး ဆုံးဖြတ်ချက်များချနိုင်ရန် ကူညီထောက်ပံ့ပေးရမည်။ သို့သော် လူနာစောင့်တစ်ဦးဖြစ်ရသည်မှာ အလွန်ပင်ခက်ခဲသော ကိစ္စတစ်ခုဖြစ်ပြီး တစ်ခါတစ်ရံတွင် ဒီအလုပ်မှ နှုတ်ထွက်ချင်စိတ်များပေါ်လာတဲ့ အထိ ပင်ပန်းခက်ခဲနိုင်သည်။ သို့ဖြစ်၍ သင်ချစ်ခင်ရသော အူမကြီးကင်ဆာဝေဒနာသည် လူနာကို ပြုစုစောင့်ရှောက်ဖို့ ဘယ်လိုသတ္တိခွန်အားတွေ မွေးရမလဲဆိုသော နည်းလမ်းတွေကို သင်သိထားဖို့ အရေးကြီးပါတယ်။ သင့်ကိုယ်သင် ကျန်းမာအောင်နေပါ။ သင်သတိပြုဖို့ အရေးတကြီးလိုအပ်သော အရာတစ်ခုသည် သင့်ကျန်းမာရေးပင်ဖြစ်သည်။ သင်ကျန်းမာရေး မကောင်းလျှင် တစ်ပါးသူကို သင်ကူညီနိုင်မည် မဟုတ်ပေ။ သင်ပြုစုနေရသော လူနာသည် သင့်စောင့်ရှောက်မှုပေါ်တွင် မူတည်နေသည်။ သို့ဖြစ်၍ သင့်ကျန်းမာရေးကို ကောင်းအောင် ထိန်းသိမ်းသင့်သည်။ သင်စဉ်းစားသင့်သော အကြံပြုချက်အချို့ကတော့ အာဟာရပြည့်ဝသော ကျန်းမာရေးနဲ့ ညီညွတ်သည့် အစားအသောက်များ စားသုံးခြင်း၊ အိပ်ရေး၀၀အိပ်ခြင်း၊ တစ်ပတ်ကို […]

အူမကြီးကင်ဆာ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon