backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) အကြောင်း လေ့လာလိုက်ရအောင်နော်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer) က ဘာလဲ။

သိုင်းရွိုက်ကင်ဆာ ဆိုသည်မှာ ခန္ဓါကိုယ်ရှိသိုင်းရွိုက်အကျိတ်တွင် ပုံမှန်မဟုတ်သော ဆဲလ်များကြီးထွားများပြားလာခြင်းကိုဆိုလိုသည်။

သိုင်းရွိုက်အကျိတ်သည် လိပ်ပြာပုံစံကဲ့သို့ဖြစ်ပြီး လည်ပင်း၏အရှေ့ပိုင်းတွင် တည်ရှိသည်။

ထိုသိုင်းရွိုက်မှ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လုပ်သည်။ ထိုဟော်မုန်းမှ တဆင့် ခန္ဓါကိုယ်ရှိ ဇီဝကမ္မဖြစ်စဉ်များ၊သွေးပေါင်ချိန်များ၊နှလုံးခုန်နှုန်း၊ကိုယ်အပူချိန်၊နှင့် အလေးချိန်တို့ကို ထိန်းညှိပေးသည်။ ထိုသိုင်းရွိုက်ကင်ဆာသည် အဖြစ်နည်းသော်လည်း ဟော်မုန်းနှင့်ပတ်သတ်သည့် ကင်ဆာများတွင် အဖြစ်များဆုံးကင်ဆာဖြစ်ကြောင်းသိရသည်။(ဟော်မုန်းစနစ်သည် ကိုယ်တွင်း ရှိ လုပ်ငန်းဆောင်တာများကို ထိန်းညှိပေးသည့် ဟော်မုန်းများကို ထုတ်လုပ်သည်)ထိုကင်ဆာရှိသော သူအများစုတွင် ကုသမှုများသည်အောင်မြင်သည့်အပြင် စောစီးစွာ ရောဂါအားတွေ့ရှိရလေ့ရှိသည်။ သို့သော် ကံမကောင်းသောအားဖြင့် ကုသပြီးနှစ်များအကြာတွင် ထိုကင်ဆာသည် ပြန်လည်ဖြစ်ပွားတတ်ပါသည်။

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)ရဲ့လက္ခဏာတွေကဘာတွေလဲ

သိုင်းရွိုက်ကင်ဆာ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ –

ရောဂါကနဦးအစတွင် လက္ခဏာမပြပါ။ သိုင်းရွိုက်အကျိတ်သည် ပုံမှန်ရောဂါမရှိပဲကောင်းမွန်နေသောအခါ စမ်း၍မရပါ။ သိုင်းရွိုက်ကင်ဆာသည် ပိုဆိုးလာသောအခါ အောက်ပါလက္ခဏာများကို ပြတတ်သည်။

  • လည်ပင်းတွင် အကျိတ်လုံးထွက်လာခြင်း
  • ချောင်းဆိုးခြင်း
  • အသံဝင်ခြင်း၊အသံအောခြင်း
  • လည်ပင်းနှင့် လည်ချောင်းတွင် နာကျင်ခြင်း
  • အစာမျိုချရန်ခက်ခဲခြင်း
  • လည်ပင်းရှိ ပြန်ရည်ကြောအိမ်များ ရောင်ရမ်းခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

သိုင်းရွိုက်ကင်ဆာကို ဘာတွေကဖြစ်စေသလဲ

ကျွမ်းကျင်ပညာရှင်များအနေဖြင့်လည်း မည်သည့်အရာမှ သိုင်းရွိုက်ကင်ဆာဖြစ်စေမှန်းမသိကြချေ။ သို့သော် အခြားသောကင်ဆာများကဲ့သို့မိမိ၏ဆဲလ်များအတွင်းရှိ မျိုးရိုးဗီဇများ၏ ပြောင်းလဲမှုများကြောင့် ဖြစ်နိုင်သည်ဟု ယုံကြည်ရသည်။ ထို မျိုးရိုးဗီဇပြောင်းလဲမှုများသည် မိဘဆီမှ မျိုးရိုးလိုက်ခြင်း (သို့) အသက်အရွယ်ကြီးရင့်လာသောအခါမှ မိမိတွင် အလိုလိုဖြစ်ပွားလာခြင်း တို့ကြောင့် ဖြစ်နိုင်သည်။

သိုင်းရွုက်ကင်ဆာ အမျိုးအစားများ

ပါပက်လာရီ သိုင်းရွိုက်ကင်ဆာ

အဖြစ်အများဆုံးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်းအား ထုတ်လုပ်၍ သိုလှောင်ပေးသော ဖော်လီကူလာဆဲလ်လေးများမှ ဖြစ်ပွားသည်။

  • ဖော်လီကူလာ သိုင်းရွိုက်ကင်ဆာ
  • Medullary thyroid cancer
  • Anaplastic thyroid cancer
  • Thyroid lymphoma

ဖြစ်နိုင်ခြေများ

သိုင်းရွိုက်ကင်ဆာ ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနိုင်ခြေကို မြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အမျိုးသမီးဖြစ်ခြင်း – အမျိုးသမီးများသည် အမျိုးသားများထက်ဖြစ်ပွားနိုင်ခြေ မြင့်သည်။
  • ဓါတ်ရောင်ခြည်များထိခြင်း – အထူးသဖြင့် ခေါင်းနှင့် လည်ပင်းရှိ ဓါတ်ရောင်ခြည်ကုသမှုများလည်းကောင်း နျူကလီးယားဓါတ်ပေါင်းဖိုအတွင်း မတော်တဆမှုများ(သို့) လက်နက်စမ်းသပ်ခြင်းများတွင် လည်းကောင်းဖြစ်ပွားတတ်သည်။
  • အချို့သောမျိုးရိုးဗီဇနှင့်ပတ်သတ်သော ရောဂါများ- သိုင်းရွိုက်ကင်ဆာ ဖြစ်ပွားနိုင်ခြေမြင့်သည့် မျိုးရိုးလိုက်သည့်ရောဂါများမှာ မယ်ဒလာရီသိုင်းရွိုက်ကင်ဆာ ၊ multiple endocrine neoplasia and familial adenomatous polyposisတို့ဖြစ်ကြသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

သိုင်းရွိုက်ကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

သိုင်းရွိုက်ကင်ဆာအား ကြည့်ရှူထိတွေ့စမ်းသပ်ခြင်း (သို့) ဓါတ်ခွဲစစ်ဆေးခြင်းများဖြင့် အတည်ပြုသိရှိနိုင်ပါသည်။ လည်ပင်းအား ကြည့်ရှူစမ်းသပ်ပါက သိုင်းရွိုက်အကျိတ်နေရာတွင် သေးငယ်သော (သို့) ကြီးမားသော အလုံးတစ်လုံးကို မြင်တွေ့ရတတ်သည်။ ပြန်ရည်ကြောအိမ်များ (သို့) အကျိတ်များသည်လည်း ကြီးမားနေနိုင်သည်။

စစ်ဆေးအတည်ပြုရသော ဓါတ်ခွဲစစ်ဆေးမှုများမှာ

  • thyroid function tests
  • thyroglobulin test(follicular cancer (သို့) papillary cancer များအတွက် အသုံးပြုသည်။)
  • သိုင်းရွိုက်အား အယ်ထရာဆောင်းရိုက်ခြင်း
  • thyroid scan
  • သွေးထဲရှိကယ်လဆီယမ် ပမာဏအားတိုင်းတာခြင်း
  • သွေးထဲရှိ ဖော့စဖရပ် ပမာဏများအားတိုင်းတာခြင်း
  • သွေးထဲရှိ ကယ်လ်စီတိုနင်ပမာဏအားတိုင်းတာခြင်း
  • လည်ချောင်းထဲသို့မှန်ပြောင်းကြည့်ခြင်း စသည်ဖြင့်ဖြစ်သည်။

သိုင်းရွိုက်ကင်ဆာ (Thyroid Cancer)ကို ဘယ်လိုကုသပါသလဲ

ဖြစ်ပွားသော ရောဂါ အမျိုးအစားနှင့် အဆင့်၊မိမိ၏ယေဘုယျကျန်းမာရေးနှင့် မိမိကြိုက်နှစ်သက်သောကုသမှုများတွင် ကုသမှုသည် မူတည်သည်။ အများစုသော သိုင်းရွိုက်ကင်ဆာများသည် ကုသပျောက်ကင်းတတ်သည်။

  • ခွဲစိတ်ကုသခြင်း၊

သိုင်းရွိုက်အကျိတ်အား တခုလုံး(သို့) အကျိတ်သားအများစုကို ဖြတ်တောက်ကုသခြင်း၊

လည်ပင်းရှိပြန်ရည်ကြောအိမ်များကို ဖြတ်တောက်ကုသခြင်း၊

သိုင်းရွိုက်အကျိတ်၏တပိုင်းတစ်ဒေသကိုသာ ဖြတ်တောက်ကုသခြင်း၊

  • သိုင်းရွိုက်ဟော်မုန်းများ သောက်သုံး၍ကုသခြင်း

သိုင်းရွိုက်အား ဖြတ်တောက်ခွဲစိတ်ပြီးသောအခါ သိုင်းရွက်ဟော်မုန်းဆေးဖြစ်သော လီဗိုသိုင်ရော်ဇင်းအား တစ်သက်လုံးသောက်သုံးရတတ်သည်။ သောက်သုံးရမည့် သင့်တော်သော သိုင်းရွိုက်ဟော်မုန်းဆေးပမာဏအား သိရှိသည်အထိ သွေးထဲရှိ သိုင်းရွိုက်ဟော်မုန်းပမာဏများအား လအနည်းငယ်ကြာတိုင်းစစ်ဆေးခြင်းများပြုလုပ်ရတတ်သည်။

ထို့နောက် နှစ်စဉ်သွေးစစ်ဆေးမှုများလည်း ပြုလုပ်ရတတ်သည်။

  • ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများဖြင့် ကုသခြင်း

ရေဒီယိုသတ္တိကြွ အိုင်အိုဒင်းများကို ပမာဏအများပြားပေး၍ ကုသသည်။ သိုင်းရွိုက်အကျိတ်အား ဖြတ်တောက်ကုသပြီး ကျန်ရှိသောသိုင်းရွိုက်တစ်ရှူးများအားဖျက်ဆီးကုသသည့်

အချိန်တွင်ဖြစ်စေ၊ခွဲစိတ်မှုပြုလုပ်စဉ်အတွင်း မဖြတ်ထုတ်လိုက်ရသော မိုက်ခရိုစကုပ်ဖြင့်သာမြင်ရနိုင်သည့် သိုင်းရွိုက်တစ်ရှူးများအား ဖျက်စီးကုသသည့်အချိန်တွင်ဖြစ်စေ အသုံးပြုတတ်သည်။

  • ပြင်ပမှဓါတ်ရောင်ခြည်ပေးကာကုသခြင်း

အကျိတ်၏အပြင်ပိုင်းရှိနေရာများအား စွမ်းအားပြင်းသည့်ဓါတ်ရောင်ခြည်တန်းများကို တိတိကျကျ ထိတွေ့မှုပေးနိုင်သော စက်တခုဖြင့် ကုသလေ့ရှိသည်။

  • ကင်ဆာဆေးများသွင်း၍ကုသခြင်း

သိုင်းရွိုက်ကင်ဆာတွင် အများအားဖြင့် အသုံးပြုလေ့မရှိသော်လည်း

အခြားသောကုသနည်းများဖြင့် မကောင်းမွန်လာသော လူနာများအား သက်သာပျောက်ကင်းစေခြင်းငှာ ဖြစ်နိုင်သည်။

  • ဆေးဖြင့်ပစ်မှတ်ထားကုသခြင်း

ဆိုလိုသည်မှာ ကင်ဆာဆဲလ်များအတွင်းရှိ သက်ဆိုင်ရာနေရာများနှင့် ပစ္စည်းများအား တိတိကျကျထိရောက်စေသော ဆေးများအသုံးပြုကာ ကုသခြင်းဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက သိုင်းရွိုက်ကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် သိုင်းရွိုက်ကင်ဆာ ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

သိုင်းရွိုက်ကင်ဆာအများစုမှာ ကာကွယ်၍မရနိုင်ပါ။ ရှားပါးသော သိုင်းရွိုက်ကင်ဆာ အမျိုးအစားတခုဖြစ်သည့် medullary thyroid cancer (MTC) သည် မိဘများမှ လက်ဆင့်ကမ်းမျိုးရိုးလိုက်တတ်သော ရောဂါဖြစ်သည်။ ထို့ကြောင့် မျိုးရိုးဗီဇစစ်ဆေးမှုများပြုလုပ်ပြီး ဖြစ်ပွားနိုင်ခြေကို တွက်ချက်ကာသဘောပေါက်ထားသင့်သည်။ အကယ်၍ဖြစ်ပွားနိုင်ခြေများနေပါက သိုင်းရွိုက်အကျိတ်အား ဖြတ်ထုတ်၍ နောက်ပိုင်း ဘဝတွင် ဖြစ်ပွားနိုင်ခြေများကို လျှော့ချကာကွယ်နိုင်သည်။ ဓါတ်ပေါင်းဖိုနားရှိ သူများသည်လည်း ကြိုတင်ကာကွယ်မှုအချို့ယူထားသင့်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr.Nyan Linn မှ ရေးသားသည်။ · 21/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement