backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Vulvar Cancer ( မိန်းမကိုယ်ကင်ဆာ )

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Vulvar Cancer ( မိန်းမကိုယ်ကင်ဆာ )

မီးယပ်ကင်ဆာတွေထဲမှာ သားအိမ်ခေါင်းကင်ဆာလို့ ပြောလိုက်ရင် လူသိများပေမယ့် မိန်းမကိုယ်ကင်ဆာ လို့ ပြောလိုက်ရင် အသိနည်းကြပါတယ်။ သားအိမ်ခေါင်းကင်ဆာလောက် အဖြစ်မများပေမဲ့ ဖြစ်တတ်တာကြောင့် သတိထားဖို့ လိုပါတယ်။

Vulvar Cancer ( မိန်းမကိုယ်ကင်ဆာ ) ဆိုတာ ဘာလဲ

မိန်းမကိုယ်ကင်ဆာဆိုတာ အမျိုးသမီးရဲ့ မျိုးပွားအင်္ဂါအပြင်ဖက် Vulva မှာ ဖြစ်တဲ့ ကင်ဆာဖြစ်ပါတယ်။ မိန်းမကိုယ်မှာ မအင်္ဂါခေါင်း၊ မအင်္ဂါနှုတ်ခမ်း၊ မအင်္ဂါစေ့နဲ့ ဆီးစပ်အရိုးနေရာရှိ အရေပြားနဲ့ တစ်ရှူးတို့ ပါဝင်ပါတယ်။

မအင်္ဂါကင်ဆာက မအင်္ဂါနှုတ်ခမ်းအပြင်ဖက်ပိုင်းမှာ အဖြစ်များဆုံးဖြစ်ပါတယ်။ အတွင်းနှုတ်ခမ်းသားနဲ့ မအင်္ဂါစေ့တို့မှာ သိပ်မဖြစ်တတ်ပါ။

မိန်းမကိုယ်ကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ

တွေ့ရများတဲ့ လက္ခဏာများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • မအင်္ဂါတစ်ဝိုက်မှာ နာခြင်း
  • လိင်ဆက်ဆံစဉ်နာခြင်း
  • ဆီးသွားစဉ်နာခြင်း
  • မအင်္ဂါတစ်ဝိုက်မှာ အတော်ကြာကြာ ယားယံခြင်း
  • မိန်းမကိုယ်နှုတ်ခမ်းသားထူလာခြင်း၊ အကျိတ်ပေါ်လာခြင်း
  • မအင်္ဂါအရေပြားမှာ ကြွက်နို့လိုမျိုး အရာများပေါက်လာခြင်း
  • ရာသီချိန်မဟုတ်ဘဲ သွေးဆင်းခြင်းတို့ ဖြစ်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

များသောအားဖြင့် မိန်းမကိုယ်ကင်ဆာက ရောဂါနုချိန်မှာ လက္ခဏာသိပ်မပြတတ်ပါ။ ဒီအချက်တွေ ရှိနေရင်တော့ ဆရာဝန်နဲ့ ပြသပါ။

မိန်းမကိုယ်ကင်ဆာ ကို ဘာတွေက ဖြစ်စေသလဲ

ဘာကြောင့် ကင်ဆာဖြစ်ရသလဲဆိုတာ သေချာမသိရသေးပါ။ ဒါပေမဲ့ ကင်ဆာတို့ရဲ့ သဘာဝအရ ခန္ဓာကိုယ်ရှိ ဆဲလ်တွေ ပုံမမှန်ပွားခြင်းကနေ ဖြစ်လာတာပဲ ဖြစ်ပါတယ်။ ဒီဆဲလ်တွေက ကင်ဆာအကျိတ်ဖြစ်လာပြီး အနီးရှိတစ်ရှူးများကို ထိုးဖောက်ခြင်း၊ တခြားအင်္ဂါများကို ပျံနှံ့ခြင်းများ ဖြစ်လာပါတယ်။

မိန်းမကိုယ်ကင်ဆာဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

လူတိုင်းမှာ ဖြစ်နိုင်ခြေ ရှိပေမဲ့ တချို့အချက်တွေက မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားနိုင်ချေကို မြင့်စေပါတယ်။

  • အသက်ကြီးခြင်း။ ကင်ဆာဖြစ်ပွားနိုင်ချေသည် အသက်ကြီးလာတာနဲ့အမျှ မြင့်လာပါတယ်။
  • Human Papilloma ဗိုင်းရပ်စ်ပိုးကူးစက်ခံရခြင်း။ HPVက လိင်မှတစ်ဆင့်ကူးစက်နိုင်ပြီး မိန်းမကိုယ်ကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာလို ကင်ဆာများကို ဖြစ်စေနိုင်ပါတယ်‌တယ်။
  • ဆေးလိပ်သောက်ခြင်း။
  • HIV ပိုးကူးစက်ခံရခြင်း

မိန်းမကိုယ်ကင်ဆာကို ဘယ်လိုအတည်ပြုပါသလဲ

တင်ပဆုံပိုင်း စစ်ဆေးမှုကနေ မအင်္ဂါမှာ ဖြစ်နေတဲ့ အစောပိုင်းပြောင်းလဲမှုများကို သိရှိနိုင်ပါတယ်။ စမ်းသပ်ခြင်းကနေ ရောဂါလက္ခများရှိနေရင် အသားစစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ အသားစစစ်ဆေးမှုမှာ ကင်ဆာဆဲလ်တွေတွေ့ရပါက တခြားပျံ့နှံ့နေတဲ့ နေရာရှိမရှိ ထပ်မံစစ်ဆေးဖို့ လိုအပ်ပါတယ်။

သွေးစစ်ခြင်း၊ ဆီးစစ်ခြင်း၊ ဓာတ်မှန်ရိုက်ခြင်း၊ မိန်းမကိုယ်မှန်ပြောင်းကြည့်ခြင်း စသဖြင့် လိုအပ်တာတွေကို စစ်ဆေးပါလိမ့်မယ်။

မိန်းမကိုယ်ကင်ဆာ ကို ဘယ်လိုကုသပါသလဲ

လူနာအခြေအနေ၊ ကင်ဆာအမျိုးအစား၊ အရွယ်အစားနဲ့ ပျံ့နှံ့နေမှုအပေါ်မူတည်ပြီး ကုသပုံကွဲနိုင်ပါတယ်။

အစက်အပြောက်လောက်သာရှိတဲ့ ကင်ဆာသေးသေး‌လေး‌‌တွေဆိုရင် လေဆာသုံးပြီး ကုသနိုင်ပါတယ်။ ကင်ဆာကျိတ်ကြီးရင်‌တော့ ခွဲစိတ်ကုသဖို့ လိုနိုင်ပါတယ်။

ရောင်ခြည်ပြတာ၊ ဆေးသွင်းတာ စတာတွေလည်း အခြေအနေပေါ် မူတည်ပြီး လိုနိုင်ပါတယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်း

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက မိန်းမကိုယ်ကင်ဆာကို ကုသတဲ့နေရာမှာ အဆင်ပြေအောင် ကူညီပေးနိုင်ပါတယ်။

  • ကျန်းမာရေးအခြေအနေနဲ့ ကင်ဆာရောဂါတိုးတက်မှုအခြေအနေကို သိရှိဖို့ ဆရာဝန်နဲ့ မှန်မှန်ပြပါ။
  • ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ဆေးပုံမှန်သောက်ပါ။
  • အတူနေတဲ့အခါ အကာအကွယ်သုံးပါ။
  • အာဟာရပြည့်ဝအောင် စားပါ။
  • အိပ်ရေးဝဝအိပ်ပါ။
  • အရက်၊ ဆေးလိပ်ဖြတ်ပါ။
  • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

Dr. K Zin Thwe


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 17/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement