backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Uterine Cancer (သားအိမ်ကင်ဆာ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Uterine Cancer (သားအိမ်ကင်ဆာ)

သားအိမ်ကင်ဆာ ဆိုတာ သားအိမ်ခေါင်းကင်ဆာ‌လောက် အဖြစ်မများပေမယ့် သတိထားရမယ့် ကင်ဆာပါ။ လက္ခဏာတွေကို သိရှိထားခြင်းက စောစောစီးစီး သိစေဖို့ အထောက်အကူ ဖြစ်မှာပါ။

Uterine Cancer ( သားအိမ်ကင်ဆာ ) ဆိုတာ  ဘာလဲ။

သားအိမ်ကင်ဆာဆိုတာ သားအိမ်ရဲ့ အတွင်းနံရံကနေ ဖြစ်ပွားတဲ့ ကင်ဆာအမျိုးအစားတစ်ခု ဖြစ်ပါတယ်။

သားအိမ်က ဆီးအိမ်နဲ့ အူမကြီး အနှောင်းပိုင်းကြားမှာ ရှိပါတယ်။ သားအိမ်ခေါင်းက မွေးလမ်းကြောင်းနဲ့ ဆက်စပ်နေပြီး သားအိမ်ကိုယ်ထည်ကတော့ သားဥပြွန်နဲ့ ဆက်ထားပါတယ်။

ကင်ဆာက သားအိမ်တစ်ရှူးအလွှာများမှာ ဖြစ်နိုင်သလို သားအိမ်ရဲ့ ကြွက်သားတွေမှာလည်း ဖြစ်ပွားတတ်ပါတယ်။

သားအိမ်ကင်ဆာရဲ့ လက္ခဏာတွေက ဘာတွေလဲ။

ကင်ဆာက အစောပိုင်းမှာ သိပ်ပြီး  လက္ခဏာမပြတတ်ပါဘူး။ နည်းနည်းရင့်လာရင်တော့ အောက်ပါ လက္ခဏာတွေ ပြနိုင်ပါတယ်။ ဒီလက္ခဏာတွေက ကင်ဆာအပြင် တခြားမီးယပ်ရောဂါတွေမှာလည်း ဖြစ်တတ်တယ်ဆိုတာ သိထားဖို့ လိုပါတယ်။ တွေ့ရတတ်တဲ့ လက္ခဏာတွေကတော့

ကင်ဆာက အခြားကိုယ်အင်္ဂါများကို ပျံ့နှံ့သွားတဲ့အခါ ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်ခြင်း၊ ခါးနာခြင်းတို့လည်း ဖြစ်နိုင်ပါတယ်။

သားအိမ်ကင်ဆာကို ဘာတွေက ဖြစ်စေသလဲ။

သိပ္ပံပညာရှင်များက သားအိမ်ကင်ဆာ ဖြစ်ပွားစေတဲ့ အကြောင်းရင်းအတိအကျကို မသတ်မှတ်နိုင်သေးပါ။ သားအိမ်အတွင်းနံရံဆဲလ်များ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲခြင်းလို့ ယူဆထားကြပါတယ်။ မျိုးဗီဇ ပြောင်းလဲခြင်းကလည်း ပုံမှန်ကျန်းမာတဲ့ ဆဲလ်တွေကို ပုံမမှန်တဲ့ ဆဲလ်များအဖြစ် ပြောင်းလဲစေနိုင်ပါတယ်။

သားအိမ်ကင်ဆာ ဖြစ်နိုင်ချေကို ဘာတွေကမြင့်စေသလဲ။

သားအိမ်ကင်ဆာဖြစ်နိုင်ချေကို မြင့်စေသော အချက်များ စွာ ရှိပါသည်။ ဥပမာ-

  • အမျိုးသမီး ဟော်မုန်းမျှခြေ ပြောင်းလဲခြင်း။

မမျိုးဥအိမ်က အီစထရိုဂျင် (oestrogen) နဲ့ ပရိုဂျက်စတုန်း (progesterone) လို့ ခေါ်တဲ့ မဟော်မုန်း နှစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းတွေ တက်လိုက်ကျလိုက် ပြောင်းလဲမှုက  သားအိမ်အပေါ်ယံအလွှာ ပြောင်းလဲမှုကို ဖြစ်စေပါတယ်။

ဥပမာ သားဥအိမ်ရေအိတ်တည်ခြင်းရောဂါစု (polycystic ovary syndrome) ရောဂါမှာ မမျိုးဥကြွေမှု ပုံမမှန်ဖြစ်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချို သွေးချိုဖြစ်ခြင်းတို့ ဖြစ်တတ်ပြီး နောက်ပိုင်းမှာ သားအိမ်ကင်ဆာဖြစ်နိုင်ခြေကို မြင့်စေတယ်လို့ ဆိုပါတယ်။ ဒါ့ပြင် သွေးဆုံးကိုင်  ဝေဒနာများ သက်သာစေဖို့ ဟော်မုန်းအစားထိုး ကုထုံးတွေ ခံယူတာကလည်း ဖြစ်နိုင်ခြေကို များစေပါတယ်။

  • အီစထရိုဂျင်နဲ့ ထိတွေ့မှုများခြင်း 
  • အပျိုဖော်ဝင်ချိန် စောခြင်း၊ သွေးဆုံးချိန် နောက်ကျခြင်း စတာတွေက ခန္ဓာကိုယ်မှာ အီစထရိုဂျင်နဲ့ ထိတွေ့ရတဲ့ နှစ်တွေကို ကြာစေပါတယ်။ ဒါ့ပြင် ကိုယ်ဝန်တစ်ခါမှ မဆောင်ဖူးဘူးဆိုရင်လည်း ဖြစ်နိုင်ခြေ များတတ်ပါတယ်။

  • အဝလွန်ခြင်း
  • အဝလွန်ခြင်းက ခန္ဓာကိုယ်ရဲ့  ဟော်မုန်း မျှခြေကို ပြောင်းလဲစေပါတယ်။

    သားအိမ်ကင်ဆာ ကို ဘယ်လိုအတည်ပြုပါသလဲ

    ဆရာဝန်က ရောဂါရာဇဝင်မေးမြန်းခြင်း၊ ခန္ဓာကိုယ် စစ်ဆေးခြင်းနဲ့ သားအိမ်နံရံကနေ အသားစယူပြီး စစ်ဆေးခြင်းဖြင့် ရောဂါကို အဖြေရှာအတည်ပြုနိုင်ပါတယ်။

    ဒါ့ပြင် ကင်ဆာ အဆင့်ခွဲခြင်းအတွက် အခြားစစ်ဆေးမှုများကို ပြုလုပ်ပါလိမ့်မယ်။ ဥပမာ ကွန်ပျူတာ ဓာတ်မှန်ရိုက်ခြင်း၊ သံလိုက်ဓာတ်မှန်ရိုက်ခြင်း၊ အာထရာဆောင်းနဲ့ သားအိမ်ခြစ်ပြီး စစ်ဆေးခြင်း စသည့် စစ်ဆေးမှုများ ပြုလုပ်နိုင်ပါတယ်။

    သားအိမ်ကင်ဆာကို ဘယ်လိုကုသပါသလဲ

    ကုသမှုက ကင်ဆာအဆင့်ပေါ်မှာ မူတည်ပါသည်။ ခွဲစိတ်ခြင်း၊ ဆေးသွင်းခြင်း၊ ရောင်ခြည်ပြခြင်း စသဖြင့် သင့်‌တော်သလို အသုံးပြုပါလိမ့်မယ်။

    ဥပမာ ကင်ဆာက သားအိမ်မှာဆိုရင် အကျိတ်ကို ခွဲထုတ်ပြီး ဖယ်ရှားပါလိမ့်မယ်။ အနီးအနားက ပြန်ရည်ကျိတ်မှာပါ အကျိတ်ရှိနေရင် ပြန်ရည်ကျိတ်တွေကိုပါ ဖယ်ရှားပါလိမ့်မယ်။ ပြီးရင်တော့ ရောင်ခြည်ကုထုံး၊ ဟော်မုန်းကုထုံး၊ ဓာတုကုထုံးဖြင့် ကျန်သေးတဲ့ ကင်ဆာ အကျိတ်ကို ကျုံ့စေဖို့၊ ကင်ဆာပျံ့ပွားမှုကို ကာကွယ်ဖို့ အသုံးပြုနိုင်ပါတယ်။

    လူနေမှုပုံစံ ပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးများ

    ကင်ဆာကြောင့်ဖြစ်ဖြစ်၊ ကင်ဆာကုထုံးတွေကြောင့်ဖြစ်ဖြစ် လူနာက ပင်ပန်းပြီး စိတ်ဓာတ်ကျနေနိုင်ပါတယ်။ ဒါတွေကို ကျော်လွှားဖို့၊ ကင်ဆာကနေ ပြန်ပြီး နာလန်ထူလာနိုင်ဖို့ အောက်ပါနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။

    • အာဟာရပြည့်ဝအောင် စားသောက်ပါ။
    • ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ။
    • မိတ်ဆွေ သူငယ်ချင်းများကို ရင်ဖွင့်ပါ။
    • အိပ်ရေးဝဝအိပ်ပါ။
    • ဆေးလိပ်၊ အရက်ဖြတ်ပါ။
    • ရက်ချိန်းပုံမှန်ပြပါ။
    • ကိုယ်နိုင်သလောက် အလုပ်လုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 14/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement