အခြားကင်ဆာများ

ကင်ဆာရောဂါများရဲ့ အစောပိုင်းလက္ခဏာများ၊ ကုထုံးများ၊ ကြိုတင်ကာကွယ်နည်းများနှင့် လိုက်နာရမယ့် နေထိုင်စားသောက်မှုပုံစံများကို ဒီကဏ္ဍမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားကင်ဆာများ

ခုခံအားကုထုံး နဲ့ပတ်သက်ပြီး သင်ဘာတွေ သိထားသင့်သလဲ။

ခုခံအားကုထုံး ဆိုတာ ကင်ဆာကုထုံးတစ်ခုပါ။ ဆေးပညာတွေ အဆင့်မြင့်လာတာနဲ့အမျှ ကင်ဆာရောဂါကို ကုသရာမှာ အစွမ်းထက်ပြီး လူနာကို ထိခိုက်မှု နည်းစေတဲ့ ကုထုံးတွေကို ရှာဖွေလာကြပါတယ်။ ဒီထဲမှာ ခုခံအား ကုထုံးလည်း ပါဝင်ပါတယ်။ ခုခံအားကုထုံး ဆိုတာ ခုခံအားကုထုံးဆိုတာ လူနာရဲ့ ကိုယ်ပိုင် ခုခံအားကို သုံးပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်စေတာပဲ ဖြစ်ပါတယ်။ ခုခံအားကုထုံးကို ပေးလိုက်တာက လူနာရဲ့ ခုခံအားစနစ်ကို မြှင့်တင် ဒါမှမဟုတ် အပြောင်းအလဲဖြစ်စေတဲ့အတွက် ကင်ဆာဆဲလ်တွေကို ပိုပြီး တိုက်ခိုက်စေနိုင်ပါတယ်။ ခုခံအားကုထုံးက ဘယ်လိုအလုပ်လုပ်သလဲ။ ခုခံအားက ပုံမှန်ဆိုရင် ခန္ဓာကိုယ်ထဲမှာ ရှိနေတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို တိုက်ခိုက်ဖျက်ဆီးပေးပါတယ်။ ဒီလိုဖျက်ဆီးခံရတဲ့ အထဲမှာ ပုံမှန်အတိုင်း မဟုတ်ဘဲ ပွားနေတဲ့ ကင်ဆာဆဲလ်တွေလည်း ပါပါတယ်။ ခုခံအားက ကင်ဆာဆဲလ်တွေကို တိုက်ခိုက်တဲ့အခါ ခုခံအားဆဲလ်တွေကို ကင်ဆာကျိတ်ရဲ့ အထဲ […]

အခြားကင်ဆာများ ကို ရှာဖွေမည်။

အခြားကင်ဆာများ

ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလား။

ဘယ် ကင်ဆာ အမျိုးအစားကိုမှ ကာကွယ်လို့ မရပေမယ့် ကင်ဆာဖြစ်နိုင်ခြေကိုတော့ လျှော့ချလို့ ရနိုင်ပါတယ်။ ဘယ်လို လျှော့ချလို့ ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ် ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မယ့် နည်းလမ်း တစ်ရပ်ကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပါ။ နေ့စဉ်ဘဝမှာ တက်တက်ကြွကြွ နေတာ၊ ပုံမှန် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်သလို ကင်ဆာဖြစ်နေသူတွေမှာ ကုထုံး ခံယူနေစဉ်မှာလည်း ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ နေ့စဉ် ပုံမှန် လေ့ကျင့်ခန်း လုပ်ပေးတာက ကောင်းကျိုး အများကြီး ရှိပါတယ်။ ကြီးမားတဲ့ ရလဒ် တစ်ရပ်ကတော့ လေ့ကျင့်ခန်း ပုံမှန် လုပ်တာက ကာကွယ်လို့ မရတဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချနိုင်တာပါ။ လေ့လာမှုတွေအရ […]


အခြားကင်ဆာများ

ကင်ဆာရောဂါ တွေကို ဘယ်လိုကုသနိုင်သလဲ။

ကင်ဆာရောဂါ တစ်ခုခု ခံစားနေရတယ်လို့ အဖြေထွက်လာရင် လူနာက စိတ်ဓာတ်အကြီးအကျယ် ကျသွားတတ်ပါတယ်။ သူသိထားတာက ကင်ဆာဆိုတာ ကုသလို့ မရဘူးဆိုပြီးတော့ပါ။ ဒါက အကုန်မှန်တာတော့ မဟုတ်ပါဘူး။ ကင်ဆာက အပြီးပျောက်အောင် ကုသလို့ မရတာ မှန်ပေမယ့် သက်တမ်းစေ့ မနေနိုင်တာတော့ မဟုတ်ပါဘူး။ ကင်ဆာရောဂါက ဘာနဲ့ တူသလဲဆိုတော့ သွေးတိုးတို့၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေနဲ့ တူပါတယ်။ ဒီရောဂါတွေကလည်း ကုလို့ မပျောက်ပါဘူး။ ဒါပေမယ့် လူနာတွေက ဆေးတွေသောက်တယ်။ ရက်ချိန်းတွေ မှန်မှန်ပြပြီး နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကာကွယ်ကြပါတယ်။ ကင်ဆာကလည်း ဒီသဘောပါပဲ။ ကုသလို့ မပျောက်ဘူး။ ပိုဆိုးရင် ပြန်ပြန်ဖြစ်တယ်ဆိုပေမယ့် ဒါက စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ သွေးတိုးတို့ ဆီးချိုတို့လိုပဲ ကင်ဆာကုထုံးကို သေချာခံယူမယ်။ ရက်ချိန်းမှန်မှန်ပြန်ပြပြီး ရောဂါအခြေအနေကို စောင့်ကြည့်မယ်ဆိုရင် သက်တမ်းစေ့နေနိုင်မှာပါ။ ဒါဆိုရင် […]


အခြားကင်ဆာများ

ကင်ဆာပြန်မဖြစ် အောင် ဘယ်လို ဆင်ခြင်နေထိုင်သင့်သလဲ

ကင်ဆာဖြစ်တယ်၊ ကုထုံးတွေ ခံယူတယ်၊ တော်တော်လေး ရောဂါကို ထိန်းနိုင်ပြီ၊ ပျောက်သလောက် ရှိနေပြီဆိုရင် ကုထုံးတွေကို ရပ်ပြီး ရက်ချိန်းတွေ ပြန်ခေါ်ကြည့်ပါတယ်။ ကုပြီးပြီပဲ။ ဘာလို့ ရက်ချိန်းတွေ ပြန်ပြန်ခေါ်တာလဲလို့ မေးစရာ ရှိပါတယ်။ ကင်ဆာ ဖြစ်ဖူးတဲ့သူက သူများထက် ကင်ဆာပြန်ဖြစ် နိုင်ခြေ ပိုများပါတယ်။ ရက်ချိန်းပုံမှန်သွားပြီး ဆေးပုံမှန် စစ်တာက ကင်ဆာပြန်ဖြစ်သလားဆိုတာကို စောစောစီးစီး သိစေပါတယ်။ ဒါကြောင့် ကုသမှု စောစောခံယူနိုင်ပါတယ်။ ကင်ဆာပြန်မဖြစ် ဖို့ဆိုရင် ရက်ချိန်းတွေ ပုံမှန်သွားရုံနဲ့တင် မပြီးသေးပါဘူး။ လူနာဘက်က လိုက်နာရမယ့် အချက်လေးတွေ ရှိပါသေးတယ်။ ကင်ဆာပြန်မဖြစ် စေဖို့ ပြောင်းလဲသင့်တဲ့ နေထိုင်စားသောက်မှုပုံစံ ရက်ချိန်းပုံမှန်ပြနေတာအပြင် လူနာအနေနဲ့ အောက်ကအချက်တွေကို လိုက်နာဖို့လည်း လိုပါသေးတယ်။ စားသောက်မှုပုံစံ အများစုကတော့ ကင်ဆာကုထုံးပြီးတဲ့နောက်မှာ ဆင်ဆင်ခြင်ခြင် စားဖို့၊ ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို စားဖို့ […]


အခြားကင်ဆာများ

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

ကင်ဆာနဲ့ ပတ်သက်ပြီး ဘာတွေက အမှန်လဲဆိုတာ သိဖို့လိုနေသေးတဲ့ အချက်တွေ ရှိပါတယ်။ ကင်ဆာဆိုတာ လူတိုင်းကြောက်တဲ့ ရောဂါပါ။ ကင်ဆာဖြစ်ရင် သေတာပဲဆိုတဲ့ ယူဆချက်တွေကလည်း ခုထိ ရှိနေပါသေးတယ်။ တကယ်တော့ ဆေးပညာတွေက နေ့စဉ်နဲ့အမျှ တိုးတက်လာတာဖြစ်လို့ ကင်ဆာတွေက ဒီလောက်ထိ ကြောက်ဖို့ မကောင်းတော့ပါဘူး။ ဒါ့ပြင် ကင်ဆာဝေဒနာ ခံစားရသူတွေကလည်း ပတ်ဝန်းကျင်က ပြောစကားတွေကြောင့် မှားပြီး လုပ်မိတာလေးတွေ ရှိပါတယ်။ ဘယ်လို အမှားတွေလဲ ဘယ်လို ယုံတမ်းစကားတွေလဲဆိုတာ ကြည့်လိုက်ရအောင်။ ကင်ဆာနဲ့ ပတ်သက်ပြီး အမှန်အမှား သတင်းများ ကင်ဆာဆိုတာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတာ မဟုတ်ပါဘူး ခုနောက်ပိုင်းမှာ ကင်ဆာနဲ့ ပတ်သက်တဲ့ သေနှုန်းတွေက တဖြည်းဖြည်း ကျလာပါပြီ။ အထူးသဖြင့် ရင်သားကင်ဆာ၊ ဆီးကျိတ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေမှာ ရှင်နှုန်းတော်တော်များလာတာကို တွေ့ရပါတယ်။ ဒီကိန်းဂဏန်းတွေက ကင်ဆာနုစဉ်မှာ အချိန်မီ ကုသမှု […]


အခြားကင်ဆာများ

ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်တွေ

ကင်ဆာဆိုတာ အခုနောက်ပိုင်း အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ခုပေါ့။ အသက်ကြီးမှ အဖြစ်များတယ်ဆိုပေမယ့် အရွယ်မရွေး ခံစားရနိုင်ပါတယ်။ ကင်ဆာဖြစ် ရတာက နေထိုင်စားသောက်မှုပုံစံကြောင့်လည်း အများကြီး ပါပါတယ်။ ဒီတစ်ခေါက်တော့ ဘယ်လို အမူအကျင့်တွေက ကင်ဆာဖြစ်စေနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ကင်ဆာဖြစ် စေနိုင်တဲ့ အမူအကျင့်အချို့ နေ့စဉ် လုပ်မိနေတဲ့ အမူအကျင့်တွေထဲမှာ ဒါတွေပါနေလား ဆန်းစစ်ပါ။ သကြား အများကြီးစားမိတယ် ချိုချိုလေးမှ ကြိုက်တယ်ဆိုပြီး သကြားတွေ အများကြီး စားမိနေပြီလား။ ဒါဆိုရင်တော့ အခုကစပြီး သကြား လျှော့စားပါ။ သကြား အများကြီး စားတာက အဝလွန်တာနဲ့ ဆဲလ်ရောင်ရမ်းမှုကို ဖြစ်စေနိုင်ပြီး ကင်ဆာ ဖြစ်နိုင်ခြေကို တိုးစေတဲ့ အရာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ သာမန်လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ သကြားကို အမျိုးသားဆို လက်ဖက်ရည်ဇွန်း ၉ ဇွန်း၊ အမျိုးသမီးဆို ၆ဇွန်းထက် ပိုမစားသင့်ပါဘူး။ […]


အခြားကင်ဆာများ

အစာရေမျိုကင်ဆာ ဒီလိုကာကွယ်ပါ

အခုနောက်ပိုင်း အနေအထိုင်၊ စားသောက်မှုပုံစံတွေကြောင့် ကင်ဆာတွေ အဖြစ်များလာပါတယ်။ အဆုတ်၊ ရင်သား၊ အသည်း၊ အစာအိမ်၊ အူမကြီးကစလို့ ခန္ဓာကိုယ်နေရာ အတော်များများမှာ ကင်ဆာတွေ ဖြစ်လာပါတယ်။ ဒီကင်ဆာတွေက ကာကွယ်လို့ရပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်နည်းပေမယ့်လည်း ကာကွယ်ထားရင် မမှားတဲ့ ကင်ဆာ အမျိုးအစားတစ်ခုဖြစ်တဲ့ အစာရေမျို ကင်ဆာလေးအကြောင်း ပြောပြပေးပါရစေ။ အစာရေမျိုကင်ဆာ ဘာတွေကြောင့်ဖြစ်ရတာလဲ။ အစာရေမျိုကင်ဆာ ဖြစ်စေရတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေပါတယ်။ အသက်အရွယ် အစာရေမျိုကင်ဆာက အသက် ၅၀ နဲ့ အထက်လူတွေမှာ အဖြစ်များပါတယ်။ ကျား/မ ကွာခြားချက် အစာရေမျိုကင်ဆာက အမျိုးသမီးတွေထက် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ ဆေးလိပ် နဲ့ အရက် ဆေးလိပ်နဲ့ အရက်ကို အချိန်ကြာမြင့်စွာ သုံစွဲလာတာ၊ အလွန်အကျွံ သုံးစွဲတာတွေကြောင့်လည်း အစာရေမျိုကင်ဆာ ဖြစ်စေနိုင်ပါတယ်။ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ ရောဂါရှိတာ စားချဉ့်ရည် ပြန်ဆန်တက်တဲ့ရောဂါ ခံစားရမယ်ဆိုရင် သေချာ ကုသဖို့ လိုပါမယ်။ မကုသဘဲ ထားမယ်ဆိုရင် […]


အခြားကင်ဆာများ

အဝလွန် မှုရဲ့ နောက်ဆက်တွဲကင်ဆာအမျိုးအစားများ

ဝလို့ လှလို့ပဲ ရှိတယ်ဆိုပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောနေတုန်းလား။ ဒါဆိုရင်တော့ ဒီအယူအဆကို ပြင်ဆင်ဖို့ လိုပါပြီ။ အကြောင်းကတော့ ဝတိုင်း မလှပါဘူး။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင် အဝလွန် လာမယ်။ အဝလွန် တာရဲ့ နောက်ဆက်တွဲမှာ ကျန်းမာရေးပြဿနာတွေ ရှိလာမယ်။ ဒီလိုဖြစ်လာမယ့် အထဲမှာ ကင်ဆာလည်း ပါတယ်။ ဒီတော့ အဝလွန်ရင် ဘယ်လို ကင်ဆာတွေဖြစ်နိုင်လဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ အဝလွန် တာနဲ့ ကင်ဆာ ဆက်စပ်မှုရှိလား ? ကင်ဆာ အများစုက အဝလွန် ခြင်းကနေ အရင်းခံလာတာ များပါတယ်။ လေ့လာမှု အချက်အလက် အများစုအရ အဝလွန် တာဟာ နောက်ပိုင်းမှာ ကင်ဆာတွေကို ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ အဝလွန် တဲ့ သူတွေဟာ ခန္ဓာကိုယ်ထဲမှာ အဆီများသလို ရောဂါဖြစ်နိုင်ခြေကလည်း […]


အခြားကင်ဆာများ

အစာရေမျိုပြွန်ကင်ဆာကို ကြံ့ကြံ့ခံ ရင်ဆိုင်ခြင်း

လူတွေက တွေ့တိုင်း ပိန်သွားတယ်နော်။ ဝိတ်ချနေတာလားလို့ပဲ မေးနေတယ်။ တကယ်က ဝိတ်မချပါဘူး။ အစား စားလိုက်တိုင်း မျိုချရခက်လို့ မစားဘဲနေရင်းက အခုလို ဝိတ်ကျလာတာပေါ့။ ဒီလိုနဲ့ စားမဝင်ရင်းက ရင်ဘတ်ထဲက အောင့်အောင့်လာတာ၊ ချောင်းတွေဆိုးတာပါဖြစ်လာတော့ စိုးရိမ်ပြီး အိမ်က ဆရာဝန်နဲ့ ပြကြည့်ရအောင်လားဆိုတော့ ဆေးခန်းသွားပြဖြစ်တယ်။ လိုအပ်တဲ့ စစ်ဆေးမှုတွေကို ဆရာဝန်က ညွှန်ကြားပေးတယ်။ ဆေးစစ်ချက် အဖြေထွက်လာတော့ မျက်စိတွေပါပြာသွားတယ်။ ကမ္ဘာကြီးလည်းခြာခြာလည်သွားသလိုပဲ။ အစာရေမျိုပြွန် ကင်ဆာတဲ့လား။ မေးမိတာက ဆရာ ဒါဆို ကျွန်တော် သေရတော့မှာလားပေါ့။ ဒီမှာ ဆရာက ဒီလိုလည်း မဟုတ်သေးပါဘူးဆိုပြီး ရောဂါအကြောင်းရော ဘယ်လိုနေထိုင်ရမလဲဆိုတာကိုပါ ရှင်းပြပေးတယ်။ အစာရေမျိုပြွန်ကင်ဆာဆိုတာ ကျွန်တော်တိုရဲ့ အစာခြေစနစ်က ပါးစပ်ကနေ စအိုဝအထိပါတယ်။ ဒီထဲမှာမှ လည်ပင်းကနေ အစာအိမ်အပေါ်ဘက်ပိုင်းကို ဆက်ထားတဲ့ ပြွန်ရှည်ရှည် တစ်ချောင်းရှိတယ်။ ပိုက်လုံးလို့ပေါ့။ ဒီပြွန်က စားလိုက်တဲ့ […]


အခြားကင်ဆာများ

အစာရေမျိုပြွန် မှာ ကင်ဆာကျိတ်ဖြစ်လာတဲ့အခါ

အစာရေမျိုပြွန် ဆိုတာ ပိုက်ခေါင်းလေးနဲ့ တူပါတယ်။ ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပိုက်ခေါင်းလေးပေါ့။ ပါးစပ်က စားသမျှက ဒီပြွန်လေးကို ဖြတ်ပြီး အစာအိမ်ထဲကို ရောက်သွားတာပါ။ ရှည်လွန်းလို့ အပိုင်းသုံးပိုင်းတောင် ခွဲထားရတဲ့ ဒီအစာရေမျိုပြွန်လေးဟာ လူတွေ စားသောက်သမျှ အစားအစာတွေရဲ့ ဒဏ်ကို ခံရတာပါ။ တစ်ကိုယ်လုံးနီးပါး ဖြစ်နိုင်တဲ့ ကင်ဆာက ဒီအစာရေမျိုပြွန်လေးကိုလည်း အလွတ်မပေးရှာပါဘူး။ အစာရေမျိုပြွန်တလျှောက် ဘယ်နေရာမှာ မဆို ကင်ဆာဆဲလ်တွေပွားပြီး အလုံးအကျိတ်ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့နေရာကို လိုက်ပြီးတော့လည်း လက္ခဏာလေးတွေ နည်းနည်းကွဲပြားခြားနားတာရှိပါတယ်။ ဒါကြောင့် အောက်ကလက္ခဏာလေးတွေ ပေါ်လာရင် နည်းနည်းတော့ သတိထားစေချင်ပါတယ်။ အစာရေမျိုပြွန် ကင်ဆာရဲ့ လက္ခဏာတွေ ကင်ဆာတွေရဲ့ ထုံးစံအတိုင်း ရောဂါနုစဉ်ဆို ဘာလက္ခဏာမှ မပြပါဘူး။ ပုံမှန်လူလိုပဲ သွားလာနေနိုင်ကြပါတယ်။ နောက်ပိုင်းရောဂါရင့်မှသာ လက္ခဏာ ပြလာတာပါ။ အစာရေမျိုပြွန်မှာ သုံးပိုင်းရှိတော့ အကျိတ်ရှိတဲ့ […]


အခြားကင်ဆာများ

အရက် နဲ့ ကင်ဆာ ဆက်နွှယ်နေသလား

အရက် ကြောင့် အသည်း ခြောက်လိမ့်မယ်၊ အသည်းကင်ဆာ ဖြစ်လိမ့်မယ် ဆိုတာတော့ သိထားကြပြီး ဖြစ်မှာပါ။ ဒါပေမယ့် ကိုယ်တွေ သတိမထားမိတဲ့ တခြားကင်ဆာအမျိုးအစားတွေကရော အရက်နဲ့ ဆက်နွှယ်နေမှာကို မစိုးရိမ်မိကြဘူးလား။ ဘီယာဆိုင်၊ စားသောက်ဆိုင်၊ ဘားထိုင်တာတွေမှာ တွေ့ဆုံပွဲတွေလုပ်ကြတာအပြင် အခုဆို အကင်ဆိုင်၊ ဟော့ပေါ့ဆိုင်တွေမှာပါ အယ်လ်ကိုဟောက အမြဲလိုလို ပါနေတတ်ကြပြီလေ။ လူငယ်၊ လူလတ်တို့အတွက် ခေတ်ရေစီးကြောင်းအရကို အချိုရည်တစ်ခွက်လို ပေါ့ပေါ့ပါးပါးသောက်လို့ရတဲ့ အစဉ်အလာ ဖြစ်လာခဲ့ပြီပဲ။ ဒါပေမယ့် အရက်ရဲ့ ကြောက်စရာ ဆိုးကျိုး တွေရယ်၊ ပမာဏ နည်းနည်းလေးပဲ သောက်သုံးမိရင်တောင် အဆိပ်အတောက် ဖြစ်စေနိုင်တာရယ်၊ နောက်ဆုံး ကင်ဆာရောဂါတွေ အထိပါ ဖြစ်လာနိုင်တယ်ဆိုတာကို သိထားဖို့တော့ သင့်ပါတယ်။ အရက်ကြောင့် ဖြစ်စေနိုင်တဲ့ ကင်ဆာ (၆) မျိုး အယ်လ်ကိုဟော ခေါ် အရက်တွေကြောင့် - (၁) ခံတွင်းကင်ဆာ (၂) […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်