backup og meta

ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

    ကင်ဆာနဲ့ ပတ်သက်ပြီး ဘာတွေက အမှန်လဲဆိုတာ သိဖို့လိုနေသေးတဲ့ အချက်တွေ ရှိပါတယ်။

    ကင်ဆာဆိုတာ လူတိုင်းကြောက်တဲ့ ရောဂါပါ။ ကင်ဆာဖြစ်ရင် သေတာပဲဆိုတဲ့ ယူဆချက်တွေကလည်း ခုထိ ရှိနေပါသေးတယ်။ တကယ်တော့ ဆေးပညာတွေက နေ့စဉ်နဲ့အမျှ တိုးတက်လာတာဖြစ်လို့ ကင်ဆာတွေက ဒီလောက်ထိ ကြောက်ဖို့ မကောင်းတော့ပါဘူး။

    ဒါ့ပြင် ကင်ဆာဝေဒနာ ခံစားရသူတွေကလည်း ပတ်ဝန်းကျင်က ပြောစကားတွေကြောင့် မှားပြီး လုပ်မိတာလေးတွေ ရှိပါတယ်။

    ဘယ်လို အမှားတွေလဲ ဘယ်လို ယုံတမ်းစကားတွေလဲဆိုတာ ကြည့်လိုက်ရအောင်။

    ကင်ဆာနဲ့ ပတ်သက်ပြီး အမှန်အမှား သတင်းများ

    • ကင်ဆာဆိုတာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတာ မဟုတ်ပါဘူး

    ခုနောက်ပိုင်းမှာ ကင်ဆာနဲ့ ပတ်သက်တဲ့ သေနှုန်းတွေက တဖြည်းဖြည်း ကျလာပါပြီ။ အထူးသဖြင့် ရင်သားကင်ဆာဆီးကျိတ်ကင်ဆာနဲ့ သိုင်းရွိုက်ကင်ဆာတွေမှာ ရှင်နှုန်းတော်တော်များလာတာကို တွေ့ရပါတယ်။ ဒီကိန်းဂဏန်းတွေက ကင်ဆာနုစဉ်မှာ အချိန်မီ ကုသမှု ခံယူနိုင်ရင် ပိုတောင်ကောင်းလာနိုင်ဆိုတာ သိထားဖို့ လိုပါတယ်။ ဆိုလိုတာက စောစောသိ၊ စောစောကုရင် ရှင်နှုန်း ပိုမြင့်ပါတယ်။

    • သကြားဓာတ်က ကင်ဆာကို ပိုဆိုးစေတယ်ဆိုတာ မဟုတ်ပါဘူး

    ဒါက ကြားနေကျ ယုံတမ်းစကားတစ်ခုပါ။ ကင်ဆာရှိရင် သကြားဖြတ်ရမယ်ဆိုပြီးတော့ပေါ့။ တကယ်က ရှောင်စရာ မလိုပါဘူး။ ကင်ဆာဆဲလ်တွေက သာမန်ဆဲလ်တွေထက် သကြားဓာတ်ကို ပိုကြိုက်တယ်ဆိုပေမယ့် သကြားစားလို့ ကင်ဆာပိုဆိုးတယ်ဆိုတာကတော့ မဟုတ်ပါဘူး။ ဒီလိုပါပဲ။ သကြားမစားလို့လည်း ကင်ဆာဆဲလ်တွေက ပျောက်မသွားပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက အချိုတွေ စားလွန်းတဲ့အခါ ဝိတ်တက်လာတတ်ပါတယ်။ ဒါဆိုရင်တော့ အဝလွန်လာပြီး ကင်ဆာကုသမှုမှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

    ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

    • သကြားအစားထိုးတွေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာလည်း ယုံတမ်းစကားပါ

    လေ့လာချက်တွေ လုပ်ပြီးတဲ့အခါ Artificial sweetenersတွေ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မတွေ့ရပါဘူး။ ဒါကြောင့် စိတ်ချလက်ချ စားနိုင်ပါတယ်။ အလွန်အကျွံမဟုတ်ရင် အန္တရာယ်ကင်းပါတယ်။

    • ကင်ဆာတွေက ကူးစက်တတ်တယ်ဆိုတာ မဟုတ်ပါဘူး

    ကင်ဆာအများစုက လူတစ်ယောက်ကနေ နောက်တစ်ယောက်ကို ကူးစက်တတ်တဲ့ ရောဂါမျိုး မဟုတ်ပါဘူး။ ရှားရှားပါးပါး ကင်ဆာရှိနေတဲ့ လူရဲ့ ကိုယ်တွင်းအင်္ဂါကို အစားထိုးမိရင်တော့ ကူးနိုင်ပါတယ်။ နောက်တစ်ခုကတော့ ကင်ဆာတိုက်ရိုက်ကူးတာမဟုတ်ဘဲ ကင်ဆာဖြစ်စေတဲ့ ပိုးကူးစက်တာပါ။ ဥပမာ ပြောရရင် သားအိမ်ခေါင်းကင်ဆာဖြစ်စေတဲ့ HPVဗိုင်းရပ်စ်က လိင်ကတဆင့် ကူးစက်ပြီး ဒီကမှတဆင့် ကင်ဆာဖြစ်တာမျိုးပါ။

    • စိတ်ပိုင်းဆိုင်ရာ အခြေအနေ (အဆိုးမြင်စိတ်၊ အကောင်းမြင်စိတ်)တွေက ကင်ဆာဖြစ်နိုင်ခြေ၊ ကင်ဆာကုသမှုကနေ နာလန်ထူတာတွေမှာ သက်ရောက်မှု ရှိသလား။

    ခုထက်ထိတော့ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ကင်ဆာဖြစ်နိုင်ခြေ ဆက်စပ်မှု ရှိတယ်လို့တော့ မတွေ့ရသေးပါဘူး။ ကင်ဆာဖြစ်တဲ့သူတစ်ယောက်က ဝမ်းနည်းမယ်၊ ဒေါသဖြစ်မယ်၊ စိတ်ဓာတ်ကျမယ်ဆိုတာ ဖြစ်ရိုးဖြစ်စဉ်ပါပဲ။ နောက်ပိုင်းကျတော့လည်း အကောင်းမြင်ပြီး ရင်ဆိုင်ကျော်လွှားချင်စိတ်လည်း ရှိနေနိုင်ပါတယ်။ စိတ်ကို လွှတ်ချပြီး ပတ်ဝန်းကျင်က လူတွေနဲ့ အဆက်အသွယ်မပြတ်အောင် နေမယ်၊ ဘေးက လူတွေကလည်း ဝိုင်းဝန်း အားပေးမယ်ဆိုရင်တော့ ကင်ဆာကုသမှုမှာ အထောက်အကူ ဖြစ်နိုင်ပါတယ်။

    • ကင်ဆာကို ခွဲစိတ်တာ၊ အသားစယူတာက ကင်ဆာကို ပိုပြန့်စေမှာလား။

    ကင်ဆာကို ခွဲစိတ်စဉ်မှာ ကင်ဆာဆဲလ်နဲ့ တခြားကိုယ်တွင်းအင်္ဂါနဲ့ ထိတွေ့ပြီး ပြန့်ဖို့ဆိုတာ အင်မတန်မှ ဖြစ်နိုင်ခြေ နည်းပါတယ်။ ခုနောက်ပိုင်း ဆေးပညာတွေ တိုးတက်လာတော့ ခွဲစိတ်ရင်း၊ အသားစယူရင်း ကင်ဆာပြန့်တယ်ဆိုတာ မဖြစ်သလောက်ပါပဲ။ ဥပမာ ပြောရရင် ကိုယ်တွင်းအင်္ဂါတစ်ခုထက်ပိုပြီး အသားစယူရမယ်ဆိုရင် မတူညီတဲ့ ပစ္စည်းတွေနဲ့ သပ်သပ်စီ ခွဲပြီး ယူလာကြပါတယ်။

  • လေနဲ့ ထိတွေ့မှု များရင် ကင်ဆာပိုဆိုး နိုင်သလား။

  • လေနဲ့ ထိတွေ့မှု များရင်၊ လေတိုက်ခံပါ များရင် ကင်ဆာတွေ ပိုကြီးလာတယ်။ ပိုပြန့်လာတယ်ဆိုတာ မဟုတ်ပါဘူး။ ဒီနည်းနဲ့ ကင်ဆာတွေ မပြန့်နိုင်ဘူးဆိုတာ သိထားဖို့ လိုပါတယ်။

    ဖုန်းက ထွက်တဲ့ လှိုင်းတွေက ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုပြီး ကောလာဟလတွေ ဖြစ်ဖူးပါတယ်။ တကယ်တမ်း လေ့လာမှုတွေ လုပ်ကြည့်လိုက်တဲ့အခါ ကင်ဆာက မျိုးဗီဇချို့ယွင်းလို့ ဖြစ်ရတာပါ။ ဆဲလ်ဖုန်းတွေကနေ ကြိမ်နှုန်းနိမ့်energyတွေပဲ ထွက်ပြီး ဒါက မျိုးဗီဇကို မပျက်စီးစေနိုင်ပါဘူး။

    ကင်ဆာနဲ့ ပတ်သက်ပြီး သင်ဘာတွေ မှားသိထားလဲ။

    • ကြိုးလိုင်းတွေက ကင်ဆာဖြစ်စေနိုင်သလား။

    ဟိုးအရင်က အင်တာနက်ကြိုးလိုင်းတွေ၊ ဖုန်းကြိုးတွေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတဲ့ အစွဲနဲ့ အိမ်တွေမှာ တိုင်ထောင်တာကို လက်မခံခဲ့ကြပါဘူး။ တကယ်တော့ ဒီကြိုးလိုင်းတွေကနေ လျှပ်စစ်စွမ်းအားနဲ့ သံလိုက်စွမ်းအား နှစ်မျိုးပဲ လွှတ်ပါတယ်။ လျှပ်စစ်စွမ်းအားက နံရံတွေ၊ တခြားပစ္စည်းတွေ ကြားခံနေရင် အားပျော့သွားပါတယ်။ သံလိုက်စွမ်းအင်ကလည်း ဖုန်းကထွက်တဲ့ ကြိမ်နှုန်းနိမ့်energyတွေပဲ ဖြစ်တာကြောင့် မျိုးဗီဇကို မထိခိုက်စေပါဘူး။

    • သစ်ဥသစ်ဖုတွေက ကင်ဆာပျောက်စေသလား။

    ဟိုအရွက်တွေ၊ ဒီအမြစ်တွေ ပြုတ်သောက်၊ ကြိတ်သောက်ရင် ကင်ဆာပျောက်တယ်ဆိုပြီး ပြောကြပေမယ့် တကယ်တမ်း ဘယ်ဟာကမှ လေ့လာမှု သေချာ မလုပ်ထားပါဘူး။ ဘယ်လူနာ၊ ကင်ဆာဘယ်အဆင့်ဆို ဘယ်လောက်သောက်ရမယ်ဆိုပြီး တိတိကျကျ သိတာမျိုး မဟုတ်ပါဘူး။ သန့်စင်ထားတဲ့ ပစ္စည်းတွေ မဟုတ်တာကြောင့် နောက်ဆက်တွဲအနေနဲ့ ကိုယ်တွင်းအင်္ဂါ (ကျောက်ကပ်နဲ့ အသည်း)တွေ ထိခိုက်ပြီး ကင်ဆာကုသမှုကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

  • ကင်ဆာမျိုးရိုးရှိရင် ကင်ဆာဖြစ်နိုင်ပြီး၊ မရှိရင် မဖြစ်ဘူးဆိုတာ ဟုတ်သလား။

  • မိသားစုထဲမျာ ကင်ဆာမျိုးရိုးရှိတိုင်း ကိုယ်ပါ ဖြစ်ရမယ်ဆိုတာ မဟုတ်ပါဘူး။ ကင်ဆာဆိုတာ မျိုးဗီဇချို့ယွင်းလို့ ဖြစ်တာပါ။ ချို့ယွင်းတဲ့ မျိုးဗီဇကို လက်ဆင့်ကမ်းသွားမယ်ဆိုရင်တော့ ကင်ဆာဖြစ်နိုင်ခြေ များလာမှာပါ။ ဒီလို လက်ဆင့်ကမ်းတာကလည်း ကင်ဆာစုစုပေါင်းရဲ့  ၅ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

    ကျန်တဲ့ ၉၀ကနေ ၉၅ရာခိုင်နှုန်းလောက်က ကိုယ်ကိုယ်တိုင် အသက်ကြီးလာလို့ ဒါမှမဟုတ် ပတ်ဝန်းကျင်မှာ အန္တရာယ်ရှိတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ခဲ့ရလို့ မျိုးဗီဇထိခိုက်ပြီး ကင်ဆာဖြစ်တာပါ။ ဒါကို ကြည့်ခြင်းအားဖြင့် ကင်ဆာမျိုးရိုး မရှိလည်း ကင်ဆာဖြစ်နိုင်တယ်ဆိုတာ သိလောက်ပါပြီ။

    လက်ရှိအချိန်ထိတော့ ချိုင်းချွေးနံ့ပျောက်ဆေးတွေ၊ ချွေးတိတ်ဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ရင်သားတစ်ရှူးကို အပြောင်းအလဲ မဖြစ်စေပါဘူး။

    • ဆံပင်ဆိုးဆေးတွေက ကင်ဆာဖြစ်စေနိုင်သလား။

    ဆံပင်ဆိုးဆေးတွေက ကင်ဆာဖြစ်စေနိုင်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒါပေမယ့် တချို့လေ့လာချက်တွေမှာ နေ့တိုင်းနီးပါး ဆိုးဆေးတွေနဲ့ ထိတွေ့နေရတဲ့ ဆံပင်ပညာရှင်တွေကတော့ ဆီးအိမ်ကင်ဆာ ဖြစ်နိုင်ခြေ များနိုင်ပါတယ်လို့ ဆိုထားပါတယ်။

    ကင်ဆာနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရမှသာ ဆောင်ရန်၊ ရှောင်ရန်တွေကို သေချာနားလည်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement