backup og meta

သင့်ကို ကင်ဆာဖြစ်အောင် တွန်းပို့ပေးနေတဲ့ အနီးဆုံးရန်သူများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကို ကင်ဆာဖြစ်အောင် တွန်းပို့ပေးနေတဲ့ အနီးဆုံးရန်သူများ ။ ။

    ကင်ဆာရောဂါဆိုတာ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာကို ခြောက်လှန့်နေတဲ့ရောဂါဆိုးကြီးတစ်ခုပါ။ ကိုယ့်ပတ်ဝန်းကျင်အခြေအနေ၊ ကိုယ်ရဲ့ နေထိုင်စားသောက်မှု ပုံစံ နဲ့ မိဘမျိုးရိုးတွေ ပေါ်မူတည်းပြီး ကင်ဆာရောဂါဆိုတာ ဖြစ်ဖို့ အင်မတန်မှ လွယ်ပြီး ကုသလို့ အရှင်း မပျောက်ကင်းနိုင်တဲ့ ရောဂါတစ်ခုပါ။ ဒီ ရောဂါဆိုးကြီး ဖြစ်ပြီးမှထက် မဖြစ်ခင်က ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါ။ ကိုယ်နေ့စဉ်စားနေတဲ့ အစားအသောက်တွေက ကင်ဆာရောဂါဖြစ်စေတဲ့ ထိပ်ဆုံး အကြောင်းအရာတွေထဲ ပါဝင်နေတာကြောင့် ကင်ဆာ မဖြစ်ချင်ဘူးဆိုရင် ဘယ်အစားအသောက်တွေက ကင်ဆာရောဂါ ဖြစ်စေတာလဲဆိုတာ သိထားဖို့တော့ လိုလိမ့်မယ်နော်။ ။

    ကင်ဆာဖြစ်စေတဲ့ သင့်ဘေးနားက အစားအစားတွေ။ ။

    ဆိုဒါ – ကင်ဆာဖြစ်ခြင်းကို အားပေးတဲ့ သကြားတွေ အများကြီးပါရုံမက လိမ္မော်ရောင်နဲ့ အညိုရောင်ကြားက အရောင်ရအောင်ဆိုးထားတဲ့ ဆိုးဆေးတွေ ကြောင့် ဆိုဒါမှာ ကင်ဆာဖြစ်စေတဲ့ chemical 4-MEIပါဝင်ပါတယ်။

    အသားကင်ပူပူနွေးနွေးလတ်လတ်ဆတ်ဆတ် ကင်ထားတဲ့ အသားကိုမှ ကြိုက်တယ်ဆိုတဲ့သူတွေ သတိထားသင့်တဲ့ အရာပါ။ အနီရောင်အသားတွေ မီးပြင်းပြင်းနဲ့ထိလေလေ ကင်ဆာဖြစ်စေတဲ့ hydrocarbons တွေ ပိုထွက်လေလေဖြစ်တာကြောင့် အသားကင်တွေဆိုတာ တကယ်ကို မစားသင့်တဲ့ အရာတွေပါ။

    ပေါက်ပေါက်ဆုပ်ရုပ်ရှင်ရုံ သွားတိုင်း မပါမဖြစ် ယူသွားရတဲ့ ဒီ ပေါက်ပေါက်ဆုပ်တွေမှာ ကင်ဆာဖြစ်စေတဲ့ perfluorooctanoic acid တွေ ပါတဲ့အပြင် ထောပတ်နဲ့လုပ်ထားတဲ့ ပေါက်ပေါက်ဆုပ်တွေမှာဆို diacetyl လို့ခေါ်တဲ့ အဆိပ်တစ်မျိုးပါဝင်တာကြောင့် သူတို့တွေဟာ သင့်ရဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းကို မြင့်တက်စေနိုင်တဲ့ အရာတစ်ခုပါ။

    စည်သွပ်ဘူးတွေ – လတ်လတ်ဆတ်မဟုတ်ဘဲ တာရှည်ခံအောင် လုပ်ထားတဲ့ စည်သွပ်ဘူးထဲက အစားအစာတွေမှာ BPA လို့ခေါ်တဲ့ ဓါတုပစ္စည်းတစ်မျိုး ပါဝင်တာကြော့င် သူက မစားသင့်ဆုံး အစားအစာတွေ ထဲက တစ်ခုပါ။

    ဟင်းရွက်ဆီများ – ဟင်းရွက်ဆီ တွေဆိုတာ သင်ထင်သလိုမျိုး သူတို့ကို ကြိတ်လိုက်ရင် ဆီတွေ ထွက်လာမျိုး မဟုတ်ပါဘူး။ လှပတဲ့ အသွင်အပြင်ကြည်ကြည်လေးရအောင်၊ အေးရင် မခဲအောင် ဓါတုနည်းအမျိုးမျိုးနဲ့လုပ်ထားတာဖြစ်လို့ သူတို့မှာပါတဲ့ အိုမီဂါ 6 တွေက ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အိုမီဂါ 6 တွေ အဖြစ်ပြောင်းလဲသွားပါတယ်။

    မွေးမြုရေးငါးတွေ – ပင်လယ်ထဲက လတ်လတ်ဆတ်ဆတ်ရတာ မဟုတ်ဘဲ စားသောက်ဖို့အတွက် သီးသန့် မွေးထားတဲ့ မွေးမြူုရေးငါးတွေမှာ အသားတိုးဆေးတွေ၊ အခြား ဓါတုပစ္စည်းတွေ ပါဝင်တာကြောင့် ကျန်းမာရေးအတွက် အထောက်အကူအပြုဆုံး ငါးရာထူးကနေ ကင်ဆာဖြစ်စေတဲ့ ငါးတွေ အဖြစ် ပြောင်းလဲကုန်ပါတယ်။

    ဖြူအောင် အရောင်ချွတ်ထားတဲ့ ဂျုံကြမ်း – စားချင်စဖွယ်ဖြစ်အောင် ပြင်ဆင်ဖန်တီးထားတဲ့ ဂျုံဖြူဖြူ အမှုန့်လေးတွေကို ကလိုရင်းနဲ့ အရောင်ချွတ်ထားတယ်ဆိုတာ သင်သိပါသလား။ ဂျုံကို ဖြူအောင် အရောင်ချွတ်လေလေ သူ့မှာပါတဲ့ ကစီဓါတ် တွေက သကြားဓါတ်အဖြစ်ကို ပြောင်းနိုင်လေလေ ကင်ဆာ ဖြစ်လေလေပါပဲ။

    အသီးအနှံတွေ – အသီးအနှံ တွေဆိုတာ သဘာဝအတိုင်းဆို တကယ်ကို ကျန်းမာရေးအတွ့က် ကောင်းမွန်လှတဲ့ အစားအသောက်တွေပါ။ ဒါပေမယ့် ဒီအသီးအနှံတွေ အထွက်တိုးအောင် ကြီးထွားအောင်လို့ သုံးထားတဲ့ ဓါတ်မြေသြဇာတွေ ပေါင်းသတ်ဆေးတွေ ကို စားမိလိုက်တဲ့အခါမှာ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ အသီးတွေ မဟုတ်တော့ဘဲ ကင်ဆာကို အစပျိုးဖြစ်စေတဲ့ အရာတွေ အဖြစ်ပြောင်းလဲ သွားပါတော့တယ်။

    တာရှည်ခံအောင်လုပ်ထားတဲ့အစားအစာတွေ – ကြက်အူချောင်း၊ ဝက်အူချောင်းမှ စားလို့ကောင်း အရသာတွေ့လှပါတဲ့ဆိုတဲ့သူတွေ သတိထားသင့်တာက သူတို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ nitrate နဲ့ nitriteတွေ အများကြီးပါတယ်ဆိုတာပါပဲ။

    အားလူးကြော်မြင်လိုက်ပြီဆိုတာနဲ့ မစားဘဲ မနေနိုင်အောင် ဆွဲဆောင်လွန်းတဲ့ အာလူးကြော်မှာ ပြည့်ဝဆီ တွေ အများကြီးပါတဲ့အပြင် ဆိုးဆေးတွေ၊ ဆားတွေလည်း အများကြီးပါတာကြောင့် ကျန်းမာရေးအတွက် တကယ်ကို မသင့်တော်လှတဲ့ အစားအသောက်တစ်ခုပါ။

    အရက် အသည်းကင်ဆာရင်သားကင်ဆာ၊ အစာရေမြွန်ပျို ကင်ဆာတို့ကို ဆက်စပ်ဖြစ်စေနိုင်တဲ့အရာတစ်ခုပါ။

    ကဲ ဒါတွေကတော့ သင်နဲ့ နေ့စဉ်ထိတွေ့နေရတဲ့ သင့်အနီးဆုံးမှာရှိတဲ့ ကင်ဆာကိုဖြစ်စေနိုင်တဲ့ အနီးဆုံး ရန်သူတွေပဲ ဖြစ်ပါတယ်။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ကောင်းတာမို့ကင်ဆာ မဖြစ်ချင်ရင် ဒီအစားအသောက်တွေကို ဆင်ခြင်စားဖို့တော့ လိုလိမ့်မယ်နော်။ ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement