backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

အဆီတစ်ရှူးကင်ဆာ


Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

အဆီတစ်ရှူးကင်ဆာဆိုတာ ဘာလဲ။

အဆီဆဲလ်တွေမှာစတင်ဖြစ်ပေါ်တဲ့ ကင်ဆာကို အဆီတစ်ရှူးကင်ဆာ တနည်းအားဖြင့် liposarcoma လို့ခေါ်ပါတယ်။ Liposarcoma ကို ပျော့ပျောင်းတဲ့တစ်ရှူးတွေမှာဖြစ်တဲ့ ကင်ဆာအမျိုးအစားတွေအနက် တစ်ခုအပါအဝင်ဖြစ်ပါတယ်။

အဆီတစ်ရှူးကင်ဆာဟာ ခန္ဓါကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမှာမဆို ဖြစ်နိုင်ပြီး ခြေ၊ လက် ကြွက်သားတွေနဲ့ ဝမ်းဗိုက်ထဲမှာ အဖြစ်အများဆုံးဖြစ်ပါတယ်။

အဆီတစ်ရှူးကင်ဆာဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ဒီရောဂါဟာ အဖြစ်နည်းတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပေမယ့် သက်ကြီးပိုင်းတွေမှာ ဖြစ်လေ့ဖြစ်ထ ပိုများပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ရောဂါလက္ခဏာများ

အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေက

ဘာတွေလဲ။

ကင်ဆာဖြစ်ပွားတဲ့နေရာပေါ်မူတည်ပြီး အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေ ကွဲပြားနိုင်ပါတယ်။

လက်နဲ့ခြေထောက်တွေမှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့

အရေပြားအောက်တွင် အလုံးအကျိတ်စမ်းမိခြင်း

နာကျင်ခြင်း

ရောင်ရမ်းခြင်း

ကင်ဆာဖြစ်သည့် ခြေ၊လက် အားနည်းခြင်း

ဝမ်းဗိုက်မှာဖြစ်တဲ့ အဆီတစ်ရှူးကင်ဆာရဲ့ ရောဂါလက္ခဏာတွေကတော့

ဗိုက်အောင့်ခြင်း

ဝမ်းဗိုက်ဖောရောင်ခြင်း

အစာနည်းနည်းစားရုံနှင့် ပြည့်အင့်ခြင်း

ဝမ်းချုပ်ခြင်း

ဝမ်းထဲသွေးပါခြင်း

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားစေသလဲ။

အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျမသိရသေးပါဘူး။

အဆီဆဲလ်တွေရဲ့ မျိုးဗီဇချို့ယွင်းမှုကနေ ကင်ဆာစတင်ဖြစ်ပေါ်လာတယ်လို့ပဲ

ဆရာဝန်တွေက သိထားကြပါတယ်။ ၎င်းမျိုးဗီဇချို့ယွင်းမှုက ဆဲလ်တွေကို ပုံမှန်ထက်လျဉ်မြန်စွာပွားစေပြီး အခြားဆဲလ်တွေ ပုံမှန်အတိုင်း သေဆုံးကြတဲ့အချိန်မှာ မသေဆုံးဘဲ ရှင်သန်ကျန်ရှိစေပါတယ်။ ဒီလိုဆဲလ်တွေစုစည်းရာကနေ ကင်ဆာအကျိတ် ဖြစ်ပေါ်လာရပါတယ်။

အဆီတစ်ရှူးကင်ဆာ အမျိုးအစားများစွာ ရှိပါတယ်။ အချို့ကင်ဆာဆဲလ်တွေက ခန္ဓါကိုယ်ရဲ့ နေရာတစ်ခုတည်းမှာသာ ဖြည်းဖြည်းချင်းကြီးထွားကြပေမယ့် အချို့ကင်ဆာအမျိုးအစားတွေကတော့ အလွန်လျင်လျင်မြန်မြန် ကြီးထွားပြီး ခန္ဓါကိုယ်အနှံ့အပြားဆီ ပျံ့ပွားနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

အဆီတစ်ရှူးကင်ဆာ ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အချို့သောမျိုးဗီဇဆိုင်ရာရောဂါစုများ
  • အခြားကင်ဆာရောဂါတစ်မျိုးအတွက် ဓါတ်ရောင်ခြည်ကုထုံး ခံယူရခြင်း
  • ဓါတုပစ္စည်းများနှင့် ထိတွေ့ရခြင်း
  • ပြန်ရည်အဖွဲ့အစည်း ထိခိုက်ပျက်စီးခြင်း

ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

အဆီတစ်ရှူးကင်ဆာ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

သင့်မှာ အဆီတစ်ရှူးကင်ဆာရှိမရှိ အဖြေရှာအတည်ပြုနိုင်အောင် အသားစယူစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။ ကင်ဆာဖြစ်နေတယ်လို့ သံသယရှိတဲ့ တစ်ရှူးအချို့ကို ခွဲစိတ်ပြီဖြစ်စေ၊ အပ်နဲ့စုပ်ထုတ်ပြီးဖြစ်စေ ဖယ်ရှားပြီး ရောဂါဗေဒပညာရှင်က အဏုဇီဝမှန်ပြောင်းနဲ့ စစ်ဆေးကြည့်ရှူမှာဖြစ်ပါတယ်။ အဆီတစ်ရှူးကင်ဆာလက္ခဏာတွေ တွေ့ရှိခဲ့ရင် ကင်ဆာအဆင့်နဲ့ ပျံ့နှံ့မှုအနေအထားကို သိရှိနိုင်အောင် ဓါတ်မှန်၊ သံလိုက်ဓါတ်မှန် (MRI)၊ ကွန်ပျူတာဓါတ်မှန်၊ အာလ်ထရာဆောင်း စတဲ့စစ်ဆေးမှုတွေ ထပ်မံပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

အဆီတစ်ရှူးကင်ဆာကို ဘယ်လိုကုသလဲ။

  • ခွဲစိတ်ကုသမှု – ခွဲစိတ်ကုသမှုရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကင်ဆာဆဲလ်အားလုံးကို ဖယ်ရှားရှင်းလင်းပစ်ဖို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်ဆရာဝန်က ကင်ဆာအကျိတ်တစ်ခုလုံးကို တတ်နိုင်သမျှ ဖယ်ရှားဖို့ကြိုးစားမှာဖြစ်ပြီး အနီးနားက ကိုယ်အင်္ဂါအစိတ်အပိုင်းတွေကိုပါ ရောဂါပျံ့နှံ့နေရင်တော့ ကင်ဆာဆဲလ်အားလုံးကို အရှင်းဖယ်ပစ်ဖို့ ဖြစ်နိုင်မှာမဟုတ်ပါဘူး။ ဒီလိုအခြေအနေတွေမှာ ကင်ဆာအကျိတ်ကို အရွယ်အစားသေးသွားအောင်၊ ခွဲထုတ်ရပိုမိုလွယ်ကူအောင် အခြားကုထုံးတွေ တွဲဖက်ခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။
  • ဓါတ်ရောင်ခြည်ကုထုံး – Xray၊ ပရိုတွန်စတဲ့ အားကောင်းတဲ့ရောင်ခြည်တန်းတွေကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သေစေတဲ့ကုထုံးဖြစ်ပါတယ်။ ခွဲစိတ်ကုသမှုအပြီး ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေ သေစေဖို့နဲ့ ခွဲစိတ်မှုမပြုလုပ်ခင် ကင်ဆာအကျိတ်အရွယ်အစား သေးသွားစေဖို့ ရည်ရွယ်ချက်တွေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
  • ကင်ဆာဆဲလ်သွင်းကုထုံး – ဒီကုထုံးဟာ အဆီတစ်ရှူးကင်ဆာတိုင်းအတွက် အာနိသင်ထိရောက်မှု ရှိမှာမဟုတ်ပါဘူး။ ကျွမ်းကျင်တဲ့ရောဂါဗေဒပညာရှင်က ထင်မြင်သုံးသပ်ချက်ပေးတဲ့ ကင်ဆာအမျိုးအစားအပေါ်မူတည်ပြီး ကင်ဆာဆေးသွင်းကုထုံးနဲ့ သင့်တော်ခြင်းရှိမရှိ သင့်ဆရာဝန်က ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ဒီကုထုံးကို ခွဲစိတ်ကုသမှုအပြီး ကျန်ရှိနေတဲ့ ကင်ဆာဆဲလ်တွေ သေစေဖို့နဲ့ ခွဲစိတ်မှုမပြုလုပ်ခင် ကင်ဆာအကျိတ်အရွယ်အစား သေးသွားစေဖို့ ရည်ရွယ်ချက်တွေနဲ့ အသုံးပြုနိုင်သလို တခါတရံမှာ ဓါတ်ရောင်ခြည်ကုထုံးနဲ့လည်း ပူးတွဲအသုံးပြုနိုင်ပါတယ်။
  • ကုထုံးစမ်းသပ်မှုများ – ကုထုံးစမ်းသပ်မှုတွေမှာ ပါဝင်ခြင်းအားဖြင့် နောက်ဆုံးပေါ် ကုသမှုနည်းလမ်းအသစ်တွေ (ကင်ဆာဆေးအသစ်တွေ၊ ကင်ဆာဆဲလ်တွေကို ဦးတည်တိုက်ခိုက်တဲ့ ဆေးဝါးတွေ) ကို ခံယူနိုင်မယ့်အခွင့်အရေး ရရှိမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ကုထုံးစမ်းသပ်မှုတစ်ခုခုမှာ ပါဝင်နိုင်ခြင်းရှိမရှိ သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
  • လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့

    အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက အဆီတစ်ရှူးကင်ဆာကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အသေးစိတ်သိရှိလိုပါက ဆရာဝန်နှင့် တိုင်ပင် ဆွေးနွေးဖို့ လိုအပ်ပါတယ်။

    အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement