backup og meta

အဆုတ်တွင် အစက်အပြောက်များတွေ့ရခြင်းကို မည်သို့ကောက်ချက်ချနိုင်သလဲ


Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်တွင် အစက်အပြောက်များတွေ့ရခြင်းကို မည်သို့ကောက်ချက်ချနိုင်သလဲ

    အဆုတ်တွင် အစက်အပြောက်များတွေ့ရခြင်းကို မည်သို့ကောက်ချက်ချနိုင်သလဲ။ထိုအရာကို ကင်ဆာဟု ယူဆနိုင်ပါသလား။

    သင့်ဆရာဝန်က ရင်ဘတ်ဓါတ်မှန်တွင် အစက်အပြောက်များတွေ့သည်ပြောသောအခါ ထိုသို့ဖြစ်စေသောအကြောင်းများက ဘာပါလဲ။ ထိုသို့ အဆုတ်တွင်အစက်အပြောက်များတွေ့လျှင် သင်သည် အဆုတ်ကင်ဆာဖြစ်နိုင်ကြောင်းသတိထားရမည်ဖြစ်သည်။ တခါတရံတွင် ထိုအစက်အပြောက်များသည် ကင်ဆာမဟုတ်ပါ။

    အစက်အပြောက်များကို စစ်ဆေးခြင်း

    ရင်ဘတ်ဓါတ်မှန်သည် အဆုတ်ရှိ အစက်များနှင့် အကြိတ်များကို တွေ့ရှိနိုင်သော ပထမစစ်ဆေးမှုဖြစ်သည်။ ရင်ဘတ်ဓါတ်မှန်ကို ဆေးရုံ သို့မဟုတ် ဓါတ်မှန်ဌာနတွင်ရိုက်နိုင်သည်။ အဆုတ်ကင်ဆာတိုင်းကို ရင်ဘတ်ဓါတ်မှန်ဖြင့်မမြင်နိုင်သော်လည်း ရင်ဘတ်ဓါတ်မှန် ပုံမှန်ဖြစ်လျှင် အဆုတ်ကင်ဆာဖြစ်နိုင်ချေနည်းပါးသည်။

    အကယ်၍ ဆရာဝန်က ရင်ဘတ်ဓါတ်မှန်တွင် အစက်အပြောက်များတွေ့လျှင် အောက်ပါ စစ်ဆေးမှုများထပ်လုပ်ရန် လိုအပ်နိုင်သည်။

    • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း
    • သံလိုက်ဓါတ်မှန်ရိုက်ခြင်း
    • ပိုစီထရွန်ဓါတ်မှန်ရိုက်ခြင်း

    ကင်ဆာမဟုတ်သော အလုံးများ

    ရင်ဘတ်ဓါတ်မှန်တွင် ကင်ဆာမဟုတ်သော အလုံးများကြောင့်အစက်အပြောက်များတွေ့ရသည်ကများပါသည်။

    ထို အလုံးများသည် အောက်ပါအဆုတ်ရောဂါများ ဖြစ်ရာမှ အနာရွတ်ကျန်ခဲ့ခြင်းဖြစ်သည်။

    • Histoplasmosis,Coccidomycosis ကဲ့သို့သော မှိုရောဂါ
    • ဘက်တီးရီးယားကြောင့် ဦးနှောက် အမြှေးရောင်ခြင်းနှင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်ခြင်း
    • တီဘီရောဂါဖြစ်ခြင်း
    • ကင်ဆာမဟုတ်သော အလုံးများ(Harmatoma)ဖြစ်ခြင်း

    အစက်အပြောက်များ၏ အရွယ်အစား

    ရင်ဘတ်ဓါတ်မှန်တွင် တွေ့ရသော အဆုတ်ရှိ အစက်များသည် အနည်းဆုံး ၂ စင်တီမီတာရှိပြီး ၁စင်တီမီတာထက်ငယ်သော အစက်များကိုမူ ရင်ဘတ်ဓါတ်မှန်တွင် မတွေ့ရပါ။ ၂ စင်တီမီတာ၁စင်တီမီတာထက်ကြီးသော အစက်များက အလုံး၊ အကြိတ်ဟုခေါ်ဝေါ်သည်။

    သေးငယ်သော အစက်များသည် ကြီးသော အစက်များထက် ကင်ဆာဖြစ်နိုင်ချေနည်းသည်။ သင့် ရင်ဘတ်ဓါတ်မှန်တွင် တွေ့ရသောအစက်များသည် ၅ မီလီမီတာထက်ငယ်လျှင် ကင်ဆာမဟုတ်ကြောင်းသေချာသလောက်ရှိသည်။

    သို့သော် တွေ့ရသောအစက်များသည် ၂၀ မီလီမီတာထက်ကြီး လျှင် ၅၀% ကျော်သည် ကင်ဆာဖြစ်နိုင်ချေရှိသည်။

    အဆုတ်ကင်ဆာဟု စိုးရိမ်ရခြင်း အကြောင်းများ

    ရင်ဘတ်ဓါတ်မှန်များအားလုံးတွင် အလုံးငယ်များ၊ အစက်များ တွေ့နိုင်သည်။ သို့သော် အလုံးတလုံးတည်းသီးခြားရှိနေခြင်းသည် ကင်ဆာရောဂါ၏ ရှေ့ပြေးလက္ခဏာဟုယူဆရသည်။ သို့သော် သင့်ဆရာဝန်ကဆုံးဖြတ်ချက်ချပါလိမ့်မည်။

    ရင်ဘတ်ဓါတ်မှန်တွင် ကင်ဆာရောဂါဟုယူဆရသော အချက်များမှာ အောက်ပါတို့ဖြစ်သည်။

    အသက်

    အသက်၅၀ကျော်ပိုင်းတွင် ဖြစ်လျှင် ၅၀%ကျော်သည် ကင်ဆာဖြစ်နိုင်သည်။ အသက်၃၅နှစ်အောက်များ တွင်တွေ့သော အဆုတ်ရှိ အစက်များသည် ကင်ဆာဖြစ်နိုင်ချေ ၁ % အောက်နည်းသည်။

    ဆေးလိပ်သောက်ခြင်း

    ဆေးလိပ်သောက်သူများတွင် အဆုတ်ကင်ဆာဖြစ်နိုင်ချေများသည်။

    မိသားစုမျိုးရိုးလိုက်ခြင်း

    မိသားစု ၊ အမျိုးထဲတွင် အဆုတ်ကင်ဆာဖြစ်ဖူးလျှင် မိမိတွင်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေများသည်။

    မီးခံကျောက်များ

    မီးခံကျောက်များ နှင့် ထိတွေ့ခြင်းသည်လည်း အဆုတ်ကင်ဆာဖြစ်နိုင်ချေရှိသည်။

    ပြောင်းလဲမှုများကို စောင့်ကြည့်ခြင်း

    အချို့သော အလုံးများသည် ရောဂါလက္ခဏာမပြသောကြောင့် ဆရာဝန်က စောင့်ကြည့်ကောင်းကြည့်နိုင်သည်။ ပိုကြီးလာသော အလုံးများသည် ကင်ဆာဖြစ်နိုင်ချေပိုများသည်။ အရွယ်အစား၊ ပုံစံပြောင်းလဲမှုများကို နှိုင်းယှဉ်ရန် ရင်ဘတ်ဓါတ်မှန်ကို ၂နှစ်အထိ အကြိမ်ကြိမ်ရိုက်ခြင်းဖြင့် စောင့်ကြည့်နိုင်သည်။

    ကုသမှုများ

    ဖြစ်စေသောအကြောင်းရင်းပေါ်မူတည်ပြီး ကုသမှုများလဲကွာခြားနိုင်သည်။ အစက်များ၊ အလုံးများကို ဖြစ်စေနိုင်သောအချက်များမှာ

  • အဆုတ်ပိုးဝင်ခြင်း
  • အဆုတ်ရောင်ခြင်း
  • ကင်ဆာမဟုတ်သော အလုံးများ
  • အဆုတ်ကင်ဆာ
  • အခြားသော အခြေအနေများ တို့ကြာင့်ဖြစ်သည်။
  • ဖြစ်နိုင်သော ပြဿနာများ

    သင်သည် သင့်ဓါတ်မှန်တွင် သံသယရှိသော အစက်များရှိသည်ဟု စကြားရချိန်တွင် ကြောက်လန့်နေပါလိမ့်မည်။ ရင်ဘတ်ဓါတ်မှန်များအားလုံးတွင် အလုံးငယ်များ၊ အစက်များ တွေ့နိြုင်ပီး ၎င်းတို့သည် များသောအားဖြင့် ကင်ဆာမဟုတ်ကြပါ။

    သို့သော်ငြားလည်း တခါတရံတွင် ပြသနာများရှိနေနိုင်သည့်အတွက် သင့် ဆရာဝန်က အရွယ်အစား၊ ပုံစံပြောင်းလဲမှုများကိုစောင့်ကြည့်သင့်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement