backup og meta

အဆုတ်ကင်ဆာက သင့်ခန္ဓါကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာက သင့်ခန္ဓါကိုယ်အပေါ် ဘယ်လိုသက်ရောက်မှုရှိလဲ

    အဆုတ်ကင်ဆာဟာ အသက်ရှူလမ်းကြောင်း နံရံက ဆဲလ်အများစုကို အဓိက ထိပြီး အဆုတ်တစ်ရှူးတွေကို ထိခိုက်စေတဲ့ အဆုတ် ကင်ဆာ တစ်မျိုး ဖြစ်ပါတယ်။ အဆုတ်ကင်ဆာဟာ အဖြစ်များပါတယ်။ အဆုတ်ကင်ဆာ အကြောင်း အထူးသဖြင့် ရောဂါလက္ခဏာတွေကို သိရှိခြင်းဟာ သင့်မှာ အဆုတ်ကင်ဆာ ရှိရင် ကာကွယ်ကုသဖို့ ကူညီပေးနိုင်ပါတယ်။

    ရောဂါလက္ခဏာများ

    အဆုတ်ကင်ဆာ ရောဂါလက္ခဏာတွေဟာ အလွန်ပြတ်သားပြီး သိသာပါတယ်။ အချို့ ရောဂါလက္ခဏာတွေကတော့ နေ့အချိန်မှာ ပိုဆိုးတဲ့ ချောင်းဆိုးခြင်း၊ ဆက်တိုက်ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူကျပ်ခြင်း။ သွေးအန်ခြင်း၊ အဆုတ် ရောဂါပိုးဝင်ခြင်း တွေပဲ ဖြစ်ပါတယ်။

    အချိန်တိုင်း ပင်ပန်းနေပြီး အကြောင်းရင်းမရှိပဲ ကိုယ်အလေးချိန်ကျဆင်းခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ တကယ်လို့ ကင်ဆာဟာ အခြားနေရာတွေကို ပြန့်သွားတယ်ဆိုရင် အချို့လက္ခဏာတွေ ဖြစ်တဲ့ ဟော်မုန်း (သို့) သွေး ပိုင်းဆိုင်ရာ ပုံမမှန်မှုတွေကို တွေ့ရနိုင်ပါတယ်။

    အဆုတ်ကင်ဆာဟာ

  • Adrenal gland၊ အသည်း၊ ဦးနှောက်နဲ့ အရိုးတွေကို ပြန့်သွားနိုင်ပါတယ်။
  • တကယ်လို့ ဦးနှောက်ကို ပြန့်သွားခဲ့ရင် အမြင်အာရုံ ဝေဝါးခြင်း၊ တက်ခြင်း၊ အားနည်းခြင်းတွေ ဖြစ်နိုင်ပါတယ်။
  • အဆုတ်ကင်ဆာဟာ အသည်း (သို့) adrenal glands တွေကို ပြန့်သွားရင်တော့ ရောဂါသိရှိတဲ့ အချိန်မှာ လက္ခဏာ မပြနိုင်ပါဘူး။
  • အရိုးကို ထိခိုက်မိရင်တော့ ပြင်းထန်တဲ့ နာကျင်မှု ဖြစ်စေပြီး အထူးသဖြင့် ပေါင်ရိုး၊ ခါးရိုးနဲ့ နံရိုးတွေ နာကျင်နိုင်ပါတယ်။
  • ကင်ဆာဆေးသွင်းကုသခြင်းဟာ အဆုတ်ကင်ဆာကို ကုသနိုင်ပါတယ်။ သူဟာ ဆိုးကျိုးတွေဖြစ်တဲ့ အန်ခြင်း၊ ဆံပင်ကျွတ်ခြင်း၊ ပင်ပန်းခြင်း တွေ ဖြစ်စေနိုင်ပါတယ်။
  • ဓါတ်ရောင်ခြည် ကုသနည်းဟာ မတူညီတဲ့ သက်ရောက်မှု ရှိပါတယ်။ သူဟာ အကျိတ်ပတ်လည်က ကျန်းမာနေတဲ့ တစ်ရှူးတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒီကုသမှုရဲ့ ဆိုးကျိုးတွေဟာ ဓါတ်ရောင်ခြည် ကုသမှု ခံယူတဲ့ ကိုယ်ခန္ဓါ အစိတ်အပိုင်းပေါ်မှာ မူတည်ပါတယ်။
  • အဆုတ်ကင်ဆာဟာ ချောင်းအလွန်ဆိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်အတွင်းပိုင်းမှာ ကြီးလာတဲ့ အကျိတ်ဟာ ရင်ဘတ်အထဲမှာ ဖိအားတက်စေပါတယ်။ ဒါဟာ ချောင်းအလွန်ဆိုးခြင်းကို ဖြစ်ပေါ်စေပြီး လူနာဟာ ချောင်းဆိုးသွေးပါခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • အကျိတ်က လေပြွန်ကို ပိတ်မယ်ဆိုရင် အသက်ရှူစဉ် အသံမြည်နိုင်ပါတယ်။ အသည်းကင်ဆာ ကိုယ်ခန္ဓါကို ထိခိုက်မှုဟာ ရောဂါအဆင့်နဲ့ ကင်ဆာ ပြန့်ပွားနှုန်းပေါ် မူတည်ပါတယ်။ တကယ်လို့ ကင်ဆာဟာ ရင်ခေါင်းမှာ ဖိအားသက်ရောက်တယ်ဆိုရင်တော့ ပြင်းထန်တဲ့ ရင်ဘတ်အောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
  • အဆုတ်ကင်ဆာ ကိုယ်ခန္ဓါကို ထိခိုက်မှုတွေဟာ ကင်ဆာကြောင့် ဖြစ်စေတဲ့ ရောဂါလက္ခဏာတွေကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ တကယ်လို့ ကင်ဆာကို စောစီးစွာ သိရှိခဲ့ရင် ခွဲစိတ်ကုသပြီး ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။

    ခွဲစိတ်ကုသမှုဟာ အရေးကြီးပေမယ့် လူနာသေဆုံးမှုကိုလည်း မြင့်တက်စေနိုင်ပါတယ်။ နာကျင်မှု၊ အားနည်းမှု၊ မောခြင်း အစရှိတာတွေဟာ ခွဲစိတ်မှုအပြီး လူနာ ခံစားရမယ့် လက္ခဏာတွေ ဖြစ်ပါတယ်။

    အဆုတ်ကင်ဆာဟာ အခြားကင်ဆာ တွေထက် သေနှုန်းပိုမြင့်မားပါတယ်။ ဒါကြောင့် အဆုတ်ကင်ဆာ အကြောင်းနဲ့ သူကိုယ်ခန္ဓါကို ဘယ်လိုအကျိုးသက်ရောက်မှုရှိလဲဆိုတာ သိထားဖို့လိုအပ်ပါတယ်။ သင့်ကျန်းမာရေးကို ကာကွယ်ဖို့ ဆေးလိပ်ရပ်ခြင်း၊ ကျန်းမာတဲ့ လူမှု နေထိုင်စားသောက်မှု ပြုခြင်းနဲ့ ကျန်းမာရေး ပုံမှန်စစ်ဆေးခြင်းတွေကို ပြုလုပ်နိုင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement