backup og meta

ကိုယ်ဝန်ဆောင်တွေမှာ အဆုတ်ကင်ဆာအဖြစ်များလာနေတာကို သင်သိပါသလား


Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်တွေမှာ အဆုတ်ကင်ဆာအဖြစ်များလာနေတာကို သင်သိပါသလား

    သုတေသနတွေအရ ကိုယ်ဝန်ဆောင်တွေ သေဆုံးနှုန်းနိမ့်လာတယ်လို့ ဆိုကြပါတယ်။ ဒါဟာ သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ ပြည်သူလူထုတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်တွေမှာ အဆုတ်ကင်ဆာ ဖြစ်ခြင်းကတော့ မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ အဆုတ်ကင်ဆာ လူနာတွေရဲ့ လက္ခဏာတွေက ဘာတွေလဲ။

    ကိုယ်ဝန်ဆောင်စဉ်မှာ ကင်ဆာဖြစ်နိုင်ချေနည်းတယ်ဆိုပေမယ့်လည်း လုံးဝမဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရနိုင်ပါဘူး။ အခုခေတ် အမျိုးသမီးတွေဟာ ကလေးရဖို့ အသက်ကြီးသည်အထိ စောင့်နေတတ်ကြပါတယ်။ ကင်ဆာဖြစ်ပွားနှုန်းဆိုတာလည်း အသက်ကြီးသူတွေမှာ ပိုအဖြစ်များတာကြောင့် ကိုယ်ဝန်ဆောင်စဉ် ကင်ဆာရှိနေခြင်းဟာ ဖြစ်နိုင်ပါတယ်။ ဆရာဝန်က ကိုယ်ဝန်ဆောင်အမျိုးသမီးကို စစ်ဆေးမှုတွေ ပြုလုပ်စဉ်မှာ အဆုတ်ကင်ဆာကို တွေ့ရှိတတ်ပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ တွေ့ရတဲ့ အဆုတ်ကင်ဆာ လက္ခဏာတွေကို လွတ်သွားလေ့ရှိပါတယ်။ လူအတော်များများက ဒါဟာ ကိုယ်ဝန်ဆောင်လို့ နေမကောင်းဖြစ်ခြင်းလို့ပဲ ထင်တတ်ကြပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်း၊ မောခြင်း၊ ဖျားခြင်း၊ ပင်ပန်းခြင်းတွေပဲ ဖြစ်ပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဆုတ်ကင်ဆာ ဖြစ်ပွားရင်ကုသမှုတွေက ဘာတွေလဲ။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ ဖြစ်ပွားတဲ့ ရင်သားကင်ဆာ ကုသမှုဟာ ရှုပ်ထွေးပြီး အတော်များများက ကလေးကို ထိခိုက်နိုင်တယ်လို့ ယူဆကြပါတယ်။ အချို့လူတွေမှာ ပြင်းထန်တဲ့ ရောဂါဟာ အချင်းကိုပြန့်သွားနိုင်ပေမယ့် ကလေးငယ်ကို အသည်းကင်ဆာ ပြန့်ပွားခြင်းကနေ လုံခြုံစိတ်ချရတဲ့ အခြေအနေတွေလည်း ရှိပါတယ်။

    ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ အဆုတ်ကင်ဆာ ကုသမှုဟာ ပုံမှန်လူတွေမှာ ကုသမှုနဲ့ တူညီပါတယ်။ ဒါပေမယ့် သူတို့မှာတော့ အထူးသဖြင့် ပထမသုံးလပတ်အတွင်းမှာ ဆိုရင် ကလေးကို ထိခိုက်နိုင်ပါတယ်။

    ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအတော်များများကို သူတို့ ဒုတိယ၊ တတိယ သုံးလပတ်ရောက်ချိန်အထိ ကုသမှုကို စောင့်ဆိုင်းဖို့ အကြံပေးတတ်ကြပါတယ်။ ကုသမှုတစ်ခုစီကို အောက်ပါအခြေအနေတွေမူတည်ပြီး ပြုလုပ်နိုင်ပါတယ်။

    • ကင်ဆာ ဖြစ်တဲ့နေရာ
    • ကင်ဆာ အမျိုးအစား
    • ကင်ဆာ အဆင့်
    • ကလေး အသက်
    • မိခင်ရဲ့ ဆန္ဒ

    အချို့ဆရာဝန်တွေက ကုသမှုလုပ်နိုင်အောင် ကလေးမွေးပြီးချိန်အထိ စောင့်ဆိုင်းကြပါတယ်။ ပုံမှန်လူတွေမှာ အဆုတ်ကင်ဆာ ကုသမှုလိုပဲ ကိုယ်ဝန်ဆောင်အမျိုးသမီး တွေမှာ ကုသမှုဟာလည်း ခွဲစိတ်ကုသခြင်း၊ ကင်ဆာဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ကုသခြင်းနဲ့ အခြားဆေးတွေနဲ့ ကုသခြင်းတွေ ပါဝင်ပါတယ်။

    • ခွဲစိတ်ကုသခြင်းဟာ အဆုတ်ကင်ဆာအတွက် အထူးသဖြင့် ပထမသုံးလပတ်အပြီးမှာ ပြုလုပ်ရင် အန္တရာယ် အကင်းဆုံးဖြစ်ပါတယ်။
    • ပထမသုံးလပတ်မှာ ကင်ဆာဆေးသွင်းကုသခြင်းဟာ မွေးရာပါ ချို့ယွင်းချက်တွေနဲ့ ကလေးကိုယ်အလေးချိန်နည်းခြင်းတွေကို ဖြစ်ပေါ်စေပြီး ကလေးပျက်ကျခြင်းကိုလည်းဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ကင်ဆာဆေးသွင်းကုသခြင်းနဲ့ အခြားဆေးတွေကို ဒုတိယနဲ့ တတိယသုံးလပတ်အတွင်းမှာ အချင်းရဲ့ ကာကွယ်နိုင်စွမ်းကြောင့် ကလေးကို မထိခိုက်ပဲ ပေးနိုင်ပါတယ်။
    • ဓါတ်ရောင်ခြည်ပေးခြင်းဟာ ကလေးငယ်ကို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ပထမသုံးလပတ်မှာ ကလေးငယ်ရဲ့ ကိုယ်အင်္ဂါတွေနဲ့ အာရုံကြောစနစ်ဟာ ဖွံ့ဖြိုးဆဲဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဓါတ်ရောင်ခြည်ကုသခြင်းကို ဒီအချိန်မှာ မပေးသင့်ပါဘူး။ ဒုတိယ၊ တတိယ သုံးလပတ်အတွင်းမှာ ဓါတ်ရောင်ခြည် ပေးသင့်၊ မပေးသင့်ဟာ ဓါတ်ရောင်ခြည်ပမာဏနဲ့ ကုသရမယ့် ကိုယ်ခန္ဓါ အစိတ်အပိုင်းပေါ် မူတည်ပါတယ်။

    ကလေးမွေးပြီးချိန်မှာ ဘာတွေ ဖြစ်မှာလဲ။

    ယေဘုယျအားဖြင့် ကင်ဆာဟာ ကိုယ်ဝန်ကို ထိခိုက်မှုမရှိပဲ ကိုယ်ဝန်ဟာလည်း ကင်ဆာ ကုသမှုအဖြေကို ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ကင်ဆာကုသမှုတွေကတော့ ကလေးငယ်ကို ထိခိုက်စေနိုင်ပါတယ်။

    ကလေးမွေးပြီးရင် ကလေးငယ်ဟာ မိခင်ကနေ ကင်ဆာဆဲလ်တွေကို ကူးနိုင်ခြင်း မရှိတော့ပေမယ့် အထူးသဖြင့် ကင်ဆာဆေးသွင်းကုသခြင်းဟာ ကလေးငယ်ထံကို မိခင်နို့တိုက်ကျွေးခြင်းကနေ ကူးစက်နိုင်ပါတယ်။ ဒါကြောင့် ဒီလိုအခြေအနေမျိုးမှာ ဆရာဝန်တွေက မိခင်နို့တိုက်ခိုင်းလေ့မရှိပါဘူး။

    ဒါ့ပြင် ဟော်မုန်းပြောင်းလဲမှုတွေဟာ ကင်ဆာကို ပိုဆိုးစေနိုင်တာမို့ ကုသမှုကို တတ်နိုင်သမျှစောစော ယူသင့်ပါတယ်။ ချက်ချင်းကုသမှုယူခြင်းဟာ ရောဂါဆိုးရွားတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်စောတဲ့အချိန် ဆိုးတဲ့ ကင်ဆာရှိတဲ့ အမျိုးသမီးတွေမှာ စိတ်အချရဆုံး နည်းလမ်းတစ်ခုဖြစ်ပါတယ်။

    အဆုတ်ကင်ဆာ အတွက် ဘာကို သတိရသင့်သလဲ။

    (၁) အဆုတ်ကင်ဆာဟာ လူတိုင်းမှာ ဖြစ်နိုင်ပါတယ်။ အဆုတ်ပါတဲ့ လူတိုင်းမှာ အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဆေးလိပ်မသောက်သူတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။ ငယ်ရွယ်ပြီး ကျန်းမာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေမှာလည်း အဆုတ်ကင်ဆာ ဖြစ်နိုင်ပါတယ်။

    (၂) သင်က အခြားအကြောင်းရင်းလို့ ထင်ရင်တောင် အဆုတ်ကင်ဆာ လက္ခဏာတွေကို မပေါ့လျော့သင့်ပါဘူး။

    (၃) အဆုတ်ကင်ဆာ ကုသရာမှာနဲ့ ကျန်းမာတဲ့ကလေးမွေးဖို့ သင့်မှာ မျှော်လင့်ချက်ရှိပါတယ်။ သင့်ကျန်းမာရေး စောင့်ရှောက်သူတွေက သင်နဲ့သင့်ကလေးငယ်အတွက် သူတို့ တတ်နိုင်သမျှ အကောင်းဆုံးကူညီပေးမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement