ကင်ဆာရောဂါ တော်တော်ကိုကြောက်စရာကောင်းတဲ့ရောဂါတစ်မျိုးပါ။ ကုသပျောက်ကင်းဖို့လည်းခက်ခဲပါတယ်။ ကင်ဆာရောဂါခံစားရတဲ့အခါ အာဟာရြပည့်ဝမျှတအောင်စားသုံးဖို့ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်တွင်း အင်္ဂါတွေမှာ ကင်ဆာရောဂါခံစားရနိုင်သလိုပြင်ပအင်္ဂါအစိတ်အပိုင်းတွေမှာလည်း ကင်ဆာရောဂါခံစားရနိုင်ပါတယ်။ အခုနောက်ပိုင်း အဖြစ်များလာတဲ့ကင်ဆာရောဂါ တစ်ခုရှိပါတယ်။ ဒါကတော့ အသည်းကင်ဆာ ပါ။အခုတစ်ခေါက်တော့ အသည်းကင်ဆာဖြစ်လာခဲ့ရင် ဘယ်လိုအစားအစာတွေကို စားသုံးပေးရမလဲဆိုတာပြောပြပေးပါရစေ။
အသည်းကင်ဆာခံစားရတဲ့အခါ
အသည်းကင်ဆာ ရောဂါခံစားရတဲ့အခါ အခုလိုလက္ခဏာမျိုးတွေဖြစ်လာနိုင်ပါတယ်။
- ကိုယ်အလေးချိန်တွေကျလာမယ်
- ဗိုက်ထဲကအောင့်မယ်
- အော့အန်မယ်
- မအီမသာဖြစ်မယ်
- အစာစားချင်စိတ်မရှိဖြစ်မယ်
- အရေပြားနဲ့မျက်လုံးအဖြူသားတွေ ဝါလာတာမျိုးဖြစ်မယ်။
အသည်းကင်ဆာဝေဒနာကို အစားအသောက်တွေဂရုစိုက် စားသုံးရုံနဲ့ပျောက်ကင်းအောင် မကုသနိုင်ပေမယ့် အချို့သောအစားအစာတွေက အသည်းကင်ဆာကို သက်သာစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူတွေအနေနဲ့ အစားအစာတွေကို စားသုံးတဲ့အခါ သာမန်လူတွေထက် ပိုဂရုစိုက်ဖို့လိုပါမယ်။ ဒါကြောင့် အသည်းကင်ဆာရှိသူတွေအနေနဲ့ပြုပြင်ထားတဲ့ အသင့်စား အစားအစာတွေကို လုံးဝမစားသုံးသင့်ပါဘူး။ သဘာဝအတိုင်းစိုက်ပျိုးထားတဲ့ လတ်ဆတ်တဲ့ အသီးအနှံတွေနဲ့ပြုပြင်ထားတာမဟုတ်တဲ့ အစားအသောက်တွေက အသင့်တော်ဆုံးဖြစ်မှာပါ။
အသည်းကင်ဆာ ရှိသူတွေ စားပေးသင့်တဲ့ အစားအသောက်များ
အသည်းကင်ဆာ ရှိသူတွေ အတွက် အသင့်တော်ဆုံးဖြစ်မယ့် အစားအသောက်တွေက
မနက်ခင်းမှာဖြစ်ဖြစ်နေ့ခင်းနေ့လည်မှာဖြစ်ဖြစ် လန်းဆန်းတက်ကြွနေအောင်ဆိုပြီးကော်ဖီသောက်တတ်ကြပါတယ်။ သင်ကလည်းကော်ဖီသောက်တတ်တဲ့သူဆိုရင်တော့ အခုပြောပြမယ့် အကြောင်းအရာက သင့်အတွက် သတင်းကောင်းဖြစ်မှာပါ။ကော်ဖီက အသည်းကို ကျန်းမာစေပါတယ်တဲ့။လေ့လာမှုတွေအရ တစ်နေ့ကိုကော်ဖီ ၃ ခွက်သောက်သုံးသူတွေဟာ အရက်အလွန်အကျွံသောက်တာကြောင့် အသည်းထိခိုက်တာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကြောင့် အသည်းထိခိုက်တာတွေကို သက်သာစေနိုင်သလို အသည်းကင်ဆာဝေဒနာခံစားနေရသူတွေကိုလည်းရောဂါလက္ခဏာသက်သာလျော့ပါးစေနိုင်တယ်၊လို့တွေ့ရှိခဲ့ရပါတယ်။ကော်ဖီကကော်ဖီစစ်စစ်ဖြစ်ဖို့တော့လိုပါမယ်။ကော်ဖီဆိုတဲ့နေရာမှာ အသင့်ဖျော်ကော်ဖီထုပ်တွေကို မဆိုလိုပါဘူး။
အသည်းကျန်းမာဖို့ဆိုရင်နေ့စဉ်စားသုံးတဲ့အစားအစာတွေထဲမှာ အသီးအရွက်တွေကိုထည့်စားဖို့ကိုမေ့ထားလို့မဖြစ်ပါဘူး။ ပန်းဂေါ်ဖီစိမ်းက အသည်းဝေဒနာတွေကိုလျော့ပါးသက်သာစေနိုင်သလို အသည်းကင်ဆာခံစားနေရသူတွေအနေနဲ့လည်း စားသုံးပေးသင့်တဲ့အစားအစာတစ်ခုပါ။ ပန်းဂေါ်ဖီစိမ်းကိုပြုတ်ပြီး ကြက်သွန်ဖြူ၊ ဗီနီကာတို့ထည့်ပြီး အရသာရှိရှိစားသုံးပေးမယ်ဆိုရင် အသည်းကင်ဆာရောဂါကို သက်သာစေနိုင်မှာပါ။
ဟင်းနုနွယ်က အစိမ်းရောင်ရှိတဲ့ အရွက်တွေထဲမှာ ဓါတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့ အစားအစာတစ်မျိုးပါ။ အသည်းကို ပုံမှန်အလုပ်လုပ်နိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဒါကြောင့် အသည်းကင်ဆာရှိသူတွေအနေနဲ့ ဟင်းနုနွယ်ကို ပုံမှန်စားသုံးပေးခြင်းဖြင့်ရောဂါအခြေအနေပိုဆိုးမလာအောင် ထိန်းသိမ်းနိုင်မှာပါ။
[embed-health-tool-bmi]