အသည်းကင်ဆာ

ခန္ဓာကိုယ်ရဲ့ အလုပ်များဆုံး အစိတ်အပိုင်းလေး ဖြစ်တဲ့ အသည်းမှာ ဖြစ်တတ်တဲ့ ကင်ဆာနဲ့ ပတ်သက်တဲ့ ကုထုံးများ၊ အသည်းကင်ဆာရဲ့ အစောပိုင်း လက္ခဏာများနဲ့ ကျန်းမာစွာနေထိုင်နည်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အသည်းကင်ဆာ

ငရုတ်သီးမှုန့် နဲ့ အသည်းကင်ဆာအန္တရာယ်

ငရုတ်သီးမှုန့် မှာ ပါတဲ့ Aflatoxin အဖလာတောက်စင်ဆိုတဲ့ မှိုက အသည်းကင်ဆာကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ငရုတ်သီးမှုန့်ကို ပုံစံမျိုးစုံနဲ့ နှစ်နှစ်ခြိုက်ခြိုက် စားတတ်ကြတဲ့  မြန်မာနိုင်ငံက လူတွေအနေနဲ့ ပိုပြီး သတိထားသင့်ပါတယ်။ ငရုတ်သီးမှုန့် မှာပါတဲ့ အဖလာတောက်စင်ဆိုတာ အဖလာတောက်စင်ဆိုတာ မှိုတစ်မျိုးဖြစ်ပြီး A. flavus  နဲ့  A.parasiticus ဆိုတဲ့ မှိုမျိုးကွဲနှစ်မျိုးမှာ အဓိက တွေ့ရပါတယ်။ သဘာဝအတိုင်း တွေ့ရတဲ့ အဖလာတောက်စင် ၁၄မျိုးရှိပြီး B1, B2, G1, G2 ကတော့ အတွေ့ရအများဆုံးပါ။ B1ကတော့ ၄မျိုးထဲမှာ အဆိုးဆုံးပါပဲ။ တစ်ထိုင်တည်း အများကြီးကိုယ်ထဲဝင်သွားရင် မှိုဆိပ်သင့်ပြီး အသက်သေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်သလို နည်းနည်းနဲ့ ခဏခဏ စားမိနေမယ်ဆိုရင်လည်း အသည်းကင်ဆာ ကလေးတွေမှာ မွေးရာပါ ချို့ယွင်းချက်ပါတာ ကလေး ကြီးထွားဖွံ့ဖြိုးမှု နှောင့်နှေးတာ ခုခံအားကျတာ […]

အသည်းကင်ဆာ ကို ရှာဖွေမည်။

အသည်းကင်ဆာ

အသည်းကင်ဆာ ကုသမှုအတွင်း အာဟာရဆိုင်ရာ ကုထုံးများ

အသည်းကင်ဆာအတွက် အာဟာရဆိုင်ရာနည်းလမ်းများ အသည်းကင်ဆာကုသမှုများတွင် မလိုလားအပ်သောဆိုးကျိုးများစွာရှိသည်။ မအီမသာဖြစ်ခြင်း၊ အစားအစာများအရင်ကကဲ့သို့ အရသာမရှိတော့ခြင်းတို့ ခံစားရနိုင်သည်။ ၎င်းသည် ကျန်းမာသောစားသောက်မှုကိုထိန်းသိမ်းရန် ခက် ခဲစေသည်။ လက်မြောက်အရှုံးမပေးသင့်ပါ။ စိတ်ဓါတ် တက် ကြွအောင်နေပြီးအသည်းကိုထောက်ပံ့ပေးသောကျန်းမာသောအစားအစာများကိုစားသုံးရန် အရေးကြီးသည်။ ကျန်းမာသောအစားအစာများစားသုံးရန် နည်းလမ်းအချို့ကိုဖော်ပြလိုက်ပါသည်။   အသည်း၏ အခန်းကဏ္ဍကဘာလဲ။ အသည်းအတွက် စားသောက်မှုပုံစံကိုမကျင့်သုံးမီအသည်းအကြောင်းပိုမိုနားလည်အောင် ပြုလုပ်ရအောင်။ အသည်းသည် ခန္ဓါကိုယ်မှ အစာခြေခြင်း၊ သွေးတွင်း အန္တရာယ်ရှိသောအဆိပ်အတောက်များကိုဖယ်ရှားခြင်း နှင့် စွမ်းအင်ကိုနောက်ပိုင်းတွင် ပြန်လည် သုံးစွဲနိုင်ရန် သကြားအဖြစ် သိမ်းဆည်းခြင်းစသည်တို့တွင် ကူညီပေးသောအရေးပါသောကိုယ်တွင်းအင်္ဂါတစ်ခု ဖြစ်ပါသည်။ အသည်းသည်အစာခြေသောလုပ်ငန်းတွင် ကူညီပေးသောသည်းခြေရည်ကိုထုတ်ပေးပါသည်။ အသည်ကင်ဆာဖြစ်ပါကအသည်း၏ လုပ်ငန်းများပျက် ပြားပါသည်။ ခန္ဓါကိုယ်တစ်လျှောက် အန္တရာယ်ရှိသောသက်ရောက်မှုများကိုဖြစ်စေသည်။ ရောဂါ ပျံ့ပွားမှု အခြေအနေကို နှေးစေသောအကောင်းဆုံးနည်းလမ်းမှာအသည်းကိုကျန်းမာစေသောအစားအစာများစားသုံးခြင်း ဖြစ်သည်။   အသည်းကင်ဆာအတွက် ကျန်းမာသောစားသောက်မှုပုံစံကိုဘယ်လိုဖန်တီးမလဲ။ အစားအစာပိရမစ်ပုံကိုကြည့်ပါကကျန်းမာရေးအတွက် လိုအပ်သောအာဟာရ ၅မျိုးရှိကြောင်း သိနိုင်သည်။ ဗီတာမင်၊ အသီးအနှံနှင့် ဟင်းသီးဟင်းရွက်၊ ပရိုတိန်း နှင့် အဆီပါသောအစားအစာတို့ဖြစ်သည်။ […]


အသည်းကင်ဆာ

အသည်းကင်ဆာသုတေသန နှင့် ကုသမှု နည်းလမ်းသစ်များ

အသည်းကင်ဆာဟာ အဖြစ်များတဲ့ ကင်ဆာရောဂါတစ်မျိုး ဖြစ်ပါတယ်။ အခုအချိန်အထိ အသည်းကင်ဆာကို ကာကွယ်ဖို့ ကုသဖို့ ထိရောက်တဲ့ နည်းအနည်းငယ်သာ ရှိပါသေးတယ်။ ဒါပေမယ့် အသည်းကင်ဆာကို ကာကွယ်ကုသဖို့ သုတေသန ပြုလုပ်ပြီး ရှာဖွေနေကြပါတယ်။ သိပ္ပံပညာရှင်တွေဟာ အသည်းကင်ဆာ ကို ပိုမိုကာကွယ်နိုင်ဖို့ ဖြစ်စေတဲ့ အချက်တွေကို မဆုံးနိုင်အောင် ရှာဖွေနေကြသလို ဆရာဝန်တွေကလည်း ကုသမှုကို တိုးတက်လာစေဖို့ ကြိုးစားနေကြပါတယ်။ အသည်းကင်ဆာ သုတေသနမှာ တိုးတက်မှုတွေ အများကြီး ရှိပါတယ်။ ကုသမှု အခုအချိန်မှာတော့ အသည်းကင်ဆာကို ကုသဖို့ နည်းလမ်းများစွာ ရှိပါတယ်။ အသည်းဖြတ်ထုတ်ခြင်း - ခွဲစိတ်ပြီး အသည်း တစ်စိတ်တစ်ပိုင်းကို ဖြတ်ထုတ်ခြင်း ဖြစ်ပါတယ်။ အသည်းအစားထိုးခြင်း Artery embolization - အကျိတ်ကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေကို ပိတ်ဆို့ခြင်း Radiofrequency ablation […]


အသည်းကင်ဆာ

အသည်းကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု

အသည်းကင်ဆာဟာ အသည်းထဲမှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ သူတို့ရှိရမယ့်နေရာထက်ပိုပြီး လျင်မြန်စွာ ပွားခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ပါတယ်။ လူအချို့က အသည်းကင်ဆာကို ကုသဖို့အတွက်နဲ့ နာကျင်မှု ဖြစ်ပေါ်စေတဲ့ ဖိအားကို သက်သာစေဖို့ ဓါတ်ရောင်ခြည်ကုသမှုကို ရွေးချယ်ကြပါတယ်။ ဓါတ်ရောင်ခြည်ကုသမှု ဆိုတာဘာလဲ။ ဓါတ်ရောင်ခြည်ကုသမှု ဟာ ပစ်မှတ်ထားတဲ့ စွမ်းအင်တွေ (ဥပမာ X-rays၊ ရေဒီယိုသတ္တိကြွပစ္စည်း) ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ဖို့၊ အကျိတ်ကို ကျုံ့သွားစေဖို့နဲ့ ကင်ဆာနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကို လျော့ကျစေဖို့ အသုံးပြုကြပါတယ်။ သူ့ကို အောက်ပါအချက်တွေမှာလည်း သုံးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့ အဓိက ကုသမှု အဖြစ် ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တားမြစ်ဖို့အတွက် အခြားကုသမှုတွေနဲ့ ပေါင်းစပ်ကုသခြင်း အကျိတ်ကို ကျုံ့သွားစေဖို့ အခြားကုသမှုတစ်ခု မစတင်မီ ကျန်နေတဲ့ ကင်ဆာဆဲလ်တွေ ပွားလာခြင်းကို […]


အသည်းကင်ဆာ

အသည်းကင်ဆာအတွက် အသည်းအစားထိုးကုသမှု

အသည်းအစားထိုးကုသခြင်းဟာ ပျက်စီးနေတဲ့ အသည်းကို ထုတ်ယူပြီး ကောင်းမွန်တဲ့ အသည်းနဲ့ အစားထိုးခြင်းပဲဖြစ်ပါတယ်။ ဒီကုသနည်းကို အသည်းမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာတွေအတွက် အသုံးပြုပါတယ်။ ဒီဆောင်းပါးမှာတော့ အသည်းမှာစတင်ဖြစ်ပေါ်တဲ့ ကင်ဆာတွေအတွက် အသည်းအစားထိုးကုသခြင်းအကြောင်းကို ဖေါ်ပြသွားမှာ ဖြစ်ပါတယ်။ ဘယ်သူတွေမှာ အသည်းအစားထိုးခြင်း ပြုလုပ်နိုင်ပါသလဲ။ အသည်းအစားထိုးကုသခြင်းဟာ အသည်းမှာ စတင်ဖြစ်ပေါ်တဲ့ ကင်ဆာလူနာတွေမှာ ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေရှိမယ်ဆိုရင် အသည်းအစားထိုးဖို့အတွက် သင့်လျော်နိုင်ပါတယ်။ 5 cm ထက် မကျော်တဲ့ အကျိတ်တစ်လုံး ထောင့်ဖြတ် 5-7 cm ရှိတဲ့ အကျိတ်တစ်လုံးဟာ အနည်းဆုံး ၆ လအတွင်း ကြီးမလာခြင်း တစ်ခုချင်းစီ 3cm ထက် မကြီးတဲ့ အကျိတ်သေး ၅ လုံး အသည်းအစားထိုးကုသဖို့ သင့်အသည်းနဲ့ အနီးစပ်ဆုံးတူညီတဲ့ လှူဒါန်းသူရဲ့ အသည်းတစ်ခု လိုအပ်ပါတယ်။ စောင့်ကောင်းစောင့်ရပါလိမ့်မယ်။ တကယ်လို့ […]


အသည်းကင်ဆာ

စောင့်ရှောက်သူများသည် အသည်းကင်ဆာသည်များကို ဘယ်လိုကူညီနိုင်သလဲ

ကျန်းမာရေးစောင့်ရှောက်သူများသည် အသည်းကင်ဆာဖြင့် အသက်ရှင်သူများကိုဘယ်လိုကူညီနိုင်သလဲ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ ၂၀၁၂ တွင်တင်ပြချက် အရအသည်းကင်ဆာသည် ခန့်မှန်းခြေအားဖြင့် သေဆုံးမှု ပေါင်း ၇၄၅၀၀၀ ကိုဖြစ်စေသည်။ အသည်းကင်ဆာကဲ့သို့ ဆိုးရွားသောရောဂါရှိသောချစ်ခင်ရသူတစ်ယောက်ကိုဂရုစိုက်စောင့်ရှောက်ခြင်းသည် အကျိုးလည်းရှိ စိတ်ဖိစီးမှုလည်းများစေသောအတွေ့အကြုံတစ်ခု ဖြစ်သည်။ လုပ်ငန်းစဉ် တစ်လျှောက်တွင် သင့်အားအကူအညီ ဖြစ်စေရန် အောက်ပါ လမ်းညွှန်ချက်များ၊ သတင်းအချက်အလက်များကိုအသုံးချပါ။   ကျွန်တော်သည် ဘယ်လိုအကူအညီပေးနိုင်သလဲ။ ကင်ဆာရောဂါရှိသူများသည် သူတို့၏ အားနည်းချက်ကိုဖော်ပြရန်၊ အကူအညီတောင်းရန် ရှက်တတ်ပါသည်။ “မင်းအရမ်းသတ္တိရှိတာပဲ’’ သို့မဟုတ် “မင်းအရမ်းသန်မာတာပဲ’’ ဟုပြောပေးခြင်းသည် သူတို့ စိတ်ဓါတ်ကျနေချိန်တွင် ပို၍ စိတ်ဓါတ်သန်မာစေသည်။   မိသားစုများသည် ကင်ဆာဖြစ်သူအားအချိန်တိုင်းသန်မာစေရန် လိုအပ်ကြောင်း၊မျှော်လင့်ကြောင်းပြောဆိုနိုင်သည်။ ထိုအခြေအနေမျိုးတွင် သင်သည် ကင်ဆာရှိသောသူငယ် ချင်းအတွက် အရေးကြီးသောအခန်းမှ ပါဝင်ပါသည်။ သင့်အားမိသားစုဝင်တစ်ယောက်ကဲ့သို့ စိတ်ပိုင်းဆိုင်ရာတွယ်တာမှု ရှိချင်မှရှိမည်။ သို့သော်သူတို့သည် သင့်အားကောင်းစွာသိပြီးသင့်အားရင်ဖွင့်နိုင်လောက်အောင် ယုံကြည်နိုင်ပါသည်။   ဖျားနာနေသူများနှင့် ဝေးအောင်နေလိုခြင်းမှာလူ့သဘာဝ ဖြစ်သည်။ ကင်ဆာသည် ကျွန်တော်တို့အားဖျားနာခြင်း၊ အားနည်းခြင်းသေဆုံးခြင်းစသည်တို့ […]


အသည်းကင်ဆာ

အသည်းကင်ဆာ-ဆေးလိပ်ဖြတ်ရန်အကြံပြုချက်များ

လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားမှု အလားအလာကများစွာ မြင့်တက်စေသည်။ ဤအချက်ကို လက်ခံရန် လွယ်ကူသော်လည်း ဆေးလိပ်ဖြတ်ရန်မှာ မလွယ်လှပါ။ ထိုအတွက် စိတ်ပူရန်မလိုပါ။ အောက်ပါ အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ပါသည်။ အကြောင်းပြချက်ရှာပါ ရှေးဦးစွာဆေးလိပ်ဖြတ်ရန်ခိုင်လုံသော ကိုယ်ပိုင်အကြောင်းပြချက်တစ်ခု ချရေးပါ။ ဆေးလိပ်ဖြတ်ချင်သည့် အကြောင်းရင်းများကို စာရင်းတစ်ခုလုပ်ပြီး ဆေးလိပ်သောက်ချင်လာပါက ထိုစာရင်းကိုပြန်ဖတ်ပါ။ အဘယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သည်ကို ပြန်သတိရပါ။ မိသားစုကို ကာကွယ်ဖို့/ကိုယ်ချစ်ရတဲ့သူတွေ ဆေးလိပ်ငွေ့မရှုမိဖို့/ကိုယ့်ကလေးငယ်တွေ အတုယူမမှားမိစေဖို့/အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှုအလားအလာနည်းဖို့/ငယ်ရွယ်သန်မာဖို့ စသဖြင့်အကြောင်းပြချက်လေးတွေ ချရေးထားလိုက်ပါ။ ထိုလက်တွေ့ကျတဲ့ အကြောင်းပြချက်လေးတွေဟာ ဆေးလိပ်ပြတ်ဖို့ များစွာကူညီပေးနိုင်ပါလိမ့်မည်။ အရည်ပြောင်းသောက်ပါ အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ ၎င်းတို့ကိုသောက်မည့်အစား ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို […]


အသည်းကင်ဆာ

ကလေးဘဝတွင် အသည်းကင်ဆာ ကုသမှုအပြီးနောက်အသည်းနှင့် သည်းခြေပြွန်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

ကုသမှုအပြီး နှစ်များစွာအကြာတွင် သင်၏ကလေးသည် ကင်ဆာကုသမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံစားရနိုင်သည်။ သင့်ကလေး၏ ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနှင့် အရိုးများကို အန္တရာယ်ဖြစ်စေနိုင်ပြီးဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်နိုင်သည်။ ကလေးဘဝတွင် ကင်ဆာကုသခဲ့ပြီးနောက် အသည်းနှင့် သည်းခြေပြွန်တွင် နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်ပွားလေ့ရှိသည်။ နောက်ဆက်တွဲ သက်ရောက်မှုများသည် ကင်ဆာကုသမှု ကြောင့်သာလျှင် မဟုတ်ပါ။ အခြား ခန္ဓါကိုယ် အစိတ်အပိုင်းများကိုကုသမှုမှလည်း ဖြစ်နိုင်သည်။ ကလေးတစ်ဦးချင်းစီတွင် မတူညီသောကင်ဆာကုသမှု ရှိသောကြောင့် နောက် ဆက်တွဲ သက်ရောက်မှုများသည်လည်းကွဲပြားနိုင်သည်။ ကလေးကို အန္တရာယ်သက်ရောက်စေသောအရာများမှာ- • ကုသမှုခံယူစဉ် ကလေး၏ အသက်အရွယ် • ကင်ဆာမဖြစ်ခင်ကကလေး၏ အလုံးစုံကျန်းမာရေး • ကလေး၏ မျိုးရိုးဗီဇဖွဲ့စည်းမှု (အချို့ ကျန်းမာရေး ပြဿနာများသည် မျိုးရိုးလိုက်သည်) အချို့ ကုသမှုအမျိုးအစားများသည် နောက်ဆက်တွဲ သက်ရောက်မှု ဖြစ်နိုင်ချေ ပိုမြင့်သည်။ ဥပမာ- ခွဲစိတ်ကုသမှု၊ […]


အသည်းကင်ဆာ

Liver Cancer (အသည်းကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Liver Cancer (အသည်းကင်ဆာ) ကဘာလဲ။ အသည်းကင်ဆာသည် အသည်းဆဲလ်များတွင် စတင်ဖြစ်ပွားပါသည်။ ဝမ်းဗိုက်၏ ညာဖက်အပေါ်ပိုင်းတွင် ရှိသော အင်္ဂါအစိတ်အပိုင်း တစ်ခု ဖြစ်ပါသည်။ ဗိုက်နဲ့ ရင်ခေါင်းကိုခြားပေးထားသေားကြွက်သား (diaphragm) နှင့် အစာအိမ်အောက် တွင်ရှိပါသည်။ အသည်းကင်ဆာသည် အသည်းဆဲလ်များ၏ အဖြစ်များဆုံး ကင်ဆာအကျိတ် ဖြစ်ပါသည်။ ခန္ဓါကိုယ်၏ အခြားနေရာများမှ ပျံ့နှံ့လာခြင်း မဟုတ်ဘဲ အသည်းမှ ထွက်ပေါ်လာသော အဓိကပင်မ အကျိတ်တစ်ခု ဖြစ်သည်။ အသည်းတွင်ဖြစ်သော ကင်ဆာတိုင်းကို အသည်းကင်ဆာဟု မခေါ်ပါ။ အူမကြီး၊ အဆုတ် သို့မဟုတ် ရင်သား စသော ခန္ဓါကိုယ်ရှိ အခြားနေရာများမှ ပေါ်ထွက်လာပြီးမှ အသည်းသို့ ပျံ့နှံ့သွားသော ကင်ဆာကို ပျံ့နှံ့ကင်ဆာ (metastatic cancer) ဟုခေါ်ပါသည်။ Liver Cancer (အသည်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ အသည်းကင်ဆာသည် အမျိုးသမီးများထက် အမျိုးသားများတွင် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်