backup og meta

အသည်းကင်ဆာ-ဆေးလိပ်ဖြတ်ရန်အကြံပြုချက်များ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Sandar Lin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကင်ဆာ-ဆေးလိပ်ဖြတ်ရန်အကြံပြုချက်များ

    လေ့လာချက်များအရ အသည်းကင်ဆာဖြစ်သူ ၁၂၅ယောက်တိုင်းတွင် ထက်ဝက်နီးပါးသည် aဆးလိပ်သောက်ခြင်းနှင့် ဆက်စပ်လျက်ရှိကြောင်းတွေ့ရသည်။ ဆိုလိုသည်မှာ aဆးလိပ်သောက်ခြင်းသည် အသည်းကင်ဆာဖြစ်ပွားမှု အလားအလာကများစွာ မြင့်တက်စေသည်။ ဤအချက်ကို လက်ခံရန် လွယ်ကူသော်လည်း ဆေးလိပ်ဖြတ်ရန်မှာ မလွယ်လှပါ။ ထိုအတွက် စိတ်ပူရန်မလိုပါ။ အောက်ပါ အကြံပြုချက်များကိုလိုက်နာခြင်းဖြင့် ဆေးလိပ်ဖြတ်နိုင်ပါသည်။

    အကြောင်းပြချက်ရှာပါ

    ရှေးဦးစွာဆေးလိပ်ဖြတ်ရန်ခိုင်လုံသော ကိုယ်ပိုင်အကြောင်းပြချက်တစ်ခု ချရေးပါ။ ဆေးလိပ်ဖြတ်ချင်သည့် အကြောင်းရင်းများကို စာရင်းတစ်ခုလုပ်ပြီး ဆေးလိပ်သောက်ချင်လာပါက ထိုစာရင်းကိုပြန်ဖတ်ပါ။ အဘယ့်ကြောင့် ဆေးလိပ်ဖြတ်ချင်သည်ကို ပြန်သတိရပါ။ မိသားစုကို ကာကွယ်ဖို့/ကိုယ်ချစ်ရတဲ့သူတွေ ဆေးလိပ်ငွေ့မရှုမိဖို့/ကိုယ့်ကလေးငယ်တွေ အတုယူမမှားမိစေဖို့/အဆုတ်ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားမှုအလားအလာနည်းဖို့/ငယ်ရွယ်သန်မာဖို့ စသဖြင့်အကြောင်းပြချက်လေးတွေ ချရေးထားလိုက်ပါ။ ထိုလက်တွေ့ကျတဲ့ အကြောင်းပြချက်လေးတွေဟာ ဆေးလိပ်ပြတ်ဖို့ များစွာကူညီပေးနိုင်ပါလိမ့်မည်။

    အရည်ပြောင်းသောက်ပါ

    အရက်သောက်ခြင်းဖြင့် ဆေးလိပ်ဖြတ်ရန်ပိုမိုခက်ခဲစေလိမ့်မည်။ Cokeကဲ့သို့ ဂတ်စ်ပါသော အချိုရည်များကလည်းေ ဆးလိပ်ဖြတ်ဖို့ခက်ခဲစေသည်။ လက်ဖက်ရည်နှင့် ကော်ဖီတို့ကလည်း ဆေးလိပ်အရသာကို ပိုကောင်းစေသည်။ ၎င်းတို့ကိုသောက်မည့်အစား ရေနှင့်သစ်သီးဖျော်ရည်များကို သောက်ခြင်းဖြင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေသည့်အပြင် အရက်စွဲခြင်းကို လျှော့ကျစေသည်။ အစာစားပြီတိုင်း ဆေးလိပ်သောက်လေ့ရှိသူများသည် သွားတိုက်ခြင်း/ပီကေဝါးခြင်း/သူငယ်ချင်းထံစာပို့ခြင်း/လမ်းလျှောက်ခြင်းတို့ကို ပြုလုပ်ခြင်းဖြင့် ဆေးလိပ်သောက်လိုစိတ်ကို မေ့ဖျောက်နိုင်ပါသည်။

    ဆေးလိပ်ဖြတ်မည့်အကြောင်းကို မိသားစုသူငယ်ချင်းနှင့် လုပ်ဖော်ကိုင်ဖက်များအား အသိပေးပါ

    ဆေးလိပ်ဖြတ်ရာတွင် မိဘနှင့်သူငယ်ချင်းများ၏ အားပေးထောက်ပံ့မှုကိုရယူပါ။ ဆေးလိပ်ဖြတ်လိုသည့် သူငယ်ချင်းရှိပါကလည်း အပြန်အလှန်အားပေးကူညီနိုင်သည်။

    လှုပ်လှုပ်ရှားရှားနေပါ

    သိပ္ပံနည်းကျလေ့လာမှုများအရ လေ့ကျင့်ခန်းလုပ်ခြင်းသည် ဦးနှောက်ထံမှ ဆေးလိပ်သောက်လိုစိတ်ကို လျှော့ကျစေသည့်ဒြပ်ပေါင်းများ ထွက်စေကြောင်းတွေ့ရသည်။ ငါးမိနစ်ခန့်လမ်းလျှောက်ခြင်း သို့မဟုတ် အကြောလျှော့ခြင်းစသဖြင့် ဖြည်းဖြည်းမှန်မှန် စလုပ်သင့်သည်။ ဆေးလိပ်သောက်လိုစိတ်ဖြစ်ပေါ်လာပါက လမ်းလျှောက်ခြင်း သို့မဟုတ် ခပ်ရွရွလေးပြေးခြင်းဖြင့် စိတ်ဖြေနိုင်သည်။ မိမိခွေးနှင့် လမ်းလျှောက်ထွက်ခြင်း/ အိမ်ရှေ့ ပန်းခြံတွင် ပေါင်းသင်မြက်နှုတ်ခြင်း အစရှိသည့် သက်သာသော လေ့ကျင့်ခန်းများကလည်း ဆေးလိပ်သောက်လိုစိတ်ကို လျှော့ချပေးသည်။ ဆေးလိပ်ဖြတ်ခြင်းဖြင့် ကိုယ်အလေးချိန်တက်ခြင်းကို ကာကွယ်နိုင်သည်။

    ဆေးလိပ်နှင့်ဆေးရွက်ကြီးထုတ်ကုန်များကို အိမ်/ကားနှင့်အလုပ်ခွင်မှ ဖယ်ရှားပါ။

    ဆေးလိပ်/မီးခြစ်/မီးခြစ်တံနှင့် ပြာခွက်များကို လွှင့်ပစ်လိုက်ပါ။ ၎င်းတို့ကို မမြင်မတွေ့ရပါက ဆေးလိပ်ဖြတ်နိုင်ရန် အလွန်အထောက်အကူ ဖြစ်စေလိမ့်မည်။

    ဆေးလိပ်နံ့ထွက်နေသော အဝတ်များ/မီးခိုးငွေ့နှင့် အနံ့တူသောအရာများအား ရှင်းလင်းလိုက်ပါက ဆေးလိပ်ဖြတ်ရန် အထောက်အကူဖြစ်စေလိမ့်မည်။

    လက်နှင့် ပါးစပ်ကို အငြိမ်မထားပါနှင့်

    နီကိုတင်းအစားထိုးကုထုံးဟာ သင့်ရဲ့ဆေးလိပ်ဖြတ်ဖို့အစီအစဉ် အောင်မြင်မှုနှုန်းကို နှစ်ဆတိုးစေလိမ့်မည်။ နီကိုတင်းကပ်ခွာ/သောက်ဆေး/ငုံဆေး/ပီကေနှင့် နှာတွင်းဖျန်းဆေး စသဖြင့် မျိုးစုံရှိသည်။ ရှူဘူးနှင့် အီးစီးကရက်ကဲ့သို့ ထုတ်ကုန်များလည်း အသုံးပြုနိုင်သည်။ လက်ထဲတွင်စီးကရက်အစား ဖျော်ရည်ဘူး ကိုင်ထားခြင်း/ပိုက်ဖြင့်သောက်ခြင်းတို့ဖြင့် ပါးစပ်ကို အလုပ်ပေးထားလိုက်ပါ။

    ဆေးလိပ်ဖြတ်ခြင်းသည် အသည်းကင်ဆာကာကွယ်ရုံမက အထွေထွေကျန်းမာရေးကိုပါ ကောင်းမွန်စေသည်။ အကယ်၍ ဆေးလိပ်ဖြတ်ရန် ခက်ခဲနေပါက သင့်ဆရာဝန်နှင့် ရက်ချိန်းယူ၍ အကြံဉာဏ်တောင်းသင့်ပေသည်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Sandar Lin မှ ရေးသားသည်။ · 14/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement