backup og meta

ကလေးဘဝတွင် အသည်းကင်ဆာ ကုသမှုအပြီးနောက်အသည်းနှင့် သည်းခြေပြွန်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးဘဝတွင် အသည်းကင်ဆာ ကုသမှုအပြီးနောက်အသည်းနှင့် သည်းခြေပြွန်၏ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

    ကုသမှုအပြီး နှစ်များစွာအကြာတွင် သင်၏ကလေးသည် ကင်ဆာကုသမှု၏ နောက်ဆက်တွဲ သက်ရောက်မှုများကို ခံစားရနိုင်သည်။ သင့်ကလေး၏ ကိုယ်တွင်းအင်္ဂါများ၊ တစ်ရှူးများနှင့် အရိုးများကို အန္တရာယ်ဖြစ်စေနိုင်ပြီးဆိုးရွားသောကျန်းမာရေး ပြဿနာများ ဖြစ်နိုင်သည်။ ကလေးဘဝတွင် ကင်ဆာကုသခဲ့ပြီးနောက် အသည်းနှင့် သည်းခြေပြွန်တွင် နောက်ဆက်တွဲ သက်ရောက်မှုများ ဖြစ်ပွားလေ့ရှိသည်။ နောက်ဆက်တွဲ သက်ရောက်မှုများသည် ကင်ဆာကုသမှု ကြောင့်သာလျှင် မဟုတ်ပါ။ အခြား ခန္ဓါကိုယ် အစိတ်အပိုင်းများကိုကုသမှုမှလည်း ဖြစ်နိုင်သည်။ ကလေးတစ်ဦးချင်းစီတွင် မတူညီသောကင်ဆာကုသမှု ရှိသောကြောင့် နောက် ဆက်တွဲ သက်ရောက်မှုများသည်လည်းကွဲပြားနိုင်သည်။

    ကလေးကို အန္တရာယ်သက်ရောက်စေသောအရာများမှာ-

    • ကုသမှုခံယူစဉ် ကလေး၏ အသက်အရွယ်

    • ကင်ဆာမဖြစ်ခင်ကကလေး၏ အလုံးစုံကျန်းမာရေး

    • ကလေး၏ မျိုးရိုးဗီဇဖွဲ့စည်းမှု (အချို့ ကျန်းမာရေး ပြဿနာများသည် မျိုးရိုးလိုက်သည်)

    အချို့ ကုသမှုအမျိုးအစားများသည် နောက်ဆက်တွဲ သက်ရောက်မှု ဖြစ်နိုင်ချေ ပိုမြင့်သည်။ ဥပမာ- ခွဲစိတ်ကုသမှု၊ ဓါတုကုထုံး နှင့် ဓါတ်ရောင်ခြည်ကုထုံး။ အသည်းနှင့် သည်းခြေပြွန်တွင် ဖြစ်ပွားသောအဖြစ်များသောနောက်ဆက်တွဲ သက်ရောက်မှုအချို့မှာ-

    • အသည်းသည် လုပ်သင့်သလောက် အလုပ်မလုပ်ခြင်းသို့မဟုတ် အလုပ်လုပ်မှု ရပ်တန့်ခြင်း

    • သည်းခြေကျောက်တည်ခြင်း

    • အန္တရာယ်မဖြစ်နိုင်သောအသည်းအနာများ

    • အသည်းရောင်ရောဂါ ဘီသို့မဟုတ်စီကူးစက်မှု

    • Veno-occlusive disease (VOD) / sinusoidal obstruction syndrome (SOS) ဟုခေါ်သောသွေးပြန်ကြောများပိတ်ဆို့သောရောဂါ ကြောင့်ဖြစ်သောအသည်းပျက်စီးခြင်း

    • အသည်းခြောက်ခြင်း ။ အသည်းတွင် တွယ် ဆက်တစ်ရှူးများအလွန်ကြီးထွားခြင်း ဖြစ်သည်။

    • အသည်းအဆီဖုံးခြင်းနှင့် အင်ဆူလင် ကိုမတုံ့ပြန်ခြင်း

    • သွေးသွင်းမှု များစွာပြုလုပ်ပြီးနောက် သံဓါတ်များစုပုံလာမှုကြောင့်ဖြစ်သောတစ်ရှူးနှင့် အင်္ဂါပျက်စီးမှု

    • အသည်းနှင့် သည်းခြေပြွန် နောက်ဆက်တွဲ သက်ရောက်မှု၏ ဖြစ်နိုင်သောလက္ခဏာများမှာဝမ်းဗိုက် နာခြင်းနှင့် အသားဝါခြင်းတို့ဖြစ်သည်။

    ထိုနောက်ဆက်တွဲသက်ရောက်မှု များသည် ကလေး ခန္ဓါကိုယ်တွင် လက္ခဏာများ ပြသပါသည်။ ဥပမာကိုယ် အလေးချိန်တက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း။ သင့်ကလေးသည် မအီမသာဖြစ်ခြင်း၊ အော့အန်ခြင်း၊ ဝမ်းဗိုက်တွင် နာကျင်ခြင်းကြောင့် အစာစားချင်စိတ် မရှိခြင်းတို့ခံစားရနိုင် သည်။ တစ်ခါတစ်ရံဝမ်းဗိုက်တွင် ရောင်ရမ်းခြင်းလည်း ဖြစ် နိုင်သည်။ သင့်ကလေးသည် ဝမ်းအရောင်ဖျော့ခြင်း၊ ဆီးမည်းများသွားခြင်း ဖြစ်နိုင်သည်။ ကင်ဆာကုသမှု၏ သက်ရောက် မှုအနေဖြင့် အားနည်းခြင်း၊ မောပန်းခြင်းတို့ ခံစားရသည်။

    တစ်ခါတစ်ရံဝမ်းဗိုက်နာခြင်းသည် ဒုတိယအကြိမ် ကင် ဆာလက္ခဏာဖြစ်နိုင်သည်။ နောက်ထပ်ကင်ဆာအသစ် လည်း ဖြစ်နိုင်ပါသည် (အသည်းနှင့် သည်းခြေပြွန်မှဖြစ်သောကင်ဆာ)။ ကင်ဆာသည် ဖြစ်ရာနေရာမှ ခန္ဓါကိုယ်၏ အခြားအစိတ်အပိုင်းများကိုပျံ့နှံ့သည်။ တစ်ခါတစ်ရံကင်ဆာပြန်ဖြစ်ခြင်းသည် အရင်ကပြုလုပ်ခဲ့သောဓါတုကုထုံး၊ ဓါတ် ရောင်ခြည်ကုထုံးစသောကင်ဆာကုသမှုများ၏ နောက် ဆက်တွဲ သက်ရောက်မှုအနေဖြင့်လည်း ဖြစ်နိုင်သည်။

    သင့်ကလေးတွင် ဤလက္ခဏာများရှိပါကဆရာဝန်ဆီသို့ ခေါ်ယူပြသသင့်ပါသည်။ အသည်းနှင့် သည်းခြေပြွန် နောက် ဆက်တွဲ သက်ရောက်မှုများကိုအဖြေရှာနိုင်သောစစ်ဆေးမှုများစွာရှိပါသည်။ အောက်ပါတို့ ပါဝင်ပါသည်။

    • ခန္ဓါကိုယ် စစ်ဆေးခြင်းနှင့် မှတ်တမ်းယူခြင်း။ ကလေး၏ ဆရာဝန်သည် ဝမ်းဗိုက်တွင် အလုံးပေါ် ခြင်းစသောစသောပုံမှန်မဟုတ်သောလက္ခဏာများကိုစစ်ဆေးပါလိမ့်မည်။

    • သွေးစစ်ခြင်း။ သွေးစစ်ခြင်းကိုများစွာသောရည်ရွယ် ချက်များအတွက် အသုံးပြုသည်။ ဆရာဝန်သည် သင့်ကလေး ခန္ဓါကိုယ်တွင်းရှိ ဟော်မုန်းနှင့် ဓါတုပစ္စည်းပမာဏကိုစစ်ဆေးနိုင်သည်။ သံဓါတ်နှင့် ပေါင်းပြီး ခန္ဓါကိုယ်မှ အသုံးပြုရန် သိမ်းဆည်းပေးသော ferritin ဟူသောပရိုတိန်းပမာဏကိုစစ်ဆေးသည်။ သွေးခဲခြင်းနှင့် အသည်းရောင် ဗိုင်းရပ်စ်ကိုလည်းစစ်ဆေးနိုင်သည်။

    • ပုံရိပ်ဖော် စစ်ဆေးခြင်း။ အာထရာဆောင်း၊ သံလိုက်ဓါတ်မှန်၊ ကွန်ပျူတာဓါတ်မှန်တို့ကိုအသုံးပြုကာကလေး၏ ကိုယ်တွင်းအင်္ဂါများရှိ ပုံမမှန်မှုများကို ကြည့်နိုင်သည်။

    • အသားစစစ်ဆေးခြင်း။ အသည်းမှ ဆဲလ် သို့မဟုတ် တစ်ရှူးကိုထုတ်ယူကာအဏုကြည့်မှန် ပြောင်းအောက်တွင် စစ်ဆေးခြင်းဖြစ်သည်။

    အချို့ကလေးများတွင် နောက်ဆက်တွဲသက်ရောက်မှုများကိုမခံစားရပါ။ သို့သော်လည်းသင့်ကလေးတွင် ကင်ဆာကုသမှုခံယူပြီးနောက် ရောဂါလက္ခဏာများရှိနေပါကဆရာဝန်နှင့် တိုင်ပင်ပြီးအသည်းနှင့် သည်းခြေပြွန် နောက်ဆက်တွဲ သက်ရောက်မှု၏ လက္ခဏာများအတွက် စစ်ဆေးရန် လိုမလိုကိုဆွေးနွေးပါ။ စစ်ဆေးမှုများလိုအပ်ပါကဘယ်လောက် မကြာခဏ ပြုလုပ်ရန် လိုအပ်မည်ကိုတိုင်ပင်ပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement