backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း)


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကဘာလဲ။

ရင်သားတွင်အမျှင်လုံးတည်ခြင်းဆိုသည်မှာ အဖုအထစ် သို့မဟုတ် ကြိုးကိုစမ်းရသလို ခံစားမှုမျိုးရှိသည့်တစ်ရှူးများဖြင့် ဖွဲစည်းထားသောအလုံးဖြစ်သည်။ ဆရာဝန်များကတော့ nodular or glandular ရင်သားတစ်ရှူးများဟု ခေါ်၏။

ရင်သားတွင်အမျှင်လုံးတည်ခြင်းက တော်တော်အဖြစ်များသည်။ အမျိုးသမီးထု၏တစ်ဝက်လောက်က ရင်သားတွင်အမျှင်လုံးတည်ခြင်းကို တစ်သက်တာအတွင်း တစ်ချိန်ချိန်တွင်တော့ ကြုံတွေ့ရမည်ဖြစ်သည်။ အမျှင်လုံးအဖြစ် အမျိုးအစားခွဲနိုင်သော ရင်သားပြောင်းလဲမှုမှာ ပုံမှန်သာဖြစ်ပါသည်။

ရင်သားတွင်အမျှင်လုံးတည်သော အမျိုးသမီးအများစုမှာ လက္ခဏာမပြပါ။ တစ်ချို့တွင်တော့ ရင်သားနာခြင်း၊ ထိလျှင် နာခြင်း၊ အဖုအထစ်များစမ်းမိခြင်းတို့ကို အထူးသဖြင့် ရင်သားအပေါ်ဖက်နှင့် အပြင်ဖက်နေရာများတွင် ခံစားရလေ့ရှိသည်။ ထိုလက္ခဏာများမှာ ရာသီမလာခင်ရက်များတွင် အတော်စိတ်အနှောက်အယှက် ဖြစ်ရနိုင်သည်။ ရင်သားတွင်အမျှင်လုံးတည်ခြင်းကြောင့်ဖြစ်သော လက္ခဏာများကို ကိုယ်တိုင်ဂရုစိုက်ပေးခြင်းဖြင့် သက်သာစေနိုင်ပါသည်။

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါသည် အလွန်အဖြစ်များ၏။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါသည်။ အချက်အလက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။

လက္ခဏာများ

Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

ရင်သားတွင်အမျှင်လုံးတည်ခြင်း ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ –

  • ရင်သားတွင် အလုံးစမ်းမိခြင်း သို့မဟုတ် ရင်သားတွင် တခြားနေရာများနှင့်မတူ မာနေသောဧရိယာတစ်ခု ရှိနေခြင်း
  • ရင်သားတစ်ခုလုံးနာခြင်း သို့မဟုတ် ထိလျှင်နာခြင်း
  • ရာသီစက်ဝန်းအရ ရင်သားအလုံးအရွယ်ပမာဏ လိုက်ပြောင်းခြင်း
  • အစိမ်းရောင် သို့မဟုတ် အညိုရင့်ရောင် သွေးမဟုတ်သောအရာများ မဖိမညှစ်ပဲနို့သီးခေါင်းမှ ထွက်နေခြင်း
  • ရင်သားနှစ်ဖက်လုံးတွင် တူညီသောရင်သားပြောင်းလဲခြင်းများရှိခြင်း
  • လစဉ် ရာသီမလာခင် စက်ဝန်အလယ် (သားဥကြွေချိန်) တွင် နာကျင်မှုနှင့် အဖုအထစ်ပမာဏ တိုးလာခြင်း
  • ရင်သားတွင်အမျှင်လုံးတည်ပြောင်းလဲခြင်းမှာ အသက် ၂၀ – ၅၀ အတွင်းတွင် အဖြစ်များ၏။ ရှားပါစွာဖြင့် သွေးဆုံးပြီးသား အမျိုးသမီးများတွင်လည်း ဟော်မုန်းကုထုံးမခံယူနေပါက ရင်သားတွင်အမျှင်လုံးတည်ခြင်းဖြစ်နိုင်ပါသည်။

    အထက်တွင်ဖော်ပြထားသည့်အထဲမှာမပါဝင်သေးသော အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ အကယ်၍ကိုယ့်ဆီ၌ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမည်ဆိုပါက ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

    သင့်၌ အောက်ဖော်ပြပါအချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် သင့်ဆရာဝန်နှင့် ဆက်သွယ်သင့်သည်။

    • ရင်သားတွင် အလုံးစမ်းမိခြင်း သို့မဟုတ် မာခဲနေသောနေရာ စမ်းမိခြင်း
    • ရင်သားတစ်နေရာတွင် တောက်လျှောက်နာနေခြင်း
    • ရာသီလာပြီးနောက်အထိ ရင်သားပြောင်းလဲမှုဆက်ရှိနေခြင်း
    • ဆရာဝန်မှ ရင်သားအကျိတ်ဟုပြောပြီးသော်လည်း ရုတ်တရတ် ကြီးလာခြင်း သို့မဟုတ် ပြောင်းလဲမှုတစ်ခုခုရှိလာခြင်း

    အကြောင်းရင်းများ

    Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

    ရင်သားတွင်အမျှင်လုံးတည်ခြင်း၏ အတိအကျအကြောင်းရင်းကို မသိရသေးပါ။ သို့သော် ကျွမ်းကျင်သူများကတော့ မဟော်မုန်း အီထရိုဂျင်မှာ အဓိကကျကြောင်း ခန့်မှန်းကြ၏။

    ရာသီစက်ဝန်းအတွင်း ဟော်မုန်းလယ်ဗယ်ပြောင်းလဲခြင်းက ရင်သားတွင် မအီမသာခံစားမှုမျိုးကိုဖြစ်စေပြီး အလုံးရှိရာနေရာမှ တစ်ရှူးများကို ထိလျှင်နာခြင်း၊ ကိုက်ခြင်း၊ ရောင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ ရင်သားတွင်အမျှင်လုံးတည်ခြင်းမှာ ရာသီမလာခင်အချိန်တွင် ပိုပြီးစိတ်အနှောက်အယှက် ဖြစ်ရနိုင်ပါသည်။ နာကျင်မှု၊ အဖုအထစ်လိုလိုခံစားရမှုမှာ ရာသီစလာသည်နှင့် လျော့ပါးပျောက်ကင်းသွားတတ်ပါသည်။

    အဏုကြည့်မှန်ပြောင်းနှင့် စစ်ဆေးကြည့်ပါက ရင်သားမှအမျှင်လုံးတစ်ရှူးများသည် အောက်ပါထင်ရှားသည့် အပိုင်းများကိုတွေ့ရ၏။

    • အရည်များနှင့်ပြည့်နေသာ အိတ် (အဝိုင်း သို့ ဘဲဥပုံ) (cysts)
    • အမာရွတ်နှင့်တူသော အမျှင်တစ်ရှူးများ များပြားခြင်း (fibrosis)
    • နို့ရည်ပြွန်များမှဆဲလ်များ သို့မဟုတ် နို့ရည်ထုတ်သောတစ်ရှူးများ အများအပြားကြီးထွားနေခြင်း (hyperplasia)
    • ရင်သားတွင်းတစ်ရှူးမှဂလင်းများ ကြီးနေခြင်း (adenosis)

    ဖြစ်နိုင်ခြေများ

    ငါ့ဆီမှာ Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

    ရင်သားတွင်အမျှင်လုံးတည်ခြင်းမှာ မဟော်မုန်း အီစထရိုဂျင်နှင့် ဆက်နွယ်မှုရှိသည်ဟု ယူဆထားကြပါသည်။ အီစထရိုဂျင်မှာ အမျိုးသမီလိင်လက္ခဏာရပ်များ (ဥပမာ ရင်သား) ဖြစ်ထွန်းရန်နှင့် မျိုးပွှားရန်အတွက် အရေးကြီးသော ဟော်မုန်းဖြစ်ပါသည်။

    သို့သော်လည်း ရင်သားတွင်အမျှင်လုံးရုံနှင့် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများနိုင်သည်မျိုးတော့ မဟုတ်ပါချေ။

    ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

    ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

    Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

    သင့်အခြေအနေအား စမ်းရန်အတွက် –

    • ရင်သားအားစမ်းသပ်ခြင်း – ဆရာဝန်သည် ရင်သားကို အမြင်ရော ထိတွေ့စမ်းသပ်ခြင်းနှင့်ပါ ကြည့်ရှုပါလိမ့်မည်။ လည်ပင်းနှင့် ချိုင်းအောက်မှ ပြန်ရည်ကျိတ်များကိုလည်း စမ်းစပ်ပါလိမ့်မည်။ ရောဂါရာဇဝင်နှင့် ရင်သားစမ်းသပ်မှုများအရ ပုံမှန်ရင်သားပြောင်းလဲခြင်းသာဖြစ်ကြောင်း အဖြေထွက်လျှင် တခြားအပိုစစ်ဆေးမှုများ လိုအပ်မည် မဟုတ်ပါ။ ဆရာဝန်မှ ရင်သားတွင်အလုံးစမ်းမိပြီး အမျှင်လုံးပြောင်းလဲမှုဖြစ်ကြောင်း သံသယရှိလျှင် ရက်သတ္တပတ်အနည်းငယ်ခြားပြီး ရာသီလာချိန်အပြီးတွင် ပြန်လည်စမ်းသပ်ရန် ချိန်းဆိုပါလိမ့်မည်။ အကယ်၍ ပြောင်းလဲမှုများ ဆက်လက်ရှိနေသေးလျှင် Mammogram သို့မဟုတ် တီဗီဓါတ်မှန်များရိုက်ရန် လိုအပ်နိုင်ပါသည်။
    • Mammogram – ဆရာဝန်မှ ရင်သားအလုံး သို့မဟုတ် မာခဲနေသောတစ်ရှူးများကို တွေ့ရှိရပါက ရောဂါအတည်ပြုရန် Mammogram (ရင်သားမှ လိုအပ်သောနေရာများကို အဓိကထားရိုက်သော ဓါတ်မှန်) ရိုက်ရန်ညွှန်ပါလိမ့်မည်။ ဓါတ်မှန်ဆရာဝန်မှ Mammogram ကို သေချာကြည့်ရှုပြီး အဖြေထုတ်ပေးမည်ဖြစ်သည်။
    • တီဗီဓါတ်မှန် – တီဗီဓါတ်မှန်မှာ အသံလှိုင်းများကိုသုံးပြီး ရင်သားပုံရိပ်ကိုဖော်ခြင်းဖြစ်သည်။ တစ်ခါတစ်ရံ Mammogram နှင့် တွဲရိုက်ရနိုင်သည်။ အသက် ၃၀ အောက်ဆိုပါက mammogram အစား တီဗီဓါတ်မှန်သာ ရိုက်ရန်လိုပါလိမ့်မည်။ ငယ်ရွယ်သူများတွင် ရင်သားတစ်ရှူးများ ပိုသိပ်သည်းသောကြောင့် တီဗီဓါတ်မှန်မှာ ပိုကောင်းပါသည်။ တီဗီဓါတ်မှန်ကိုကြည့်ပြီး အရည်အိတ်လား အခဲအိတ်လားဆိုသည်ကို ဆရာဝန်မှ ကောင်းကောင်းခွဲခြားနိုင်မည်ဖြစ်သည်။
    • အပ်နှင့်စုပ်ထုတ်ခြင်း – အရည်အိတ်နှင့် အတော်လေးတူသော အလုံးများအတွက် ဆရာဝန်သည် အပ်စိုက်ပြီး အရည်ထုတ်ရမရ ကြိုးစားကြည့်ပါလိမ့်မည်။ ဤအထောက်အကူဖြစ်သော စုပ်ထုတ်ခြင်းကို ဆေးခန်းမှာတင် ပြုလုပ်နိုင်ပါသည်။ အပ်နှင့်စုပ်ခြင်းက အရည်အိတ်ကိုရှုံ့သွားစေပြီး မအီမသာဖြစ်နေမှုကို ပျောက်ကင်းစေပါသည်။
    • ရင်သားနမူနာယူခြင်း – Mammogram ရော တီဗီဓါတ်မှန်တွင်ပါ ပုံမှန်ဟုအဖြေထွက်သော်လည်း ဆရာဝန်မှ ရင်သားအကျိတ်ကိုစိုးရိမ်မှုရှိနေသေးလျှင် ရင်သားအသားစနမူနာ ယူရန်လိုမလိုသိနိုင်ရန် ခွဲစိတ်ဆရာဝန်ဆီ လွှဲပါလိမ့်မည်။ ရင်သားနမူနာယူခြင်းသည် အဏုကြည့်မှန်ပြောင်းနှင့် စစ်ဆေးရန် အသားစအနည်းငယ်ယူခြင်းဖြစ်ပါသည်။ သံသယဖြစ်ဖွယ်နေရာကို စစ်ဆေးရင်းသိရှိရပါက ဓါတ်မှန်ဆရာဝန်သည် တီဗီဓါတ်မှန်နှင့်ကြည့်ရင်း အသားစယူရန် လမ်းညွှန်ပါလိမ့်မည်။ တီဗီဓါတ်မှန်ကိုသုံးပြီး Mammography နှင့်တိုက်ကာ အသားစယူရမည့်နေရာကို တိတိကျကျသိနိုင်ပါသည်။

    Fibrocystic Breast Changes (ရင်သားတွင်အမျှင်လုံးတည်ခြင်း) ကို ဘယ်လိုကုသပါသလဲ

    လက္ခဏာများမပြပါက သို့မဟုတ် လက္ခဏာများမှာ မပြင်းထန်ပါက ရင်သားတွင်အမျှင်လုံးတည် ပြောင်းလဲခြင်းအတွက် ကုသရန်မလိုပါ။ ပြင်းပြင်းထန်ထန်နာခြင်း သို့မဟုတ် ကြီးမားနာကျင်သော အရည်အိတ်ပါတွဲရှိနေပါက ကုသမှုလိုအပ်မည်ဖြစ်သည်။

    ရင်သားအရည်အိတ်ကုသရာတွင် ရွေးချယ်စရာများမှာ –

    • အပ်နှင့်စုပ်ထုတ်ခြင်း – ဆရာဝန်မှ သေးငယ်သောအပ်ဖြင့် အရည်အိတ်အတွင်းစိုက်ကာ အရည်များကို စုပ်ထုတ်ပါလိမ့်မည်။ အရည်များကို ထုတ်နိုင်သည်ဆိုပါက ထိုအလုံးမှာ ရင်းသားအရည်အိတ်ဖြစ်ကြောင့် အတည်ပြုပြီး ဖြစ်ပါလိမ့်မည်။ ရလဒ်အဖြစ် ၎င်းမှာချပ်သွားပြီး မအီမသာဖြစ်နေမှုများ သက်သာသွားမည်ဖြစ်သည်။
    • ခွဲစိတ်ဖယ်ရှာခြင်း – ရှာပါးစွာဖြင့် အရည်စုပ်ပြီးနောက် သေချာဂရုစိုက်နေရင်းမှ သက်သာမသွားသော အရည်အိတ်ဆန်ဆန် အလုံးများကိုတော့ ခွဲစိတ်ဖယ်ရှားရန်လိုအပ်ပါသည်။ ထို့အတူ စမ်းသပ်စဉ် ဆရာဝန်ကိုစိုးရိမ်စေသောအချက်များကို တွေ့ရပါကလည်း ခွဲထုတ်ရန်လိုပါသည်။

    ရင်သားနာခြင်းအတွက် ကုသနိုင်သည်များမှာ –

  • အလွယ်ဝယ်ယူနိုင်သော အကိုက်အခဲပျောက်ဆေးများ ဥပမာ ပါရာစီတမော သို့မဟုတ် NSAIDs များ ဥပမာ အိုင်ဗျူပရိုဖန် (Advil, Motrin IB, စသည်များ) သို့မဟုတ် ဆရာဝန်ညွှန်ကြားချက်ဖြင့်သည ဝယ်ရသည်များ
  • သားဆက်ခြားသောက်ဆေးများ – ၎င်းတို့သည် ရာသီစက်ဝန်းဆိုင်ရာ ဟော်မုန်းများလယ်ဗယ်ကို ချပေးခြင်းဖြစ်သည်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ရင်သားတွင်အမျှင်လုံးတည်ခြင်း ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနှင့်အိမ်သုံးကုထုံးများက သင့်အနေဖြင့် ရင်သားတွင်အမျှင်လုံးတည်ခြင်း ကိုကုသသည့်နေရာနှင့် လိုက်လျောညီထွေဖြစ်အောင်လုပ်ရာတွင် အကူအညီပေးနိုင်ပါသည်။

    • Evening primrose ပန်းဆီ -၎င်းသည် သင်၏ဆဲလ်များအတွင်းမှ အဆီအက်စစ်များကိုမျှတာစေပြီး ရင်သားနာကျင်မှုကို လျော့ကျစေပါသည်။
    • ဗီတာမင်အီး – အစောပိုင်းလေ့လာမှုများအရ ဗီတာမင်အီးမှာ ရာသီလာတိုင်းနာကျင်မှုများ ဖြစ်တတ်သော အမျိုးသမီးများ၏ ရင်သားနာကျင်မှုအတွက် ကောင်းသည်ဟုဆိုသည်။

    ဗီတာမင်များနှင့် ဖြည့်စွက်စာများသည် တစ်ချို့အမျိုးသမီးများတွင် ရင်သားနာကျင်မှုလက္ခဏာများနှင့် ပြင်းထန်မှုနှုန်းကို လျော့ကျစေပါသည်။ သင့်အတွက်လည်း အဆင်ပြေသည်ဆိုပါက ဘယ်လောက်ပမာဏ စားသုံးသင့်သည်ကို ဆရာဝန်အားမေးမြန်းပါ။

    ရင်သားနာကျင်မှုအတွက် ဖြည့်စွက်စာများစားမည်ဆိုပါက လအနည်းငယ်အကြာထိ ရင်သားနာကျင်မှု သက်သာမလာသေးဘူးဆိုပါက ရပ်လိုက်ပါ။ တစ်ကြိမ်လျှင် ဖြည့်စွက်စာတစ်မျိုးစီကိုသား သုံးပြီး ဘယ်ဟာကပိုသက်သာကြောင်း ဆုံးဖြတ်ကြည်ပါ။

    အကယ်၍သင့်၌ မေးခွန်းများရှိသည်ဆိုပါက သင့်အတွက်သင့်တော်သော အဖြေရှာဖွေနိုင်ဖို့ရာ ဆရာဝန်နှင့်ဆွေးနွေးတိုင်ပင်သင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 13/09/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement