backup og meta

ရင်သားကင်ဆာ - ဆရာဝန်များ နဲ့ အထူးကုသမားတော်များ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်သားကင်ဆာ - ဆရာဝန်များ နဲ့ အထူးကုသမားတော်များ

    ရင်သားကင်ဆာဟာ ရှုပ်ထွေးတဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူ့ကို ကုသဖို့အတွက် ဆရာဝန်တစ်ယောက်ထက်မက လိုအပ်တတ်ပါတယ်။ သင့်အတွက် အတွေ့အကြုံရှိတဲ့ ဆရာဝန်တစ်ဦးလိုအပ်ပြီး သူက ပိုမိုကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီကို ညွှန်းပေးပါလိမ့်မယ်။

    အထူးကုဆရာဝန်တွေဟာလည်း ဆရာဝန်တွေ ဖြစ်ပြီး သူတို့ ကျွမ်းကျင်ရာ အပိုင်းတစ်ခုဆီကို အဓိက ထားပြီး ကုသကြသူတွေ ဖြစ်ပါတယ်။ လေ့ကျင့်မှုတွေရယူပြီး သူတို့ဟာ လက်မှတ်ရ အထူးကု ဆရာဝန်ဖြစ်လာအောင် စာမေးပွဲတွေ ဖြေရတာ ဖြစ်ပါတယ်။ လက်မှတ်၊ လေ့ကျင့်မှုတွေနဲ့ အတွေ့အကြုံတွေ ပြည့်ဝတဲ့ ဆရာဝန်ကို ရှာဖွေသင့်ပါတယ်။

    သင့်ကို ဆေးကုသပေးမယ့်အဖွဲ့မှာ အောက်ပါ ဆရာဝန် အမျိုးအစားတွေ ပါဝင်နိုင်ပါတယ်။

    ၁။ ကင်ဆာ ဆေး အထူးကုဆရာဝန်

    ကင်ဆာ အထူးကု ဆရာဝန်တွေဖြစ်ပြီး သူတို့ဟာ ကင်ဆာဆဲလ်တွေ ဘယ်လိုဖြစ်ပွားလာသလဲ ဆိုတာနဲ့ ဘယ်ဆေးတွေနဲ့ ကုရမလဲဆိုတာတွေကို ကျွမ်းကျင်စွာ သိရှိသူတွေ ဖြစ်ပါတယ်။ သင့်ရဲ့ ကင်ဆာပြန်ဖြစ်နှုန်းကို တွက်ချက်နိုင်ပြီး လိုအပ်ရင် တစ်ခုထက်ပိုတဲ့ ကုသမှုတွေကို ညွှန်းပေးနိုင်ပါတယ်။ နောက် ကုသမှုတွေကတော့ ဆေးသွင်းကုသခြင်း၊ ဓါတ်ရောင်ခြည် ကုသခြင်းနဲ့ ဟော်မုန်းကုသခြင်းတွေပဲ ဖြစ်ပါတယ်။ သင့် ကင်ဆာ ရောဂါ ဆရာဝန်ဟာ ယေဘုယျ ကျန်းမာရေးကို စစ်ဆေးပေးမှာ ဖြစ်ပြီး သွေးအဖြေတွေကို ကြည့်ရှုကာ အခြားလိုအပ်တဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်မှာ ဖြစ်ပါတယ်။

    ၂။ ကင်ဆာ ခွဲစိတ်ကု ဆရာဝန်

    ကင်ဆာခွဲစိတ်ကုဆရာဝန်ဟာ ကင်ဆာရောဂါ ခွဲစိတ်မှုတွေကို တာဝန်ယူမှာဖြစ်ပါတယ်။ သူဟာ အသားစယူခြင်းနဲ့ အကျိတ်ထုတ်ယူခြင်းတို့ကို ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ခွဲစိတ်ကုပညာကို လေ့လာခဲ့ရတာဖြစ်ပြီး ကင်ဆာပိုင်းဆိုင်ရာ ခွဲစိတ်ပညာကို အထူးလေ့လာထားရတာဖြစ်ပါတယ်။

    ၃။ ရင်သား ခွဲစိတ်ဆရာဝန်

    ရင်သား ခွဲစိတ်ဆရာဝန်တွေဟာ အကျိတ်နဲ့ ပြန်ရည်ကျိတ်တွေကို ခွဲထုတ်ရသူတွေ ဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့ ရင်သားခွဲစိတ်ဆရာဝန်ဟာ သင့်ရင်သားကို တတ်နိုင်သမျှ အကောင်းအတိုင်း ရှိစေဖို့ ကြိုးစားမှာဖြစ်ပါတယ်။ သူဟာ အသားစ ယူခြင်းတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

    ၄။ ပလပ်စတစ် ဆာဂျင်

    ရင်သား ပြန်လည်တည်ဆောက်တဲ့ ခွဲစိတ်မှုအတွက်ဆိုရင်တော့ ပလပ်စတစ် ဆာဂျင် လိုအပ်ပါလိမ့်မယ်။

    ၅။ ဓါတ်မှန်ဆရာဝန်

    ဓါတ်မှန်ဆရာဝန်ဟာ X-Rays၊ ကွန်ပျူတာဓါတ်မှန် ၊သံလိုက်ဓါတ်မှန်၊ အာထရာဆောင်း အစရှိတာတွေကို

    တာဝန်ယူပေးမှာဖြစ်ပါတယ်။

    ၆။ ရောဂါဗေဒ ဆိုင်ရာဆရာဝန်

    ဒီဆရာဝန်တွေဟာ အသားစယူထားတဲ့ တစ်ရှူးတွေကို ကြည့်ပြီး ဆဲလ်ပုံမမှန်မှုတွေကို လေ့လာမှာ ဖြစ်ပါတယ်။ သူတို့ဟာ ကင်ဆာ အမျိုးအစား၊ အဆင့်၊ အကျိတ် အရွယ်အစားနဲ့ ပြန်ရည်ကျိတ် ပါဝင်မှု ရှိမရှိ ဆိုတာတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။

    ၇။ ဓါတ်ရောင်ခြည် အထူးကု ဆရာဝန်

    ဓါတ်ရောင်ခြည် အထူးကု ဆရာဝန်ဟာ သင့်ကို ဓါတ်ရောင်ခြည်ပေးဖို့အတွက် လိုအပ်တဲ့ ပမာဏနဲ့ အစီအစဉ်ကို ဆွဲပေးမှာဖြစ်ပါတယ်။ သူဟာ ဓါတ်ရောင်ခြည်ကို အတတ်နိုင်ဆုံးလူနာအတွက် လုံခြုံအောင် ပေးမှာဖြစ်ပါတယ်။

    အထူးကုဆရာဝန်တွေဟာလည်း ကင်ဆာရောဂါကို သင်နဲ့ အတူတိုက်ဖျက်မယ့်သူတွေ ဖြစ်ပါတယ်။ သူတို့ကို သိဖို့ကြိုးစားပြီး လိုအပ်ရင်ဘယ်ကို ဆက်သွယ်ရမလဲဆိုတာပါ သိထားဖို့ လိုအပ်ပါတယ်။ ဆရာဝန်ကောင်းတစ်ယောက်ဟာ သင့်အတွက် ပူပန်မှာဖြစ်ပြီး သင့်ကို မေးခွန်းတွေ မေးဖို့ အားပေးပြီး စိတ်ရှည်လက်ရှည် ဖြေကြားပေးမှာ ဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement