backup og meta

ဒုတိယအကြိမ်ရင်သားကင်ဆာဖြစ်ခြင်း နှင့် စိတ်ခံစားမှု


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒုတိယအကြိမ်ရင်သားကင်ဆာဖြစ်ခြင်း နှင့် စိတ်ခံစားမှု

    အချို့သူတွေက secondary ရင်သားကင်ဆာဟာ ဒုတိယအကြိမ် အပြစ်ပေးခံရခြင်းလို့ ယူဆကြပါတယ်။ သူတို့ဟာ ရင်သားကင်ဆာကို တစ်ခါခံစားဖူးကြသူတွေ ဖြစ်ပြီး ကုသမှုတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံရပြီး ဖြစ်ပါတယ်။ အခုတော့ ဒီအရာတွေကို နောက်တစ်ကြိမ် ပြန်လည်ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဆိုးရွားတဲ့ အတွေးတွေ ဖြစ်လာခြင်းဟာ ပုံမှန်သာဖြစ်ပါတယ်။ ဘယ်လို ခံစားမှုတွေ ဖြစ်လာသလဲဆိုတာ ကြည့်လိုက်ကြရအောင်။

    ဘယ်လိုခံစားရမလဲ

    ဒုတိယအကြိမ် ရင်သားကင်ဆာ ဖြစ်လာပြီဆိုရင် ပထမအကြိမ် ကျော်လွှားနိုင်ပြီလို့ ယူဆခဲ့တဲ့ ရင်သားကင်ဆာခံစားရတုံးက စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေကို ပြန်လည် ရရှိမှာ ဖြစ်ပါတယ်။ ကြောက်ရွံ့ခြင်း၊ စိတ်ပူခြင်း၊ စိတ်တိုခြင်းနဲ့ စိတ်ဓါတ်ကျခြင်းတွေ ခံစားရနိုင်ပါတယ်။ ကုသမှုတွေဟာ အကျိုးမှရှိရဲ့လားဆိုတဲ့ အတွေးတွေဟာလည်း ပိုမို ကြီးမားလာမှာ ဖြစ်ပါတယ်။

    ဆရာဝန်တွေ၊ အခြားကျန်းမာရေး ဝန်ထမ်းတွေနဲ့ မိမိကိုယ်ကိုယ် စိတ်တိုလာမှုတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဆရာဝန်ဟာ သင်ထင်သလို မတော်ပါဘူး (သို့) သင်ဟာ ကင်ဆာရောဂါကို ကျော်လွှားနိုင်တော့မှာ မဟုတ်ဘူး အစရှိသဖြင့် ခံစားရနိုင်ပါတယ်။

    စိတ်တိုလာပြီး ဘာလို့ သင်ကျမှ ဖြစ်ပါလိမ့်၊ နှစ်ခါတောင် ခံစားရပါလိမ့်လို့ ကိုယ်တိုင် မေးနေမိမှာ ဖြစ်ပါတယ်။ အချို့သူတွေမှာတော့ အမှန်တရားကို လက်ခံနိုင်ပြီး ရောဂါနဲ့ ပတ်သက်တဲ့ အကောင်းဘက်က အတွေးတွေကို တွေးနိုင်ပါတယ်။

    တုန့်ပြန်မှုတွေနဲ့ ခံစားမှုတွေဟာ လူနာတစ်ဦးစီမှာ ကွာခြားမှု ရှိပါတယ်။ ဒါဟာ အမှန်၊ အမှားရယ်လို့မရှိပဲ စိတ်ပိုင်းဆိုင်ရာ အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။

    ဒါကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။

    အဆိုးဘက် အတွေးတွေ၊ ခံစားမှုတွေဟာ သင့်မှာ ကင်ဆာ နောက်တစ်ကြိမ် ပြန်ဖြစ်လာခြင်းအတွက် ပုံမှန်ဖြစ်ပြီး သူတို့ကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ အချို့ ကိစ္စတွေမှာ စိတ်ဓါတ်ကျခြင်းကို ဖြစ်စေပြီး နောက်ပိုင်းမှာ ကြောက်ရွံ့မှုတွေကို ဖြစ်လာစေမှာပါ။ ဒီစိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။

    • တိုင်ပင်ဆွေးနွေးခြင်း – ပညာရှင်တွေနဲ့ ဆွေးနွေးခြင်း ဖြစ်ပြီး လုံခြုံစိတ်ချရပြီး နွေးထွေးတဲ့ သီးသန့်အခန်းငယ်အတွင်းမှာ ပြုလုပ်တာဖြစ်ပါတယ်။ ဆွေးနွေးသူဟာ သင့်ခံစားမှုတွေ ဘာကြောင့် ခံစားရလဲဆိုတာဖေါ်ထုတ်မှာဖြစ်ပြီး သူတို့ကို ကိုင်တွယ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။ ဆွေးနွေးသူကို မရှက်မကြောက်ပဲ သင့်ပြဿနာတွေ အကုန်လုံးကိုပြောပြမှသာ သူက အကူအညီ ပေးနိုင်မှာ ဖြစ်ပါတယ်။

    • အာရုံပြောင်းခြင်း – အခြားအရာတွေပေါ် အာရုံပြောင်းဖို့ ကြိုးစားပါ။ သင့်ရောဂါအကြောင်းပဲ တွေးမနေပါနဲ့။ သင့်ဘဝမှာ ပျော်စရာကောင်းတဲ့ အရာလေးတွေ အကြောင်း စဉ်းစားပါ။

    • အနားယူပါ – အတွေးတွေကို ရပ်လိုက်ပြီး အိပ်ရာဝင်ပါ (သို့) ရေပူနဲ့ ရေချိုးပါ။ နှိပ်နယ်ပေးခြင်းဟာလည်း သင့်ကို အပန်းပြေစေပါတယ်။

    • စိတ်ကို အစွမ်းကုန် ဖွင့်ထားပါ – လက်ရှိအချိန်မှာ သင့်မှာ ရှိတဲ့ အရာတွေ အကြောင်း၊ သင့်ကို ပျော်ရွှင်စေတဲ့ အရာတွေ အကြောင်းကို တွေးတောပါ။ အနံ့၊ အရသာ၊ အသံ အစရှိတာတွေကို အာရုံစိုက်ပါ။ သင့်ဘဝဟာ လှပတာကြောင့် ရင်သားကင်ဆာကို တိုက်ဖျက်ဖို့ ကြိုးစားရပါမယ်။

    တကယ်လို့ ခံစားမရမှုတွေဟာ မသက်သာဘူးဆိုရင် (သို့) အစာစားချင်စိတ် မရှိခြင်း၊ မပျော်ခြင်း၊ စိတ်ဝင်စားမှု မရှိခြင်း၊ အိပ်မပျော်ခြင်း၊ အာရုံစိုက်လို့မရခြင်းတွေ ဖြစ်လာမယ်ဆိုရင်တော့ ဆရာဝန်ကို ချက်ချင်း ပြသသင့်ပါတယ်။

    သင့်မှာ ကင်ဆာ နောက်တစ်ခါ ပြန်လည် ဖြစ်လာခဲ့ရင် မကောင်းတဲ့ အတွေးတွေကို နှစ်ခါ ပြန်လည် ခံစားရမှာ ဖြစ်ပါတယ်။ ရောဂါ ဖြစ်လာတဲ့အတွက် မပျော်ရွှင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ အတွေးတွေဟာ သင့်ဘဝကို ခြယ်လှယ်တာမျိုး မဖြစ်စေသင့်ပါဘူး။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement