backup og meta

ကိုယ်ဝန်ဆောင်နှင့် ရင်သားကင်ဆာ


Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်နှင့် ရင်သားကင်ဆာ

    ကိုယ်ဝန်ဆောင်နေစဉ် ရင်သားကင်ဆာဖြစ်ခြင်းဟာ အလွန်ရှားပါးသော်လည်း ကိုယ်ဝန်ဆောင် အမျိုးသမီး သုံးထောင်မှာ တစ်ယောက် ဖြစ်တတ်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ ကိုယ်ဝန်ရှိပြီးသင့်ရင်သားထဲ ကင်ဆာရှိနေတဲ့ အကျိတ်ကို သယ်ဆောင်ထားရတာ အတော်ကို စိတ်ညစ်ညူးဖွယ် ကောင်းပါတယ်။ ဒါကြောင့် မေးခွန်းတစ်ခုက ကိုယ်ဝန်ဆောင်စဉ် (သို့) ကိုယ်ဝန်ဆောင်ပြီးချိန်တွေမှာ ရင်သားကင်ဆာကို ဘယ်လိုကုသပါမလဲ။

    ပထမဦးစွာ သိထားသင့်တာကတော့ ကိုယ်ဝန်ဆောင်စဉ် ရင်သားကင်ဆာရှိခြင်းဟာ အလွန်တရာ သတိထားကိုင်တွယ်ရမယ့် အခြေအနေဖြစ်ပြီး အမျိုးသမီးအတွက် လုပ်ဆောင်စရာ အများကြီးရှိပါတယ်။

    သူမဟာ ကိုယ်ဝန်ဆောင်စဉ်မှာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရမှာဖြစ်ပြီး ရင်သားကင်ဆာလည်း ရှိနေတာကြောင့် ကလေးကိုပါ မထိခိုက်ရအောင် ကာကွယ်ဖို့လဲ လိုပါတယ်။ ကုသမှုကို မြန်မြန် စနိုင်လေလေ လူနာနဲ့ ကလေးအတွက် အခြေအနေကောင်းလေလေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ခွဲစိတ်ကုသမှု၊ ဓါတ်ရောင်ခြည်ကုသမှု၊ ကင်ဆာဆေးသွင်းကုသမှုနဲ့ ဟော်မုန်းကုသမှု စတဲ့ ကုသမှု မျိုးစုံရှိတာကြောင့် ဘယ်ကုသမှု ယူရမလဲဆိုတာ အောက်ပါ အချက်တွေပေါ်မူတည်ပါတယ်။

    • ရင်သား ကင်ဆာအဆင့်
    • ဖြစ်ပွားရာနေရာ
    • ကိုယ်ဝန် အဆင့်
    • မိမိနှစ်သက်ရာ ကုသမှု
    • ခွဲစိတ်ကုသမှု

    အဓိက ကုသမှုဖြစ်တဲ့ ခွဲစိတ်ကုသမှုဟာ ကိုယ်ဝန်ဆောင်စဉ်မှာ စိတ်ချရပါတယ်။ ခွဲစိတ်ကုသမှုဟာ အကျိတ်နဲ့ ရင်သားနဲ့ အရွယ်အစားပေါ်မူတည်ပြီး ကင်ဆာက အခြားနေရာတွေကို ပြန့် ပွားသွားခြင်း ရှိမရှိပေါ်မှာလည်း မူတည်ပါတယ်။ မေ့ဆေးကို မေ့ဆေးဆရာဝန်ရဲ့ ကြီးကြပ်မှုအောက်မှာသာ အသုံးပြုမှာဖြစ်ပါတယ်။ ကလေးအခြေအနေကိုလည်း သေချာစောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ တကယ်လို့ မွေးရက်နည်းလာပြီဆိုရင်တော့ ခွဲမွေးဖို့အကြံပေးပါလိမ့်မယ်။

    ခွဲစိတ်ကုသမှု နှစ်မျိုးရှိပါတယ်။ ရင်သားတစ်ခုလုံး ဖြတ်ထုတ်ခြင်း နဲ့ အချို့အပိုင်းသာဖြတ်ထုတ်ခြင်း (သို့) ရင်သား ပြန်လည်တည်ဆောက်ရန် ခွဲစိတ်ခြင်းတို့ပဲ ဖြစ်ပါတယ်။ ခွဲစိတ်အပြီးမှာ ကင်ဆာပြန်ဖြစ်မလာဖို့အတွက် ဓါတ်ရောင်ခြည်ကုသမှုကိုပါ ယူနိုင်ပါတယ်။

    ဓါတ်ရောင်ခြည်ဖြင့် ကုသမှု

    ဓါတ်ရောင်ခြည်ဟာ ကလေးကို အန္တရာယ် ဖြစ်စေနိုင်တာကြောင့် ခွဲစိတ်မှု တစ်မျိုးမျိုးကို အရင်လုပ်ပြီး ကလေးမွေးပြီးတဲ့ အထိစောင့်ကာ ဓါတ်ရောင်ခြည် ယူနိုင်ပါတယ်။ စောင့်ဆိုင်းချိန်ဟာ ကင်ဆာ ပြန်ဖြစ်ခြင်းကို

    ကာကွယ်ဖို့အတွက် တိုဖို့ လိုအပ်ပါတယ်။

    ကင်ဆာဆေးသွင်းကုသခြင်း

    ကိုယ်ဝန် ၁၄ ပတ်အထိ ကင်ဆာဆေးသွင်းကုသခြင်းကို ကိုယ်ဝန်ပျက်ကျ နိုင်ခြေ ရှိတာကြောင့် အသုံးမပြုသင့်ပါဘူး။ ကိုယ်ဝန် ၁၄ ပတ်ကျော်ရင်တော့ ကင်ဆာဆေးအချို့တွေဟာ ကလေးတွေကို အန္တရာယ် မဖြစ်စေဘူးလို့ ပြသထားတဲ့ လေ့လာမှုတွေ ရှိတာကြောင့် သေချာစွာ ကြီးကြပ်စောင့်ကြည့်မှုနဲ့ အသုံးပြုနိုင်ပါတယ်။ ရောဂါပိုးဝင်ခြင်းနဲ့ မွေးဖွားစဉ် သွေးလွန်ခြင်း တွေကို ရှောင်ကျဉ်ဖို့ ကင်ဆာဆေးကို မမွေးခင် သုံးပတ်ကနေ လေးပတ်လောက်ကြိုပြီး ရပ်သင့်ပါတယ်။

    ဟော်မုန်းကုသမှု

    သူဟာ သန္ဓေသားကို ထိခိုက်နိုင်တာကြောင့် အဆင့်များတဲ့ ကင်ဆာတွေမှာ မွေးပြီးမှ ကုသမှု ယူသင့်ပါတယ်။

    အခြားကုသမှုတွေဖြစ်တဲ့ ဇီဝကုထုံး( biological treatment ) နဲ့ ကင်ဆာဆဲလ်တွေကို တိုက်ရိုက်တိုက်ခိုက်သော ဆေးတွေကို အသုံးပြုရတဲ့ targeted treatment တွေ ရှိပါသေးတယ်။ အချို့ကုသမှုတွေဟာ ကလေးကို ဒုက္ခပေးနိုင်သော်လည်း အချို့ကတော့ မပေးနိုင်ပါဘူး။ ခြုံပြောရရင်တော့ ကုသမှုဟာ ကိုယ်ဝန်မရှိတဲ့သူကို ကုသပုံနဲ့ ဆင်တူပါတယ်။ ကိုယ်ဝန်ဆောင်နေတဲ့ အမျိုးသမီးမှာ ရင်သားကင်ဆာဖြစ်ခြင်းဟာ ခက်ခဲပေမယ့် ကုသမှုအကုန်ကို သိထားဖို့လိုပြီး ကျွမ်းကျင်သူ ပြောပြတာကိုလည်း နားထောင်ဖို့ လိုပါတယ်။ ကလေးရော အမေအတွက်ပါ ကောင်းမွန်တဲ့ ကုသနည်းတွေ မရှိနိုင်တာကြောင့် ကောင်းကျိုး၊ ဆိုးကျိုးတွေကို တွက်ချက်သင့်ပါတယ်။ ကလေးအတွက် (သို့) အမေအတွက် (သို့) နှစ်ယောက်လုံးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ မိခင်ဟာ ကုသမှုကို ယူလို၊ မယူလို ပေါ်မှာပဲ မူတည်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement