backup og meta

ဦးနှောက်အကျိတ် ရောဂါလက္ခဏာတွေက ဘာတွေလဲ။


Dr . Phyu Mon Latt မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဦးနှောက်အကျိတ် ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်အတွင်းမှာ လုပ်ငန်းပိုင်းဆိုင်ရာသော်လည်းကောင်း ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပွားများခြင်း ဖြစ်ပါတယ်။ ဦးနှောက်အကျိတ်မှာ ကင်ဆာဆဲလ်တွေရော ကင်ဆာဆဲလ်မဟုတ်တာတွေရော ပါဝင်နိုင်ပါတယ်။ သူတို့ဟာ ဦးနှောက်အတွင်းမှာ အစပြုနိုင်သလို တခြားနေရာတွေမှာဖြစ်ပွားပြီး ဦးနှောက်ကို ပြန့်ပွားရောက်ရတာမျိုး လည်းဖြစ်နိုင်ပါတယ်။

    ဦးနှောက်အကျိတ်ဖြစ်ခြင်းရဲ့ အဓိက အကြောင်းရင်းက မသဲကွဲပေမယ့် ဦးနှောက်အကျိတ်ဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့ အချက်တွေ ရှိပါတယ်။ အသက်ကြီးခြင်း၊ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့ခြင်း (သို့) သင့်မိသားစုမှာ ဒီလိုသေစေနိုင်တဲ့ ရောဂါရှိခြင်းတို့ပဲ ဖြစ်ပါတယ်။

    ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အောက်ဖော်ပြပါ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။

    (၁) ခေါင်းကိုက်ခြင်း

    ဒီခေါင်းကိုက်ခြင်းဟာ ပုံမှန်ခေါင်းကိုက်ခြင်းတွေထက် ပိုဆိုးပါလိမ့်မယ်။ ဦးနှောက်အကျိတ်ရှိသူတွေရဲ့ ငါးဆယ်ရာနှုန်းကျော်ဟာ ခေါင်းကိုက်ခြင်းနဲ့ အခြား လက္ခဏာတွေကို ခံစားရကြပါတယ်။ ခေါင်းကိုက်ခြင်းဟာ နာကျင်မှုကို သိလွယ်တဲ့ သွေးကြောတွေ၊ (သို့) အာရုံကြောတွေကို အကျိတ်က ဖိမိတာကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ဆိုရင် ခေါင်းကိုက်ခြင်းဟာ ချောင်းဆိုးခြင်း၊ အော်ဟစ်ခြင်း၊ ကွေးခြင်း အစရှိတဲ့ လှုပ်ရှားမှုတွေ လုပ်ရင် ပိုဆိုးနိုင်ပါတယ်။

    (၂) တက်ခြင်း

    လူနာတွေဟာ ကိုယ်ခန္ဓါ လုပ်ငန်းဆောင်တာတွေ ထိန်းချုပ်နိုင်မှု ပျောက်ဆုံးခြင်းနဲ့အတူ သတိမေ့ခြင်းနဲ့ ခန္ဓါကိုယ် ကြွက်သားတောင့်တင်းမှု ပျောက်ဆုံးခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်ခြင်းဟာ အချိန်အကြာကြီး မဟုတ်ဘဲ ခန္ဓါကိုယ်က မထိန်းချုပ်ထားတဲ့ အလိုအလျောက်လှုပ်ရှားမှုတွေလဲ ဖြစ်တတ်ပါတယ်။ တက်ခြင်းဟာ သတိပမာဏ ပြောင်းလဲမှုနဲ့အာရုံခံစားနိုင်မှု ပျောက်ရှခြင်းတို့နဲ့ ဆက်စပ်နေပါတယ်။ တက်ပုံတက်နည်းတွေကတော့ အကျိတ်ရဲ့ နေရာပေါ်မှာ မူတည်ပါတယ်။

    (၃) မှတ်ဉာဏ်ပျောက်ခြင်း

    ဦးနှောက်အကျိတ်ရှိတဲ့ လူနာတွေမှာ အဖြစ်များတဲ့ လက္ခဏာကတော့ မှတ်ဉာဏ်ပျောက်ဆုံးခြင်းပဲ ဖြစ်ပါတယ်။ ခဏတာ မှတ်ဉာဏ်ပျောက်ဆုံးခြင်းဟာ အချိန်အကြာကြီး ပျောက်ဆုံးခြင်းထက် ပိုအဖြစ်များပါတယ်။

    (၄) မောပန်းလွယ်ခြင်း

    ဦးနှောက်ကျိတ်ရှိတဲ့လူနာတွေဟာ စိတ်ကျခြင်းနဲ့ ဝမ်းနည်းခြင်းတွေ ခံစားရပါလိမ့်မယ်။ သူတို့ဟာ ပျော်ရွှင်မှုနဲ့ အခြားအရာတွေလုပ်ဖို့ စိတ်အားထက်သန်မှုတွေ ပျောက်ရှနိုင်ပါတယ်။

    (၅) မြင်နိုင်၊ ကြားနိုင်စွမ်း ပြောင်းလဲခြင်း

    သူတို့ဟာ အကြားအာရုံပျောက်ရှခြင်း၊ အမြင်အာရုံချို့ယွင်းခြင်းနဲ့ နှစ်ထပ်မြင်ခြင်း အစရှိတဲ့ အခက်အခဲ တွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

    (၆) စိတ်ကျခြင်း

    စိတ်ကျတဲ့ လက္ခဏာတွေဟာ ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေမှာ အများဆုံးတွေ့ရပြီး အချိန်ကြာလာတာနဲ့ အမျှ ဖြစ်တဲ့ အကြိမ်ရေ ပိုများပြီး ပိုဆိုးလာတတ်ပါတယ်။ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေရဲ့ လေးပုံတစ်ပုံဟာ ပြင်းထန်တဲ့ စိတ်ကျခြင်းရဲ့ အဆင့်တွေကို ခံစားကြရပါတယ်။ ဒီလက္ခဏာတွေဟာ ဦးနှောက်အကျိတ်ကို ခွဲစိတ်ကုသမှုနဲ့ ဖယ်ထုတ်မှု ပြုလုပ်ထားတဲ့ လူနာတွေမှာလည်း တွေ့ရတတ်ပါတယ်။

    (၇) ခြေလက် အားနည်းခြင်း

    အထိအတွေ့နဲ့ ဖိအားကို လက်ခံနိုင်စွမ်းစနစ်တွေ ချို့ယွင်းပြောင်းလဲလာတဲ့အတွက် လက်မောင်း (သို့) ခြေထောက်တစ်ဖက် အားနည်းလာနိုင်ပါတယ်။

    (၈) မျက်နှာခံစားဖော်ပြမှု ခက်ခဲခြင်း

    ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေဟာ အစာမြိုချစဉ် အခက်အခဲဖြစ်ခြင်း၊ မျက်နှာကြွက်သားအားနည်းခြင်းနဲ့ထုံကျဉ်ခြင်းတွေ ဖြစ်တတ်ပါတယ်။

    (၉) မူးဝေခြင်း

    အကျိတ်ဆဲလ်တွေ အမြောက်အမြား ပွားလာတာကြောင့် ဦးနှောက်ပေါ်မှာ သက်ရောက်တဲ့ ဖိအားလည်း မြင့်တက်လာပါလိမ့်မယ်။ ရလဒ်အနေနဲ့ ဦးနှောက်အကျိတ်ရဲ့ နောက်ပိုင်းအဆင့်တွေမှာ လူနာတွေဟာ ပုံမှန်ထက်ပိုအိပ်ပါလိမ့်မယ်။

    (၁၀) အမူအကျင့် ပြောင်းလဲခြင်း

    ဦးနှောက်ကျိတ်ရှိတဲ့ လူနာတွေဟာ တစ်ချိန်တည်းမှာ အလုပ်တစ်ခုထက်ပိုပြီး လုပ်ဖို့ အလွန် အခက်အခဲတွေ့ပါလိမ့်မယ်။ သူတို့ဟာ ဒီအတွေးတွေထဲမှာပဲ တစ်ဝဲလည်လည်ဖြစ်နေပြီးတော့ ဘာကိုမှ အာရုံစိုက်လို့ရမှာ မဟုတ်တော့ပါဘူး။

    ဦးနှောက်အကျိတ်ဆိုတာဟာ ပြင်းထန်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အပြုအမူနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေတွေ့ပြီဆိုရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr . Phyu Mon Latt မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement