ရင်သားတွေ ယားယံခြင်းရဲ့ နောက်ကွယ်က အကြောင်းအရာက သင်သုံးနေတဲ့ ဆပ်ပြာ အမှတ်တံဆိပ်အသစ်တွေ၊ Lotion တွေနဲ့ အဝတ်လျှော် ဆပ်ပြာတွေ ကြောင့် ဖြစ်နိုင်ပါတယ်။ သန့်စင်ရေး ထုတ်ကုန်တွေမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ dermatitis လို့ခေါ်တဲ့ အရေပြားနီပြီး ရောင်ရမ်းနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီအရေပြားတွေကို နီရဲစေတဲ့ အနာတွေဟာ ခန္ဓာကိုယ်ကို ယားယံစေနိုင်ပါတယ်။
ဒီလို ဆပ်ပြာသစ် ပြောင်းသုံးလို့ ရင်သားတွေ ယားယံလာရင် allergic မဖြစ်စေဖို့ အတွက် ထုတ်လုပ်ထားတဲ့ ဆပ်ပြာတွေ၊ အနံ့မပါတဲ့ ဆပ်ပြာတွေနဲ့ အရောင်မပါတဲ့ ဆပ်ပြာတွေကို ပြောင်းလဲသုံးကြည့်ပါ။
၄။ အတွင်းခံ အဝတ်အစားများ။
တစ်ခါတစ်ရံမှာ သင့်ရဲ့ ဘရာစီယာနဲ့ အမျိုးသမီးဝတ်အတွင်းခံတွေမှာပါဝင်တဲ့ ချည်သားတွေနဲ့ ဆိုးဆေးတွေကို ဓာတ်တုံ့ပြန်တဲ့အနေနဲ့ ရင်သားတွေ၊ ရင်သားထိပ်ခေါင်းတွေ ယားယံတတ်ပါတယ်။ ဒီလို ဓာတ်မတည့်တဲ့အခါ ဒီအထည်တွေနဲ့ ထိလိုက်တာနဲ့ dermatitis လို့ခေါ်တဲ့ အရေပြားနီပြီး ရောင်ရမ်းနာတွေကို ဖြစ်စေပါတယ်။
အကယ်၍ ဒီလို အောက်ခံအဝတ်အစားတွေ ဝတ်အပြီးမှ dermatitis ဖြစ်လာမယ်ဆိုရင် dermatitis တွေ ပြန်လည်ပျောက်ကင်းသွားအောင် ကိုယ်အရင်က ဝတ်နေကျ အောက်ခံအဝတ်အစားတွေကို ခဏပြန်လည်ပြောင်းဝတ်ဆင်သင့်ပါတယ်။
၅။ ပွတ်တိုက်ခြင်း။
လေ့ကျင့်ခန်း လုပ်တဲ့အခါ သင်ရဲ့ ဘရာစီယာက အရမ်းကျပ်နေမယ်ဆိုရင် ရင်သားထိပ်ခေါင်းတွေက အဝတ်စနဲ့ သွားတိုက်မိနိုင်ပြီး ပွန်းရှနာတွေ ဖြစ်စေနိုင်ပါတယ်။ ဒီဒဏ်ရာတွေဖြစ်နေမယ်ဆိုရင် ယားယံမှုနဲ့ နာကျင်မှုကို ပိုခံစားရမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်မယ်ဆိုရင်တော့ Vaseline လို့ခေါ်တဲ့ ဂျယ်တွေကို လေ့ကျင့်ခန်း မလုပ်ခင် ရင်သားတစ်ဝိုက်မှာ လိမ်းထားသင့်ပြီး ဘရာစီယာကလည်း အရမ်းမကျပ်ဘဲ အတင့်အသင့် ဖြစ်နေဖို့ လိုပါတယ်။
၆။ ကိုယ်ဝန်ရှိခြင်း။
ကိုယ်ဝန်လွယ်ထားရချိန်ဆိုရင် ကိုယ်အလေးချိန်တက်လာခြင်း၊ မနက်ပိုင်း ပျို့ချင်အန်ချင်စိတ်ဖြစ်ခြင်း၊ ဟော်မုန်း အတက်အကျဖြစ်ခြင်းနဲ့အတူ ရင်သားယားယံခြင်းကိုပါ ခံစားရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေဟာ ကိုယ်ဝန်ဆောင်ရခြင်းရဲ့ လက္ခဏာတွေ ဖြစ်ပြီး ဟော်မုန်းပြောင်းလဲခြင်းနဲ့ အတူ ရင်သားတွေက ကလေးငယ်ကို နို့ချိုတိုက်ကျွေးဖို့ ပြင်ဆင်တဲ့ အနေနဲ့ ပြည့်တင်းလာမှာ ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ body oilများကို သုံးခြင်းက ရင်သားယားယံခြင်းကို လျော့ကျစေမှာ ဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။