backup og meta

ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်

ဦးနှောက်သွေးကြောဖောင်းခြင်း ကနေ လေဖြတ်နိုင်ပုံကို လေ့လာကြည့်ရအောင်

ဦးနှောက်သွေးကြောဖောင်းခြင်း (Cerebral aneurysm) ဆိုတာ ဘာလဲ

သွေးကြောဖောင်းခြင်းဆိုတာ သွေးကြောရဲ့ အားနည်းတဲ့နေရာကနေ ဖောင်းထွက်လာခြင်း ဖြစ်ပါတယ်။ သွေးကြောဟာ ပူဖောင်းလို ဖောင်းလာတယ်လို့ ဥပမာပေးကြပါတယ်။ ဦးနှောက်ရဲ့နက်ရှိုင်းတဲ့နေရာတွေမှာရှိတဲ့ အဓိကသွေးကြောတွေမှာ ဖြစ်တတ်ပါတယ်။ ခွဲစိတ်နေစဉ် သွေးကြောင်ဖောင်းတာကို လိုက်ရှာတဲ့အခါ ဦးနှောက်အသားတွေကို ဂရုတစိုက် ဖယ်ရှားကြည့်ရပါတယ်။ ဦးနှောက်သွေးကြောဖောင်းတာတွေဟာ ဦးနှောက်ရဲ့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း သွေးလည်ပတ်တဲ့ နေရာတွေမှာ ဖြစ်တတ်ပါတယ်။

ဘယ်လောက်အဖြစ်များလဲ

လူဦးရေရဲ့ ၁.၅ ကနေ ၅ရာခိုင်နှုန်း ခန့်ထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်နိုင်ခြေ ရှိပါတယ်။ အမေရိကန်ရဲ့ လူဦးရေ ၃ သန်းမှ ၅ သန်း အထိဟာ ဦးနှောက်သွေးကြောဖောင်းခြင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အများစုဟာ လက္ခဏာ မပြပါဘူး။ ဖြစ်ပွားသူတွေရဲ့ ဝ.၅ ကနေ ၃ ရာခိုင်နှုန်း ခန့်ဟာ သွေးယိုစီးမှု ဖြစ်တတ်ပါတယ်။

သွေးကြောဖောင်းသည့်ပမာဏ။ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ အရွယ်အစား အမျိုးမျိုး ရှိတတ်ပါတယ်။

  • အသေးစားဖောင်းခြင်း။ ၅မီလီမီတာ (ဝ.၂၅ လက်မ) အောက် ငယ်ပါတယ်။
  • အလတ်စားဖောင်းခြင်း။ ၆-၁၅ မီလီမီတာ (ဝ.၂၅မှ ဝ.၇၅ လက်မကြား) ဖြစ်ပါတယ်။
  • အကြီးစားဖောင်းခြင်း။ ၁၆-၂၅ မီလီမီတာ (ဝ.၇၅မှ ၁.၂၅ လက်မကြား) ဖြစ်ပါတယ်။
  • အလွန်ကြီးမားစွာဖောင်းခြင်း။ ၂၅ မီလီမီတာ (၁.၂၅ လက်မ) ထက် ပိုကြီးပါတယ်။

ဘယ်လိုကုသနိုင်သလဲ

  • ဆေးဝါးကုထုံး
  • ဦးနှောက်ခွဲစိတ်ကုသခြင်း
  • ဦးနှောက်အသေးစားခွဲစိတ်မှုဖြင့်ကုသခြင်း

သွေးကြောဖောင်းသည့် အရွယ်အစား၊ နေရာ၊ ပုံသဏ္ဍာန်၊ တယောက်ချင်းစီရဲ့ အန္တရာယ်ဖြစ်နိုင်ခြေ ပေါ်မူတည်ပြီး ကုသပါတယ်။ သွေးကြောအတွင်းပိုင်းမှလည်း ဝင်ရောက် ကုသနိုင်ပါတယ်။ ဦးခေါင်းခွံဖွင့်ပြီးလည်း ကုသရတတ်ပါတယ်။ ကုသမှုပေါ်မူတည်ပြီး နည်းလမ်း၂ခု လိုအပ်ပါတယ်။

  • သွေးကြောဖောင်းသည့် အရင်းပိုင်းအား ကလစ်ဖြင့်ညှပ်ခြင်း
  • အသေးစားခွဲစိတ်ခြင်း စတာတွေ ဖြစ်ပါတယ်။

သွေးကြောဖောင်းခြင်း ကုသမှုတွေမှာ နောက်ဆက်တွဲ ဖြစ်နိုင်ခြေတွေ ဘာတွေရှိလဲ

သွေးကြောဖောင်းခြင်းကို ကုသမှုမပြီးခင်မှာ သွေးယိုစိမ့်နိုင်ခြေရှိပြီး ဦးနှောက်ထိခိုက်မှု ပိုများနိုင်ပါတယ်။ ပုံမှန်သွေးကြောတွေ ပိုထိခိုက်ရင် ဦးနှောက်ကိုပါ ပိုပြီးထိခိုက်နိုင်ပါတယ်။ အဲဒီအခါ ခြေလက်တွေ အားနည်းသွားတာ၊ စကားပြောရခက်တာ၊ နားလည်ရခက်တာ၊ မျက်စိကွယ်တာ၊ မှတ်ဉာဏ်ချို့ယွင်းတာ၊ တက်တာတွေ ဖြစ်တတ်ပါတယ်။ မေ့ဆေး၊ ပိုးဝင်ခြင်း၊ သွေးထွက်ခြင်း၊ ပုံရိပ်ဖော်ဆေးများကြောင့် ကျောက်ကပ်ပျက်စီးခြင်း စတဲ့ အန္တရာယ်ဖြစ်နိုင်ခြေတွေလည်း ရှိပါသေးတယ်။ ဒီဖြစ်နိုင်ခြေတွေ အားလုံးကို ကုသမှုအတွက် ဆုံးဖြတ်ချက်ချဖို့ ထည့်သွင်းစဉ်းစားရပါမယ်။ သွေးကြောဖောင်းတာကို မကုရင် သွေးယိုစိမ့်တာ၊ အရွယ်ကြီးလာတာတွေ ဖြစ်တတ်ပါတယ်။

လူများဟာ သွေးကြောဖောင်းရက်နဲ့ မွေးဖွားလာတာ မဟုတ်ပါဘူး။ အများစုဟာ အသက် ၄၀ နောက်ပိုင်းမှာ ဖြစ်လာတတ်ပါတယ်။ မိသားစုဝင်တွေထဲမှာ ဖြစ်နိုင်ပေမယ့် ဖြစ်နိုင်အြေနေအထားတွေနဲ့ မွေးလာကြတာ အတော်ရှားပါတယ်။ တချို့ ဦးနှောက်သွေးကြောဖောင်းခြင်းဟာ ရောဂါပိုးဝင်ခြင်း၊ ဦးနှောက်သွေးကြောကို ထိခိုက်စေသော ဆေးဝါးများသုံးခြင်း၊ ဦးခေါင်းကို တိုက်ရိုက်ထိခိုက်မိခြင်း စတာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.strokeassociation.org/STROKEORG/AboutStroke/TypesofStroke/HemorrhagicBleeds/What-You-Should-Know-About-Cerebral-Aneurysms_UCM_310103_Article.jsp#about

ယခုပုံစံ

22/08/2022

Dr. Thant Zin မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

မျက်ရိုးကိုက်တာက ခေါင်းကိုက်ခြင်း တစ်မျိုးပဲ ဆိုတာ သင်သိပါသလား။

မိုက်ဂရင်း ခေါင်းတစ်ခြမ်းကိုက် ဝေဒနာရှင်များအတွက် ဆောင်ရန် ရှောင်ရန်



Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement