backup og meta

ရောဂါပိုးဝင်ရောက်ခြင်းက လေဖြတ်နိုင်ခြေကိုမြင့်စေသလား


Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောဂါပိုးဝင်ရောက်ခြင်းက လေဖြတ်နိုင်ခြေကိုမြင့်စေသလား

    ဆီးချိုရှိသူတွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ရှိနေလို့ ဖြစ်ပါတယ်။ လေဖြတ်နိုင်တဲ့ ဖြစ်နိုင်ခြေ အကြောင်းအရာတွေများလေ လေဖြတ်နိုင်ခြေ ရှိလေဆိုတာ သတိပြုရပါမယ်။ လေဖြတ်နိုင်ခြေများစေတဲ့ အကြောင်းတွေကို လေ့လာကြည့်ရအောင်။

    ဘယ်အရာတွေက လေဖြတ်နိုင်ခြေရှိသလဲ

    အမျိုးသားလေဖြတ်ခြင်းဆိုင်ရာအဖွဲ့အစည်းရဲ့ အဆိုအရ နှလုံးခါခြင်းဟာ လေဖြတ်နိုင်ခြေ ၅ဆပိုများပါတယ်။

    နှလုံးသွေးလွှတ်ကြော၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးကြီးခြင်းနဲ့ တခြားနှလုံးရောဂါတွေဟာ သင့်ကို လေဖြတ်နိုင်ခြေ ပိုများလာစေပါတယ်။ ကိုလက်စထရောများခြင်းဟာ နှလုံးရောဂါကိုရော နှလုံးသွေးကြောကျဉ်းခြင်းကိုပါ ပိုများစေပါတယ်။ ကိုလက်စထရောမြင့်ခြင်းဟာ သွေးလွှတ်ကြောတွေထဲမှာ အနည်တွေထိုင်လာစေပြီး ဦးနှောက်ကိုသွားတဲ့ သွေးကြောတွေကို ပိတ်ဆို့စေပါတယ်။

    ဆီးချိုရောဂါသည်တွေဟာ လေဖြတ်ခြင်းကို ပိုမိုကြုံတွေ့နိုင်ပါတယ်။ သူတို့မှာ လေဖြတ်နိုင်ခြေ အန္တရာယ်နဲ့ တခြားကျန်းမာရေးပြသနာတွေ ဥပမာ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်းနဲ့ နှလုံးရောဂါ စတာမျိုးတွေ ရှိနေလို့ ဖြစ်ပါတယ်။ ကိုယ်အလေးချိန်ပိုနေပြီး လှုပ်ရှားမှုနည်းတာဟာ သွေးတိုးခြင်း၊ နှလုံးရောဂါနဲ့ ဆီးချိုဖြစ်ပွားမှုကို မြင့်လာစေပါတယ်။ အမျိုးသားအာရုံကြောနှင့် လေဖြတ်ခြင်းရောဂါသိပ္ပံဟာ လေဖြတ်ခြင်းဖြစ်စေတဲ့ ၁၀မျိုးမှာ ၈မျိုးခန့်ကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

  • နှလုံးခုန်မမှန်ခြင်း၊ နှလုံးခါခြင်း
  • သွေးရောဂါများ (sickle cell ရောဂါနှင့် အခြားသွေးအားနည်း ရောဂါများ)
  • ဆီးချို
  • သွေးလွှတ်ကြောမာခြင်း (ကျဉ်းမြောင်းခြင်း)
  • နှလုံးရောဂါ
  • သွေးတိုးခြင်း
  • ကိုလက်စထရောများခြင်း
  • ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။ ဖြည့်စွက်ချက်။ သင့်သွေးပေါင်ချိန်ဟာ ၁၄၀/၉၀ နဲ့အထက်ကို များနေပြီဆိုရင် လေဖြတ်ျနိုင်ခြေ များပါတယ်။ သွေးဟာ သင့်သွေးကြောနံရံကို အားနဲ့တိုးနေတဲ့အခါ သွေးကြောနံရံတွေ အားနည်းပျက်စီးလာပြီး လေဖြတ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သွေးပေါင်ချိန်ကို ၁၂၀/၈၀အောက်မှာ ထိန်းထားနိုင်ဖို့ပါပဲ။
  • လေဖြတ်စေသည့် အခြားမကောင်းသော အကျင့်များ

    • အရက်သောက်ခြင်း
    • မူးယစ်ဆေးဝါးသုံးခြင်း
    • ဆေးလိပ်သောက်ခြင်း
    • ပြည့်ဝဆီ၊ ပုံပြောင်းဆီများ၊ ဆား၊ ကိုလက်စထရော အစားများခြင်း
    • ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန်မလုပ်ခြင်း

    လေဖြတ်ခြင်းနဲ့ ခေါင်းတခြမ်းကိုက်ခြင်းဟာ လက္ခဏာဆင်တူပြီး တခုနဲ့တခု မှားတတ်ပါတယ်။ သူတို့၂ခုဟာ အပြန်အလှန်လည်း ဖြစ်စေနိုင်ပါတယ်။ သုတေသနတွေက သေချာမပြောနိုင်သေးပေမယ့် ခေါင်းတခြမ်းကိုက်တာဖြစ်လွန်းရင် နောက်ပိုင်းမှာ လေဖြတ်နိုင်ခြေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေတော့ နည်းပါတယ်။

    လေဖြတ်ခြင်းကို ဖြစ်စေတဲ့ တချို့အရာတွေ ဥပမာ- သေါးတိုးခြင်း၊ ဆေးလိပ်သောက်ခြင်း စတာတွေကို ပြောင်းလဲပစ်နိုင်ပါတယ်။ တခြား အသက်အရွယ်၊ လူမျိုးစတာတွေကတော့ ပြောင်းနိုင်မှာ မဟုတ်ပါဘူး။ သင့်ရဲ့ရောဂါရာဇဝင်၊ နေထိုင်မှုပုံစံ စတာတွေကိုလည်း ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ ဆရာဝန်ဟာ လေဖြတ်နိုင်ခြေရှိတဲ့ ရောဂါနဲ့ အခြေအနေတွေကို လျော့နည်းစေခြင်းဖြင့် သင့်ကို ကူညီနိုင်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement