backup og meta

သွေးကြောပေါက်လေဖြတ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဦးနှောက်အကျိတ်


Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သွေးကြောပေါက်လေဖြတ်ခြင်းရဲ့ အကြောင်းရင်းတစ်ခုဖြစ်တဲ့ ဦးနှောက်အကျိတ်

    ဦးနှောက်အကျိတ်ဟာ လေဖြတ်စေနိုင်ပေမယ့် လက္ခဏာတွေဟာ တခြားလေဖြတ်ခြင်းရဲ့ လက္ခဏာတွေနဲ့ ကွဲပြားပါတယ်။

    ဦးနှောက်အကျိတ် သွေးယိုတဲ့အခါ တခြား သွေးကြောပေါက်လို့ လေဖြတ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူတဲ့ လက္ခဏာတွေ ဖြစ်ပေါ်ပါတယ်။ ဦးနှောက်အကျိတ် သွေးယိုခြင်းကြောင့် ဖြစ်တဲ့ လေဖြတ်ခြင်းဟာ ရှားပါးပြီး ဦးနှောက်တွင်း သွေးယိုတဲ့ အကြောင်းရင်းတွေရဲ့ ၁ ကနေ ၁၀% ထိ ဖြစ်တတ်ပါတယ်။

    အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့ သွေးကြောပေါက်ခြင်း အပါအဝင် ဦးနှောက်တွင်း သွေးယိုခြင်း၊ amyloid ပရိုတိန်းကြောင့် သွေးကြောရောဂါဖြစ်ခြင်း၊ ဦးခေါင်းထိခိုက်ခြင်း စတာတွေပဲ ဖြစ်ပါတယ်။

    ဦးနှောက်အကျိတ် သွေးယိုစီးစေခြင်းဟာ အောက်ပါ အခြေအနေတွေမှာ မူတည်ပါတယ်။

    • အန္တရာယ်မရှိသေးသည့်အဆင့်
    • အန္တရာယ်ပေးသည့်အဆင့်
    • မူလအဆင့်
    • ကူးစက်သည့်အဆင့်

    ဦးနှောက်အကျိတ်အမျိုးအစားအလိုက် ကွဲပြားတဲ့ ပုံစံတွေရှိပြီး သွေးယိုနိုင်ခြေ နည်းခြင်းများခြင်း ဖြစ်စေနိုင်ပါတယ်။ ဥပမာ – Pituitary adenoma အကျိတ်တွေရဲ့ ၁၅%ခန့်ဟာ သွေးယိုနိုင်ခြေရှိပြီး

    meningiomas တွေကတော့ သွေးယိုနိုင်ခြေ ရှားပါတယ်။

    ဦးနှောက်အကျိတ်သွေးယိုခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာများ

  • ကိုယ်ခန္ဓါ၏ တဖက်ဖက်တွင် မျက်နှာ၊ လက်မောင်း၊ ခြေထောက် စသည်တို့ အားနည်းခြင်း
  • ကိုယ်ခန္ဓါ၏ တဖက်ဖက်တွင် မျက်နှာ၊ လက်မောင်း၊ ခြေထောက် စသည်တို့ ထုံကျင်ခြင်း
  • ပြောသည့်စကားကို နားမလည်ခြင်း၊ စကားမပြောနိုင်ခြင်း
  • စာရေးစာဖတ် မလုပ်နိုင်ခြင်း
  • မူးဝေခြင်း၊ မတ်မတ်မရပ်နိုင်ခြင်း၊ ပျို့ခြင်း အန်ခြင်း
  • ပြင်းပြင်းထန်ထန် ခေါင်းကိုက်ခြင်း၊ နှစ်ထပ်မြင်ခြင်း
  • အမြင်အာရုံပြောင်းလဲခြင်း၊ အမြင်ကွယ်ခြင်း
  • တက်ခြင်း စတာတွေဖြစ်ပါတယ်။
  • ဦးနှောက်အကျိတ် သွေးယိုခြင်း လက္ခဏာတွေဟာ ဘယ်နေရာမှာ သွေးယိုသလဲဆိုတဲ့အချက်ပေါ်ပါ မူတည်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဦးနှောက်ဒဏ်ရာရတဲ့ နေရာပေါ်မူတည်ပြီး အာရုံကြောဆိုင်ရာ လက္ခဏာတေါဟာ တနေရာနဲ့ တနေရာ ကွဲပြားလို့ ဖြစ်ပါတယ်။ ဒါကြောင့် ဦးနှောက်တွင်း သွေးယိုတဲ့ လက္ခဏာတွေဟာ သာမန်ခေါင်းကိုက်ခြင်းကနေ အသက်အန္တရာယ် ထိခိုက်စေတဲ့ ထိခိုက်ခြင်းအထိ ကွဲပြားပါတယ်။

    ဘယ်လိုကုသလဲ

    ဦးနှောက်အကျိတ်ကြောင့် သွေးယိုခြင်းကို ကုသတဲ့နေရာမှာ ယိုတဲ့သွေးပမာဏနဲ့ ဘယ်လိုလက္ခဏာတွေ ဖြစ်ပေါ်သလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ စံပြုထားတဲ့ကုသပုံကတော့ သွေးကိုရော အကျိတ်ကိုပါ တပြိုင်တည်း ဖယ်ထုတ်လိုက်ဖို့ ဖြစ်ပါတယ်။ ဒါပေမယ့် တခါတရံမှာ ထွက်တဲ့သွေးပမာဏဟာ အရမ်းနည်းပြီး လူနာရဲ့ လက္ခဏာက ခေါင်းကိုက်တာလောက်ပဲဆိုရင် ခွဲစိတ်မှု လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ အချိန်နည်းနည်းစောင့်နိုင်သေးတယ်ဆိုရင် ကိုယ်ခန္ဓါထဲမှာ ကင်ဆာဖြစ်ပွားခြင်း ရှိမရှိ၊ ဓါတ်ကင်ခြင်း၊ ဆေးသွင်းခြင်း စတဲ့ ကင်ဆာရောဂါကုသမှုလိုမလို စမ်းသပ်မှုတွေ လုပ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement