backup og meta

Atonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Atonic seizure အမျိုးအစား အတက်ရောဂါအကြောင်း သင်သိထားသင့်သော အရာများ။

    Atonic seizure ဆိုတာ”drop attacks” သို့ “drop seizures” လို့ခေါ်တဲ့ ရုတ်တရက်ပြုတ်ကျပြီး တက်တဲ့ အတက်ရောဂါအမျိုးအစားကို ခေါ်ပါတယ်။ ဒီလိုတက်တဲ့အခါမှာ အထူးသဖြင့် လက်မောင်းနှင့် ခြေထောက် မှာရှိတဲ့ ကြွက်သားတွေရဲ့ တင်းအားဟာ ရုတ်တရက် အားလုံး ဆုံးရှုံးသွားပြီး လဲကျသွားတဲ့ရလဒ်ကို ဖြစ်စေပါတယ်။

    Atonic seizure ဆိုတာဘာလဲ

    Atonic seizure အမျိုးအစားအတက်ရောဂါမှာ ကြွက်သားတွေဟာ ရုတ်တရက် စွမ်းအားတွေ၊ စွမ်းအင်တွေမရှိတော့ပဲ ယုတ်လျော့သွားပါတယ်။ ဒါ့အပြင် မျက်ခွံတွေဟာလည်း လေးကျလာနိုင်ပါတယ်။ ဦးခေါင်းဟာလည်း ရှေ့ကိုငိုက်ကျ သွားပြီး လူနာဟာ များသောအားဖြင့် မြေပြင်ပေါ်သို့ လဲကျသွားလေ့ရှိပါတယ်။ ဒီရောဂါဟာ များသောအားဖြင့် ကလေးငယ်စဉ်မှာ ဖြစ်လေ့ရှိပြီး Lennox Gastaut syndrome ရောဂါနှင့် လက္ခဏာချင်း ဆင်တူပါတယ်။ Atonic seizure အမျိုးအစား အတက်ရောဂါ ရှိတဲ့ သူတွေဟာ လဲကျသွားတဲ့ အတွက်ကြောင့် ဒဏ်ရာ ရနိုင်ပါတယ်။ ဒါကြောင့် ဦးထုပ်အမာ ကဲ့သို့ အကာအကွယ်ပစ္စည်း သုံးဖို့ရာအတွက် ရွေးချယ်စဉ်းစား ပေးသင့်ပါတယ်။

    ဘယ်သူတွေဟာ atonic seizure အမျိုးအစား အတက်ရောဂါ ဖြစ်နိုင်ခြေများသလဲ

    Atonic seizure အမျိုးအစားအတက်ရောဂါဟာ များသောအားဖြင့် ကလေးငယ်စဉ်မှာ စတတ်ပြီး ကလေးကြီး ဖြစ်လာတဲ့အချိန် အထိကို ကြာနိုင်ပါတယ်။

    Atonic seizure ရောဂါအမျိုးအစား တက်နေတဲ့အခါ ဘာတွေဖြစ်လာသလဲ

    ဒီအမျိုးအစားအတက်ရောဂါဖြစ်လာရင် လူနာရဲ့ ခန္ဓါကိုယ်ဟာ မြေပြင်ပေါ်ကို ပုံရက်သား ကျသွားပါတယ်။ သူတို့ဟာ များသောအားဖြင့်တော့ သတိရှိနေလေ့ ရှိပါတယ်။ ဒီလိုတက်လာတဲ့ အခါမှာ ယေဘုယျ အားဖြင့်တော့ ၁၅ စက္ကန့် အောက်သာ ကြာတတ်ပါတယ်။ တကယ်လို့ လူနာဟာ မတ်တပ်ရပ်နေမယ်ဆိုရင် ကြမ်းပြင်ပေါ်ကို ပုံရက်သားပြုတ်ကြသွားပါတယ်။ ထိုင်နေမယ်ဆိုရင်လည်း သူရဲ့ ဦးခေါင်း သို့မဟုတ် ခန္ဓါကိုယ်အပေါ်ပိုင်းဟာ ကွေးညွှတ်ပြီး ပျော့ခွေသွားပါတယ်။ အတက်ရောဂါ ရှိတဲ့ လူတစ်ယောက်ဟာ တောင့်တောင့်ကြီး လဲကျသွားမယ် ဆိုရင်တော့ ဒီလိုအတက်ရောဂါဟာ များသောအားဖြင့် tonic seizure လို့ခေါ်တဲ့ ရုတ်တရက် ကြွက်သားတောင့်တင်းကာ ကျုံ့ ခြင်းလို့ခေါ်တဲ့ အတက်ရောဂါ အမျိုးအစားကြောင့် ဖြစ်နိုင်ပါတယ်။

    ဒီအမျိုးအစားအတက်ရောဂါ ရပြီးတဲ့နောက် ဘာတွေဖြစ်လာသလဲ

    ဒီအမျိုးအစားအတက်ရောဂါ တက်ပြီးတဲ့အခါမှာ လူနာဟာ ဝေဝေဝါးဝါးလည်း ဖြစ်နိုင်ပါတယ်။ ဝေဝေဝါးဝါး မဟုတ်တာလည်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ဒီအတက်ရောဂါ အမျိုးအစားဟာ ထိခိုက်ဒဏ်ရာ ပွန်းပဲ့ရာတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ရှေးဦးသူနာပြုစုဖို့ လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအတက်ရောဂါ ဖြစ်တဲ့အခါမှာ များသောအားဖြင့် လဲကျသွားတာဖြစ်လို့ပါ။ ဒီအမျိုးအစားလူနာတွေဟာ များသောအားဖြင့် ဦးထုပ်ဆောင်းပေးဖို့ လိုအပ်ပါတယ်။

    Atonic seizure အမျိုးအစား အတက်ရောဂါဟာ ဘယ်နှစ်ကြိမ်လောက် ဖြစ်လေ့ရှိသလဲ

    ဒီအမျိုးအစား အတက်ရောဂါ လူနာရှင်တွေဟာ တစ်ကြိမ် သို့မဟုတ် ဆက်တိုက်အကြာကြီးဖြစ်နေနိုင်ပါတယ်။ ဒီအတက်ရောဂါ အမျိုးအစားဖြစ်နေပြီဆိုရင်တော့ လူနာဟာ လဲကျတဲ့အခါ ဒဏ်ရာရခြင်းကို ကာကွယ်ဖို့ရာ လုံခြုံတဲ့နေရာတစ်ခုမှာ ရှိနေဖို့ အရေးကြီးပါတယ်။

    Atonic seizure အမျိုးအစား အတက်ရောဂါ ရှိနေတဲ့ တစ်စုံတစ်ဦးကို သင်ဘာတွေပြောပြနိုင်သလဲ

    ဒီအမျိုးအစားအတက်ရောဂါဟာ အတော်အသင့်ကို ထင်ရှားပါတယ်။ ဘာကြောင့်လဲဆိုတော့ တကယ်လို့ လူနာက ရပ်နေမယ်ဆိုရင် ရုတ်တရက် လဲကျပြီး မြေပြင်ပေါ်ကို ပုံလျက်သား ပြုတ်ကျသွားနိုင်ပါတယ်။ တစ်ဖက်ကပြောရလျှင် တကယ်လို့လူနာက ထိုင်နေမယ်ဆိုရင်လည်း သူရဲ့ ဦးခေါင်းဟာရုတ်တရက် ကွေးညွှတ်သွားပါတယ်။ လူနာရဲ့ တက်တဲ့အခါမှာ ဘေးမှာရှိနေတဲ့ မျက်မြင်သက်သေတွေက တက်တဲ့ပုံစံအနေအထားကို ပြောပြခြင်းအားဖြင့် အဖြေရှာအတည်ပြုနိုင် ပါတယ်။

    atonic seizure အမျိုးအစား အတက်ရောဂါ ဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ

    အချို့သောEEG စက်ဖြင့် မှတ်တမ်းတင်စစ်ဆေးခြင်းကလည်း ဒီရောဂါဖြစ်နေတယ်ဆိုတာကို သေချာအောင် လုပ်ဆောင်နိုင်ပါတယ်။ တကယ်လို့ တက်တာဟာ အမြဲတမ်းလိုလို ဖြစ်နေမယ်ဆိုရင် လူနာဟာ နှလုံးခုန်နှုန်းအပြောင်း အလဲကြောင့် သို့မဟုတ် သွေးပေါင် အတက်အကျကြောင့် လဲကျတာ ဟုတ်မဟုတ် ဆိုတာ သေချာအောင် အခြားသော စစ်ဆေးမှုများကို ပြုလုပ်ရန်လိုအပ်ပါတယ်။

    atonic seizure ရောဂါကို ဘယ်လိုကုသလဲ

    Atonic seizure အမျိုးအစားအတက်ရောဂါကို ကာကွယ်ရန် ကူညီပေးနိုင်တာကတော့ ဆေးသောက်ခြင်း၊ vagus အာရုံကြောကို လှုံ့ဆော်ပေးသော ပစ္စည်းဖြင့် လှုံ့ဆော်ခြင်း၊ ketone ဓါတ်ပါသော အစားအသောက်များ သို့မဟုတ် ပြုပြင်ထားသော Atkin ဟုခေါ်သည့် အဆီများပြီး ကစီဓါတ်နည်းသော အစားအသောက်များ စားခြင်းနှင့် corpus callosum ဟုခေါ်သော ဦးနှောက်အတွင်းရှိ တစ်ရှူးပိုင်းလေးကို ခွဲစိတ်ခြင်း စတာတွေက ကူညီပေးနိုင်ပါတယ်။

    Atonic ဆိုတဲ့ အဓိပ္ပါယ်ကတော့ ရုတ်တရက် ကြွက်သားရဲ့ တင်းအားတွေ ဆုံးရှုံးသွားခြင်းကို ခေါ်ပါတယ်။ ၎င်းကို ဒေါ့အတက် လို့လည်း ခေါ်ပါတယ်။ အချို့သောကလေးတွေမှာ သူတို့ရဲ့ ဦးခေါင်းဟာ ရုတ်တရက် ညွတ်ကျသွားပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement