backup og meta

အဖြစ်များတဲ့ လှုပ်ရှားမှုပြသနာတွေဟာ ဘာတွေလဲ


Dr. Thant Zin မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဖြစ်များတဲ့ လှုပ်ရှားမှုပြသနာတွေဟာ ဘာတွေလဲ

    ၁။ လှုပ်ရှားမှုပြသနာအပေါ် ယေဘုယျအမြင်

    လှုပ်ရှားမှုပြသနာဆိုတာ လှုပ်ရှားမှုရဲ့ လျင်မြန်ခြင်း၊ သွက်လက်ခြင်း၊ သက်တောင့်သက်သာရှိခြင်း စတဲ့အချက်တွေအပေါ် သက်ရောက်မှုရှိတဲ့ အာရုံကြော ဆိုင်ရာ ကိစ္စများပဲ ဖြစ်ပါတယ်။ Dyskinesia လို့ခေါ်တဲ့ ပြသနာမှာ ပြင်းပြင်းနဲ့ မြန်မြန် လှုပ်ရှားတတ်တဲ့ hyperkinesia ဖြစ်ခြင်းရော ဖြေးဖြေး (သို့) လှုပ်ရှားမှု မရှိတတ်တဲ့ အခြေအနေ ဖြစ်တတ်ပါတယ်။

    ၂။ အတွေ့များတတ်သော လှုပ်ရှားမှုပြသနာများ

    • Parkison ရောဂါ

    Parkison ရောဂါဆိုတာ တဖြည်းဖြည်းပိုဆိုးလာတတ်တဲ့ အာရုံကြောရောဂါဖြစ်ပြီး ကိုယ်ခန္ဓါလှုပ်ရှားမှုတွေအပေါ် ထိန်းချုပ်မှုကင်းမဲ့သွားတတ်ပါတယ်။ ဒီရောဂါဟာ ဘာကြောင့် ဖြစ်ပွားရတယ်ဆိုတာ မသိသေးသလို ကုသနည်းလည်း မရှိသေးပါဘူး။ ဒီရောဂါနဲ့ ပတ်သက်လို့ သိရသလောက်တော့ Substantia Nigra လို့ခေါ်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း ပျက်စီးလာရာကနေ ရောဂါ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

    Substantia Nigra မှာရှိတဲ့ အာရုံကြောဆဲလ်တွေ သေဆုံးသွားတဲ့အခါ ဦးနှောက်မှာ ဒိုပါမင်းလို့ခေါ်တဲ့ ဓါတုဓါတ်ကူးပစ္စည်းတွေ လျော့နည်းသွားပါတယ်။ ဒိုပါမင်းဟာ လှုပ်ရှားမှုကို ဖြစ်စေတဲ့ ဦးနှောက်ဆဲလ်တွေကို ဆက်သွယ်ပေးပြီး Parkison ရောဂါ လက္ခဏာတွေကို လျော့နည်းစေပါတယ်။

    လူနာတွေဟာ လှုပ်ရှားမှုရဲ့ အစွန်းတွေဖြစ်တဲ့ ပုံမှန် လှုပ်ရှားမှုကနေ လုံး၀ လှုပ်ရှားမှုမရှိတော့တဲ့ အခြေအနေတွေအထိ ကြုံရပါတယ်။ အများအားဖြင့် နာရီအနည်းငယ်မျှ ကြာတတ်ပါတယ်။ ဒီရောဂါ ပိုဆိုးလာတာနဲ့အမျှ မစွမ်းမသန်ဖြစ်ပြီး ရေချိုးခြင်း၊ အဝတ်လဲခြင်း၊ စားသောက်ခြင်းတွေမှာ အကူမရှိဘဲ မလုပ်နိုင်သလောက် ဖြစ်သွားတတ်ပါတယ်။

    • ကြွက်သားအကြောဆွဲခြင်း

    ဒီအခေါ်အဝေါ်ဟာ ဗဟိုအာရုံကြောစနစ် ပျက်စီးမှုကြောင့် အာရုံကြော အချက်ပြမှုတွေ ကြွက်သားတွေဆီ မရောက်နိုင်တဲ့ အခြေအနေများအတွက် ခြုံငုံခေါ်ဝေါ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီပျက်စီးမှုကြောင့် အာရုံကြောစနစ်နဲ့ ကြွက်သားတွေကြားက ဟန်ချက်ညီမှု ပျက်ပြားပြီး ကြွက်သားရဲ့ လှုပ်ရှားမှုတွေ မြင့်တက်လာပါတယ်။ အဖြစ်များတဲ့ ပြသနာတွေကတော့ Cerebral palsy၊ ဦးနှောက်ထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ အာရုံကြောပျက်စီး၍ ကိုယ်ခန္ဓါတစ်သျှူးများ မာကြောသည့်ရောဂါ၊ ကျောရိုးမကြီး ထိခိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

    ကြွက်သားအကြောဆွဲတဲ့အခါ ကြွက်သားများ တင်းတောင့်လာပြီး လှုပ်ရှားမှုတွေ ဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် လက်နဲ့ခြေထောက်တွေမှာ ဖြစ်တတ်ပြီး ထိန်းချုပ်ရခက်ခဲပါတယ်။ အကြောဆွဲနေတဲ့ ကြွက်သားများဟာ သာမန်လှုပ်ရှား ကွေးဆန့်ခြင်းကို အနှောက်အယှက်ပေးပြီး ပုံမှန်မဟုတ်ဘဲ အကြာကြီး ကွေးသွားတာမျိုး ဖြစ်တတ်ပါတယ်။

    အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြောဆွဲခြင်းဟာ အလိုအလျောက်ဖြစ်ပြီး အရှိန်အဟုန်ပေါ် မူတည်ပါတယ်။ အကြောဆွဲတဲ့ ကြွက်သားရဲ့ ဆန့်ခြင်းရဲ့အရှိန်နဲ့ ဆိုင်ပါတယ်။ ဆန့်တန်းခြင်း တုံ့ပြန်မှုဟာ အရေးကြီးပြီး ဆက်စပ်မှုရှိတဲ့ အရာဖြစ်ပါတယ်။ ဒီတုံ့ပြန်မှုဟာ ကြွက်သားများ ပူးပေါင်းလုပ်ဆောင်ခြင်း၊ ကျုံ့ခြင်း ပြေလျော့ခြင်းစတာတွေအတွက် အရေးပါပြီး ကြွက်သားကို အချိန်ကြာကြာဆန့်နေခြင်းမှ ကာကွယ်ပေးပါတယ်။

    • တုန်ခြင်း

    တုန်ခြင်းဟာ အသက်အန္တရာယ်ဖြစ်နိုင်တဲ့ အခြေအနေ မဟုတ်ပါဘူး။ ဒါပေမယ့် ဘဝမှာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ ဒီပြသနာကြောင့် နေ့စဉ်ဘဝမှာ ပြောင်းလဲမှုတွေ ရှိတယ်လို့ စစ်တမ်းများအရ သိရပါတယ်။

    တုန်ခြင်းဆိုတာ ကိုယ်ခန္ဓါအစိတ်အပိုင်းတွေ မထိန်းချုပ်နိုင်ဘဲ စည်းချက်ကျကျ တုန်ခါနေခြင်းမျိုး ဖြစ်ပါတယ်။ အများအားဖြင့် လက်၊ လက်မောင်းနဲ့ ခေါင်းတွေမှာ ဖြစ်တတ်ပါတယ်။ ဒီပြသနာဟာ ဦးနှောက်ရဲ့ အစိတ်အပိုင်းအချင်းချင်း ပုံမှန်မဟုတ်တဲ့ ဆက်သွယ်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ Parkison ရောဂါနဲ့ မှားတတ်ပါတယ်။

    အဖြစ်အများဆုံး အာရုံကြောပြသနာဖြစ်ပြီး သြစတြေးလျနဲ့ နယူးဇီလန်မှာ လူဦးရေ ၁၄၀၀၀ ခန့် ဖြစ်ပွားပါတယ်။ အများစုဟာ တဖြည်းဖြည်းချင်း ဆိုးရွားလာတတ်ပြီး တချို့ကတော့ သာမန်တုန်ခါခြင်းလောက်ပဲ ဖြစ်တတ်ပြီး တဘဝလုံး ဖြစ်သွားတတ်ပါတယ်။

    Parkison ရောဂါနဲ့ မတူတာကတော့ ဒီတုန်ခါခြင်းဟာ နားနေချိန်မှာ မရှိသလောက်ဖြစ်နေတတ်ပါတယ်။ အိပ်နေချိန်မှာဆို လုံးဝပျောက်နေတတ်ပါတယ်။

    တုန်ခါခြင်းဟာ စိတ်အနှောက်အယှက်ဖြစ်စရာ ချို့ယွင်းချက်မျိုး ဖြစ်ပါတယ်။ တချို့လူများဟာ တုန်ခါခြင်းနဲ့ ဆက်စပ်ပြီးလမ်းလျှောက်ပုံမမှန်တဲ့ ပြသနာတွေ ဖြစ်တတ်ပါတယ်။

  • လှုပ်ရှားမှုပုံမမှန်ခြင်း
  • ဒီပြသနာကတော့ ကြွက်သားများ ပုံမှန်မဟုတ်ဘဲ ကျုံ့ခြင်းကြောင့် အထူးသဖြင့် ကြွက်သားများလိမ်ဖြင်း၊ ထပ်ခါထပ်ခါလှုပ်ရှားခြင်းတို့ကြောင့် အာရုံကြောရောဂါ ဖြစ်ပြီး ကိုယ်ခန္ဓါအနေအထား ပုံမှန် မရှိတဲ့အခြေအနေပဲ ဖြစ်ပါတယ်။

    သူ့ဖာသာဖြစ်လာတာ ဖြစ်နိုင်သလို ဦးနှောက်ကို ထိခိုက်စေတဲ့ ပတ်ဝန်းကျင် အကြောင်းအရာတွေကြောင့်လည်း ဖြစ်ပွားတတ်ပါတယ်။ တခါတရံမှာ ပိုဆိုးမလာတတ်တဲ့ အာရုံကြောပြသနာမျိုးဖြစ်ပြီး Parkisonism လို ပြသနာမျိုးနဲ့ ဆက်စပ်နေပါတယ်။ မျိုးရိုးလိုက်ပြီး ဖြစ်ပွားတတ်တာမျိုးလည်း ရှိတတ်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 19/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement