သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်
ထွက်မှာ သေချာပြီလား။
သင့်ရဲ့နေထိုင်မှုကို ပြုပြင်ပြောင်းလဲပြီး အတက်ရောဂါ ဝက်ရူးပြန်တာကို ထိန်းချုပ်ခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပါတယ်။ အောက်ပါအချက်တွေနဲ့ သင့်ရောဂါကို ကူညီနိုင်ပါလိမ့်မယ်
သင်ဆရာဝန်နဲ့ မမကြာမကြာ သွူားရောက်ပြသပြီးတော့ :
တက်ခြင်းက ဆေးတစ်ခွက်နှစ်ခွက်လောက်မသောက်ပဲနေမိရုံနဲ့ ဆိုးလာနိုင်ပါတယ်။ ဒါကြောင့် ဆေးကိုသောက်နေတဲ့ သူမြင်သာတဲ့ နေရာမှာထားပါ။ ညွှန်ကြားတဲ့ အတိုင်းသောက်ပါ။ သင့်ရောဂါကုသပေးသူကို မပြောပဲနဲ့ ဆေးကိုရပ်လိုက်တာမျိုး မလုပ်ပါနဲ့။
အိပ်ရေး မဝတာဟာ ထိန်းချုပ်မှုရှိပြီးသားလူနာတွေတောင် တက်ခြင်းဖြစ်စေနိုင်ပါတယ်။ အချိန်ဇယားနဲ့ အပြည့်အဝအနားယူပါ။ တုညီတဲ့အချိန်တွေမှာ အိပ်တာ အိပ်ယာထတာဟာ အိပရေးဝစေနိုင်ပါတယ်။ အရမ်း နိုးကြားနေအောင်လုပ်တဲ အာရုံစိုက်ရတဲ့ အပြုအမူတွေ ဥပမာ တီဗွီ ကြည့်တာ ဂိမ်းဆော့တာ အားကစားလုပ်တာတွေကို မအိပ်ခင်မှာမလုပ်သင့်ပါဘူး။
အရက်သောက်တာဟာ ဆေးအာနိသင်ကို ထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အရက်အလွန်အကျွံသောက်တာဟာ တက်ခြင်းကို လှုံ့ဆော်တာ စဖြစ်စေတာရောဖြစ်နိုင်ပါတယ်။
စိတ်ဖိစီးမှုဟာ အဓိကပြသနာဖြစ်တဲ့ အတွက် ထိန်းချုပ်နိင်ဖို့လိုအပ်ပါတယ်။ ဒါကြောင့် နေ့စဉ် တရားထိုင်ခြင်း နဲ့ ယောဂကျင့်တာဟာ သင့်ကို ကူညီနိငင်ပါလိမ့်မယ်။
တက်တဲ့သူတွေဟာ အလင်းဒဏ်ကို sensitive ဖြစ်ကြပါတယ်။ တီဗွီ , ဂိမ်းနဲ့ ဓါတ်မီးကအလင်းတွေတောင်မှ တက်တာကို ဖြစ်စေနိုင်ပါတယ်။ တကယ်လို့လူနာက TV ကြည့်မယ်ဆိုရင် ကျွမ်းကျင်သူရဲ့ အကြံလိုအပ်ပါတယ်။ အဆိုအရ အခန်းတစ်ခုလုံးလင်းနေဖို့လိုပြီး ကြည့်သူဟာ TV နဲ့ ရှစ်ပေအကွာမှာရှိရပါမယ်။
နေ့စဉ်လေ့ကျင့်ခန်းတွေဟာ သင့်ကိုရွှင်လန်းစေပြီး သင့်တင့်တဲ ကိုယ်အလေးချိန်ရစေကာ စိတ်ကျေနပ်မှုလည်းပေးနိုင်ပါတယ်။ ဆရာဝန်တွေက chiropractic therapy, နှိပ်နယ်တာနဲ့ cranial sacral therapy တွေလုပ်ခိုင်းပြီး ရေကူး, hiking, တောင်တက်တာ, အခြားကစားနည်းတွေကို အန္တရာယ်မဖြစ်စေဖို့အတွက်ရှောင်ခိုင်းပါတယ်။
လူနာတွေအတွက်အချို့သတ်မှတ်ချက်တွေရှိပါတယ်။ အချို့တွေမှာ antiepileptic drugs (AEDs) တွေက calcium, magnesium, and sodium ပမာဏတွေက်ု နှောင့်ယှက်နိုင်ပါတယ်။vit D လိုအရိုးတွေအတွက်အရေးကြီးတဲ့အရာကလည်း antiepileptic drugs (AEDs) ကြေုင့် ကျနိုင်ပါတယ်။ ဆရာဝန်နဲ့ ဗီတာမင် သတ္ထုဓါတ် ပမာဏကို စစ်ဆေးမှုလုပ်ပါ။
တက်ခြင်း ဝက်ရူးပြန်ခြင်းခံစားရတဲ့လူနာတွေကူညီပေးတဲ့ အဖွဲ့ကို သင်ရှာဖွေနိုင်ပါတယ်။ ဒါမှမဟုတ် သင့်ကို စိတ်ပိုင်းရုပ်ပိုင်း ကူညီပေးတဲ့ အဖွဲ့တွေကိုလည်း ရှာဖွေနိုင်ပါတယ်။
Hello Health Group သည် ကျန်းမာရေးအကြံပြုချက်များ, ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ လုပ်ဆောင်မည်မဟုတ်ပါ။
ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
10 Tips for Living Well With Epilepsy. http://www.healthywomen.org/content/article/10-tips-living-well-epilepsy. Accessed November 10, 2016.
Epilepsy and Lifestyle. https://www.caring.com/articles/epilepsy-lifestyle?page=4. Accessed November 10, 2016.
အကြံပြုလိုသည့် ဆောင်းပါးများ