backup og meta

ဝက်ရူးပြန်တတ်တဲ့ကလေးတွေကို ကျောင်းမှာအဆင်ပြေအောင် ဘာတွေပံ့ပိုးပေးရမလဲ


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝက်ရူးပြန်တတ်တဲ့ကလေးတွေကို ကျောင်းမှာအဆင်ပြေအောင် ဘာတွေပံ့ပိုးပေးရမလဲ

    အတက်ရောဂါရှိတဲ့ ကလေးတိုင်နီးပါး ကျောင်းကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ကျောင်းမှာဘေးကင်းလုံခြုံနိုင်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ ထိုသို့သိထားဖို့က အတက်ရောဂါရှိနေတဲ့ ကလေးကို ဘယ်လိုပံ့ပိုးပေးရမယ်ဆိုတာနဲ့ပတ်သတ်တဲ့ အသိပညာတွေရှိထားဖို့လိုပါတယ်။

    ကလေး၏ဆရာ/ဆရာမဖြင့် ဆွေးနွေးတိုင်ပင်ပါ။

    ကလေးရဲ့ ဆရာ/ဆရာမတို့ဖြင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ သို့မှသာ သူတို့က ကလေးရဲ့ လိုအပ်ချက်တွေကို ကူညီပေးနိုင်မှာပါ။ ကလေးတက်ရင် ဘယ်လောက်ပြင်းထန်သလဲနဲ့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ တိတိပပသိရှိထားသင့်ပါတယ်။ သူတို့ကို လုပ်ပေါ်ကိုင်ဖက်လိုပေါင်းပေးဖို့ အကြံပြုပါတယ်။

    အတက်ရောဂါက ကလေးရဲ့ လေ့လာသင်ယူနိုင်စွမ်းကို ထိခိုက်နေပြီဆိုရင်တော့ သူတို့အတွက် ပြုလုပ်ထားတဲ့ ပညာသင်ကြားခြင်းပုံစံကို တောင်းဆိုနိုင်ပါတယ်။ ဆရာဝန်နဲ့ ဆရာ/ဆရာမကို ဆက်သွယ်ပေးထားတာ အကြံကောင်းတစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဆက်သွယ်ထားမှပဲ သိချင်သည်များကို တိုက်ရိုက်မေးမြန်းနိုင်မှာဖြစ်လို့ပါ။

    ကျောင်းနေဖော်ကျောင်းနေဖက်တွေက ကလေးရဲ့ အတက်ရောဂါအကြောင်း သိနေအောင်လုပ်ပါ။

    ကလေးက အချိန်မရွေးတက်နိုင်ပါတယ်။ ဘယ်အချိန်မှာတက်မယ်ဆိုတာ ခန့်မှန်းလို့မရပါဘူး။ ဒါကြောင့် ကျောင်းနေဖော်ကျောင်းနေဖက်တွေဟာ ထိုရောဂါကိုအကြောင်းကို သိထားဖို့လိုပါတယ်။ ဒါမှ အချိန်မှီကူညီနိုင်မှာပါ။ သူတို့သိသင့်သိထိုက်သလောက်ကို ဆရာ/ဆရာမနဲ့ အတန်းထဲမှာ ဆွေးနွေးပေးဖို့ တောင်းဆိုသင့်ပါတယ်။ မပြင်ဆင်ထားဘူးဆိုရင် ကလေးတက်တဲ့အခါမှာ အခြားကျောင်းသား/သူတွေ လန့်ဖြန့်သွားနိုင်ပါတယ်။ ကလေးလည်းအရှက်ရမှာပါ။

    အတက်ရောဂါနဲ့ပတ်သတ်ပြီး ကျောင်းသား/သူတွေကို ပြောပြထားခြင်းက ကလေးကို မနောက်ပြောင်အောင် အသိပညာပေးနိုင်သလို သူတို့လေးတွေ ကြားဖူးထားတဲ့ တလွဲအယူအဆတွေကို ပြင်ဆင်ပေးနိုင်မှာဖြစ်ပါတယ်။ ဆရာ/ဆရာမ သေချာရှင်းပြနိုင်အောင် စာအုပ်နဲ့ အခြားသော သင်ထောက်ကူပစ္စည်းတွေဖြင့် ကူညီထောက်ပံ့ပေးနိုင်ပါတယ်။

    အသိပေးအကြောင်းကြားပေးဖို့တောင်းဆိုထားပါ။

    ဝက်ရူးပြန်အတွက်ပေးတဲ့ဆေးတွေကြောင့် သင့်ကလေးသင်ကြားမှုစွမ်းရည် ထိခိုက်နိုင်ပါတယ်။ ယင်းဆေးတွေကပဲ ပင်ပန်းနွမ်းနယ်စေတဲ့အပြင် အိပ်ချင်ချင်လည်းဖြစ်စေပါတယ်။ ဆရာဝန်နဲ့ရက်ချိန်းတွေ ပြရတာကြောင့် ကျောင်းခဏခဏပျက်ရပါလိမ့်မယ်။ Absence seizure ကြောင့် ခဏတာမေ့လျော့သွားခြင်းမျိုးဖြစ်တတ်ပါတယ်။ ဒါ့အပြင် တက်မှာကြောက်နေတဲ့ စိုးရိမ်ပူပန်မှုတွေက စာလုပ်တဲ့ နေရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။

    ဝက်ရူးပြန်ဖြစ်တဲ့ ဦးနှောက်အစိတ်ပိုင်းတွေမှာ မှတ်ဉာဏ်နဲ့ လေ့လာမှုစွမ်းရည်ချို့ယွင်းတာက နောက်ထပ်ပြဿနာတစ်ခုပါပဲ။ အဲဒီပြဿနာရှိနေပြီဆိုတာ သိတာနဲ့ ဆရာ/ဆရာမနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဖြေရှင်းနည်းလမ်းတွေရှာဖွေရပါမယ်။ ကျောင်းမှာ ကလေးအခြေအနေ ဘယ်လိုရှိတယ်ဆိုတာကို အသိပေးဖို့ တောင်းဆိုထားသင့်ပါတယ်။

    ကလေးကိုမတူညီတဲ့နည်းလမ်းတွေနဲ့သင်ယူပါစေ။

    လိုအပ်မယ်ဆိုရင် ကလေး၏လေ့လာသင်ယူနိုင်စွမ်းပြဿနာနဲ့ အဆင်ပြေအောင် ပုံမှန်သင်ကြားမှုပုံစံနဲ့ ကွဲပြားပြီး သင်ပေးဖို့ တောင်းဆိုပေးပါ။ အခြားကလေးတွေကို သင်တဲ့ပုံစံမဟုတ်ပဲ ပုံစံကားချပ်၊ ဇယားကွက်နဲ့ ပိုစတာလေးတွေ အသုံးပြုပြီး အမြင်နှင့်သင်ကြားပေးဖို့ တောင်းဆိုပါ။ ဒါမှမဟုတ် Scaffolding နည်လမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။

    အခြားတစ်နည်းဆိုရသော် ဆရာ/ဆရာမတွေနဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း၊ နည်းဗျူဟာတွေ ချမှတ်ပေးခြင်းဖြင့် ကလေးကို အားပေးအားမြှောက်ပြုသင့်ပါတယ်။ ထိုသို့ပြုလုပ်ခြင်းက ကလေးကို မြန်မြန်သင်ယူတတ်မြောက်စေနိုင်သလို အတန်းထဲမှာလည်းအဆင်ပြေအောင် ပံ့ပိုးပေးနိုင်ပါတယ်။

    ကလေးက ပံ့ပိုးမှုတွေ ဆက်လက်ရရှိနေ၊မနေဆိုတာ သိရှိထားဖို့လိုပါတယ်။ ကျောင်းမှာလည်း ဝက်ရူးထပြန်နိုင်ပါတယ်။ ဒါပေမယ့်လည်း သင့်တော်မှန်ကန်တဲ့ ရှေးဦးသူနာပြုနည်းလမ်းတွေနဲ့ဆေးဝါးတွေပေးမယ်ဆိုရင် အဆင်ပြေသွားပါလိမ့်မယ်။ ဒါကြောင့် သူတို့ကျောင်းမှာအဆင်ပြေစေဖို့ ဘာတွေပြင်ဆင်ထားရမလဲဆိုတာ အလွန့်အလွန်အရေးကြီးပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement