ကိုယ်ကာယပိုင်းဆိုင်ရာ လှုပ်ရှားမှုများ၊ သက်တူရွယ်တူများ နှင့်လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာအချိတ်အဆက် အပြောအဆိုများ စတာတွေဟာ အထူးသဖြင့် အရေးကြီး ပါတယ်။ ကလေးတွေဟာ အတက်ရောဂါ ရှိနေတဲ့အတွက်ကြောင့် စာလေ့လာရေးပိုင်းဆိုင်ရာမှာပဲ ဖြစ်ဖြစ်၊ ပြန်လည်ဖန်တီးနိုင်စွမ်းဆိုင်ရာ အတွေ့အကြုံမှာပဲ ဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာတွေမှာပဲ ဖြစ်ဖြစ်အပြည့်အဝ ပါဝင်ဆောင်ရွက်ရခြင်း မရှိပဲနေတတ် ကြပါတယ်။ ကလေးအများစု ခွင့်ပြုချက်ရထားတဲ့ ပုံမှန်ကျောင်းတက်ကြွလှုပ်ရှားမှု အစီအစဉ်တွေမှာ အတက်ရောဂါရှိတဲ့ကလေးတွေရဲ့ မိဘတွေဟာ ကန့်ကွက်လေ့ရှိကြပါတယ်။ ဒီလိုလုပ်ခြင်းဟာ ကလေးကို လူမှုကွန်ယက်ကနေ ဖယ်ထုတ် လိုက်သလိုဖြစ်နိုင်ပါတယ်။ သီးခြားနေခိုင်းသလို ဖြစ်နေပါတယ်။ ဒီလိုမျိုး အရေးပါတဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာ လေ့လာသင်ယူစရာ အတွေ့အကြုံ ကောင်းတွေကနေ သီးသန့်ဖယ်ထုတ် လိုက်ခြင်းဟာ မိမိကိုယ်ကို မကောင်းမြင်ဝါဒတွေ ပိုများလာစေဖို့အတွက် အားပေးသလို ဖြစ်နေပါတယ်။ ဝက်ရူးပြန်ရောဂါ ရှိတဲ့ ကလေးအများစုဟာလည်းပဲ အခြားကလေးတွေ ပါဝင်ဆောင်ရွက်နေတဲ့ တက်ကြွလှုပ်ရှားမှု တွေကို ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ရေကူးခြင်းလိုမျိုး၊ စက်ဘီးစီးခြင်းလိုမျိုး လှုပ်ရှားမှုတွေ လုပ်တဲ့အခါ အန္တရာယ်ကင်းအောင် ဘေးကနေ ရိုးရှင်းစွာလုပ်ဆောင်ပေးနိုင်ပါတယ်။ ဥပမာ သင့်ကလေး တက်လာတဲ့အခါမှာ ဘယ်လိုကူညီပေးရမယ်ဆိုတာကို သိတဲ့လူတစ်ယောက်နှင့် သင့်ကလေးကို ထားပေးသင့်ပါတယ်။
အတက်ရောဂါဆိုတာ အလွန်ရှုပ်ထွေးသော ရောဂါတစ်မျိုးဖြစ်ပြီး ကလေးရဲ့ ဖွံ့ဖြိုးကြီးထွားမှုနှင့် လုပ်ငန်းဆောင်တာ လုပ်ဆောင်နိုင်စွမ်း စတဲ့အပိုင်းများစွာမှာ ထိခိုက်စေပါတယ်။ ရလဒ်အနေနဲ့ကတော့ ဒီလိုကလေး အများစုဟာ ကျောင်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေ ရလဒ်တွေမှာ များသောအားဖြင့် မအောင်မြင်ပဲ ရှိနေတတ်ကြပါတယ်။ ရွယ်တူ တန်းတူတွေနှင့် လူမှုဆက်ဆံရေး ပိုင်းဆိုင်ရာ တွေမှာလည်း အခက်အခဲတွေရှိကြပြီး လူမှုဆက်ဆံရေးဆိုင်ရာ စွမ်းရည်များ မလုံမလောက်ဖြစ်ကာ မိမိကိုယ်ကို တန်ဖိုးမထားပဲ ရှိနေတတ်ကြပါတယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။