backup og meta

အတက်ရောဂါရှိတဲ့ ကလေးငယ်ကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အတက်ရောဂါရှိတဲ့ ကလေးငယ်ကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ

    ကလေးမှာ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုတာဟာ သင့်အတွက် စိတ်ထိခိုက်ပူပန်စရာတစ်ခုပါပဲ။ ဒါပေမယ့်လည်း ဘာတွေပဲဖြစ်ဖြစ် ကလေးအတွက် သင်ကြံ့ကြံ့ခိုင်ပေးရပါတော့မယ်။ ရောဂါအကြောင်း ကောင်းကောင်းသိအောင်လုပ်ပြီး ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမယ်ဆိုတာ သိအောင်ပြုလုပ်ခြင်းက သင်အကောင်းဆုံးလုပ်နိုင်မယ့် အရာပါပဲ။

    ဝက်ရူးပြန်ရောဂါနဲ့ ပတ်သတ်ပြီး ဘာတွေသိထားဖို့ လိုအပ်သလဲ။

    ကလေးကိုကူညီပံ့ပိုးပေးဖို့ ပထမဦးဆုံးလိုအပ်တဲ့အရာက ရောဂါအကြောင်းကို သိရှိနားလည်ခြင်းပါပဲ။ ဝက်ရူးပြန်ရောဂါအမျိုးမျိုးရှိပါတယ်။ ဝက်ရူးပြန်ရောဂါရှိနေပြီဆိုရင် တက်နိုင်ပါတယ်။ အသက်အရွယ်မရွေးတက်နိုင်ပါတယ်။

    အသက်အရွယ်နဲ့လိုက်ပြီး တက်ပုံတက်နည်းတွေလဲကွဲပြားနိုင်ပါတယ်။ တက်နေပြီဆိုရင် အသက်ရှူတဲ့ပုံစံတွေ၊ မျက်ခွံနဲ့ နှုတ်ခမ်းလှုပ်ရှားပုံတွေ ပြောင်းလဲသွားနိုင်ပါတယ်။ ခြေထောက်တွေ စက်ဘီးနင်းသလို လှုပ်ရှားခြင်း၊ တဆတ်ဆတ်တုန်နေခြင်းနဲ့ ခြေတွေ၊လက်တွေတောင့်တင်းခြင်းတို့လည်း ဖြစ်တတ်ပါတယ်။

    ကလေးရောဂါနဲ့ ပတ်သတ်ပြီး ကူညီပေးနိုင်မယ့်လူတော့ ကလေးအထူးကုဆရာဝန်တွေပဲဖြစ်ပါတယ်။ ကလေးမှာ ဝက်ရူးပြန်ရောဂါရှိတာ သေချာအောင် မတက်ခင်၊တက်နေစဉ်နဲ့ တက်ပြီးနောက်တွေမှာ ဘာတွေဖြစ်လဲဆိုတာကို မေးမြန်းပါလိမ့်မယ်။ ဗီဒီယိုရိုက်ထားတာရှိရင်လည်း ကြည့်ပါလိမ့်မယ်။ စစ်ဆေးမှုတွေ လုပ်ပေးမယ်ဆိုရင်တောင်မှ ကလေးရောဂါကို အဆုံးအဖြတ်ပေးဖို့ ဆေးမှတ်တမ်းတွေလိုအပ်နေနိုင်ပါတယ်။

    ကလေးကို ဘယ်လိုကူညီပံ့ပိုးပေးရမလဲ။

    ကလေးအစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပါစေ။

    ကလေးမှာ အတက်ရောဂါရှိတာကြောင့် သူတို့ရဲ့ တန်းတူရည်တူလူတန်းစားတွေနဲ့ မတူညီပဲ ကွဲပြားပြီး တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားရနိုင်ပါတယ်။ အခြားသူတွေက သူနဲ့သူငယ်ချင်းမလုပ်ချင်ဘူးလို့ ထင်တာကြောင့်လဲဖြစ်နိုင်ပါတယ်။ အဲဒါကြောင့်ပဲ မိမိကိုယ်ကို တန်ဖိုးထားမှု၊ ယုံကြည်မှုတွေ ပျောက်ဆုံးသွားနိုင်ပါတယ်။ ကလေးမှာ အဲဒီလိုမျိုးခံစားမှုတွေရှိနေပြီဆိုရင် ကလေးများအတွက်အစီအစဉ်တွေမှာ ပါဝင်ဆင်နွှဲပါစေ။

    သို့မှသာ အခြားလူတွေနဲ့ ချိတ်ဆက်နိုင်ပြီး မိမိကိုယ်ကို အထင်အမြင်လွှဲမှားမှုတွေကို ပပျောက်သွားနိုင်မှာပါ။ အတက်ရောဂါရှိ ကလေးများအတွက်ပြုလုပ်ပေးထားသော နွေရာသီ စခန်းချအစီအစဉ်များက ရွေးချယ်မှုကောင်းတွေဖြစ်နိုင်ပါတယ်။ အဲဒါက ကလေးကို သူနဲ့ဘဝတူ၊ စိန်ခေါ်မှုအတူတူကို ရင်ဆိုင်နေရတဲ့သူတွေနဲ့ တွေ့ဆုံပြီး မိတ်ဆွေဖွဲ့စေနိုင်မှာဖြစ်ပါတယ်။

    တက်စေနိုင်မယ့်အရာတွေကို ရှောင်ခိုင်းပါ။

    စိတ်ဖိစီးမှုတွေ၊ စိတ်လှုပ်ရှားမှုတွေ၊ ငြီးငွေ့မှုတွေ၊ မှားယွင်းတဲ့ဆေးဝါးတွေနဲ့ အိပ်ရေးပျက်မှုတွေက တက်စေနိုင်တဲ့ အရာတွေလို့ယူဆရပါတယ်။ တက်နိုင်တယ်ဆိုတာ အဲဒီအရာတွေကို တုံ့ပြန်မှုတစ်ခုပါပဲ။ မိဘတစ်ယောက်အနေနဲ့ ကလေးကို ဘာတွေကတက်စေတယ်ဆိုတာသိဖို့ မှတ်တမ်းလေးတစ်ခု ပြုလုပ်ထားသင့်ပါတယ်။ ဘာတွေက တက်စေတယ်ဆိုတာသိတာနဲ့ ထိုအရာတွေကို တတ်နိုင်သမျှ ဝေးဝေးရှောင်ပါ။ သို့မှသာ တက်တဲ့အကြိမ်ရေကို လျော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

    ကြမ်းပြင်နဲ့ ပရိဘောဂတွေကို ဂရုစိုက်ပေးပါ။

    ကြွေခင်းကြမ်းပြင်တွေလိုမျိုး အမာစားတွေကြောင့် ကလေးတက်နေတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာမရမိအောင် ဖယောင်းပဆိုး၊ ချော်မလဲစေသော ကြမ်းခင်း၊ အပြော့စားကြမ်းခင်းနဲ့ ကော်ဇောတို့နဲ့ အစားထိုးပေးပါ။ ဒါ့အပြင့် ကြမ်းခင်းအောက်မှာ ကူရှင်ခံပြီးလည်း အသုံးပြုနိုင်ပါတယ်။ အထည်ကြမ်းတွေကိုလည်း အသုံးမပြုပါနှင့်။ အသုံးပြုမယ်ဆိုရင် ကလေးတက်နေတဲ့အချိန်မှာ ပွတ်တိုက်မိပြီး အနာတွေဖြစ်နိုင်ပါတယ်။

    ဝက်ရူးပြန်ရောဂါရဲ့ ကလေးပေါ်သက်ရောက်မှုတွေ၊ ဝက်ရူးပြန်ဆေးတွေရဲ့ ဆိုးကျိုးတွေကို သင်စိတ်ပူနေမှာ အမှန်ပါပဲ။ ဒါပေမယ့်လည်း အချစ်တွေနဲ့အတူ ရင်ဆိုင်ပေးနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် ကလေးကိုကူညီပံ့ပိုးပေးနိုင်မှာပါ။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement