backup og meta

ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးတွေကို ကူညီပံ့ပိုးခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးတွေကို ကူညီပံ့ပိုးခြင်း

    အတက်ရောဂါရှိနေတဲ့ ဆယ်ကျော်သက်တစ်ယောက်ကို နည်းမှန်လမ်းမှန်နဲ့ ကူညီပံ့ပိုးပေးဖို့ရာ မိဘများအတွက် လွန်စွာခက်လှပါတယ်။ ကိုယ်ရင်သွေးကို ကာကွယ်စောင့်ရှောက်ပေးချင်သော်ငြားလည်း အပြည့်အဝမထိန်းကျောင်းနိုင်ကြရှာပါဘူး။ အောက်ပါဆောင်းပါးမှာတော့ သင့်ဆယ်ကျော်သက်အရွယ်ရင်သွေးကြီးကို စိတ်မညစ်စေပဲ ဘယ်လိုကူညီထောက်ပံ့ပေးရမယ်ဆိုတာ ဖော်ပြပေးသွားမှာပါ။

    အတက်ရောဂါဆိုတာဘာလဲ။

    ဦးနှောက်နဲ့အာရုံကြောချို့ယွင်းတဲ့ အခြေအနေတစ်မျိုးပါပဲ။ အတက်ရောဂါဟာ ဦးနှောက်ကနေစတာ များပါတယ်။ ဦးနှောက်မှာ ကိုယ်ခန္ဓါကိုယ်၏ လုပ်ငန်းဆောင်တာ၊ အာရုံခံစားမှုနဲ့ အတွေးတွေကို လျှပ်စစ်သတင်းပို့ချက်တွေသုံးပြီး ထိန်းချုပ်နေတဲ့ အာရုံကြောဆဲလ်ပေါင်းသန်းနဲ့ချီပြီး ရှိပါတယ်။ ယင်းသတင်းပို့ချက်တွေကို ပြတ်တောက်စေတဲ့ ချို့ယွင်းချက်တွေရှိနေပြီဆိုရင်တော့ အတက်ရောဂါ ဒါမှမဟုတ် ဝက်ရူးပြန်ခြင်း ဖြစ်ပွားနိုင်ပါပြီ။

    ဆယ်ကျော်သက်အရွယ်အတက်ရောဂါသည်လေးကို ဘယ်လိုပံ့ပိုးကူညီပေးနိုင်မလဲ။

    • ကိုယ်စိတ်ပူတဲ့ကိစ္စတွေကို တခြားလူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။

    ကလေးဝက်ရူးပြန်နေမှာစိုးရိမ်တယ်ဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ထားသင့်ပါတယ်။ သို့မှသာ သူတို့က သင်သိသင့်သိထိုက်တာတွေပြောပြပေးနိုင်မှာ ဖြစ်သလို အကြံဉာဏ်တွေလည်း ပေးနိုင်မှာဖြစ်ပါတယ်။ ကလေးအတွက် အတက်ရောဂါအထူးပြုသူနာပြုတစ်ယောက် ရှာထားသင့်ပါတယ်။ သူတို့က အတွေ့အကြုံတွေ အများကြီးရှိပြီး သင့်ကို အကြံဉာဏ်တွေနဲ့ အကူအညီတွေပေးနိုင်မှာပါ။

    • ကလေးစိတ်ဓါတ်ကျမှုတွေနဲ့ ရင်ဆိုင်ပါ။

    ဝက်ရူးပြန်ရောဂါဟာ ကလေးကိုစိတ်ဓါတ်ကျစေပါတယ်။ အဲဒါက ပြဿနာကြီးတစ်ခုပါ။ ကလေးစိတ်ဓါတ်ကျနေပြီဆိုတာသိတာနဲ့ သူတို့စိတ်ဓါတ်တက်ကြွစေဖို့ လုပ်ရမယ့်အရာလေးတွေ ပြင်ဆင်ထားဖို့လိုပါပြီ။ ကလေးရဲ့စိတ်ဓါတ်ကျမှုကို ရင်ဆိုင်တဲ့နေရာမှာကူညီပေးနိုင်ဖို့ ယုံကြည်မှုတည်ဆောက်ထားဖို့လိုပါတယ်။ ထိုသို့ဖြစ်ဖို့က သူတို့ငယ်ရွယ်စဉ်ကတည်းကနေ ရိုးသားပွင့်လင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လာဖို့လိုပါတယ်။ ဒါမှသူတို့ပြဿနာတွေကို လိုလိုလားလားနဲ့ ပြောပြလာမှပါ။ အခြားတစ်ဖက်မှကြည့်မည်ဆိုပါက ကလေးကို သီးသန့်နေခိုင်းမယ် ဒါမှမဟုတ် စည်းကမ်းတွေတင်းကြပ်နေမယ်ဆိုရင် သူတို့ကြီးလာတဲ့အခါမှာ သင့်ကို ပုန်ကန်လာနိုင်ဖွယ်ရှိပါတယ်။

  • ကျန်းကျန်းမာမာနေထိုင်ဖို့တိုက်တွန်းပါ။
  • ဝက်ရူးပြန်ရှိတဲ့လူတွေအတွက် ကျန်းကျန်းမာမာနေထိုင်ဖို့ အရေးကြီးပါတယ်။ ထိုသို့နေထိုင်ခြင်းက ဝက်ရူးပြန်ခြင်းကို လျော့ချပေးနိုင်သလို ရောဂါကိုခုခံတိုက်ခိုက်နိုင်ဖို့ အားလည်းဖြစ်စေပါတယ်။ ကျန်းမာခြင်း၏ကောင်းကျိုးနဲ့ ကျန်းမာစွာဘယ်လိုနေထိုင်ရမလဲဆိုတာကို ရှင်းပြရပါမယ်။ မှန်မှန်ကန်ကန်အနားယူဖို့၊ ကုသမှုအချိန်ဇယားတွေအတိုင်း သေချာလိုက်လုပ်ဖို့နဲ့ တက်တက်ကြွကြွ၊ လှုပ်လှုပ်ရှားရှားလေးနေထိုင်ဖို့ တိုက်တွန်းအားပေးပါ။ အရက်သောက်ခြင်းနဲ့ မူးယစ်ဆေးသုံးစွဲခြင်းတို့က ဝက်ရူးပြန်ရောဂါကို ပိုဆိုးစေနိုင်တယ်ဆိုတာ သူတို့သိရှိနေပါစေ။

    • သူတို့ရဲ့တာဝန်ယူနိုင်စွမ်းကိုမြှင့်တင်ပေးပါ။

    ဝက်ရူးပြန်ရောဂါသည်လေးကို အိမ်မှာတော့ ကူညီထောက်ပံ့ပေးနိုင်မှာပေါ့။ အပြင်မှာကော ကလေးဘေးကင်းဖို့ ဘာတွေလုပ်ဆောင်ရမှာလဲ။ ကလေးက လူပျို၊အပျိုမဖြစ်ခင် စပ်ကြားအချိန်လေးကို ကြုံတွေ့နေရတာပါ။ ဆိုလိုတာက ကလေးကျန်းမာရေးနဲ့လွတ်လပ်ခွင့်ကို မထိန်းချုပ်ပါနှင့်။ သို့မှာသာ သူတို့ကို ကူညီထောက်ပံ့ရာရောက်မှာပါ။ သူတို့ကိုသူတို့ ကာကွယ်တတ်စေရန် သင်ကြားပေးခြင်းက သင့်အတွက် အရေးကြီးတစ်တာဝန်တစ်ခုပါ။

    သင့်ရင်သွေးဝက်ရူးပြန်ရောဂါသည်ဆယ်ကျောက်သက်လေးကို ကာကွယ်ဖို့ တစ်ခုခုကိုတော့ ဆောင်ရွက်ရပါလိမ့်မယ်။ ဒါပေမယ့် ပိုလုပ်သင့်တာကတော့ သူတို့ရောဂါအကြောင်းနဲ့ မိမိကိုယ်ကို ကာကွယ်ဖို့နည်းလမ်းတွေ သေချာရှင်းပြပေးခြင်းပဲဖြစ်ပါတယ်။ ကလေးရဲ့ ရောဂါလက္ခဏာအားလုံးကို ဂရုစိုက်ပေးပါ။ ထို့နောက် သူတို့ကို ဘယ်လိုကူညီထောက်ပံ့ပေးရမယ်ဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Phyo Wai Yan မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement