backup og meta

တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းများ


Dr. K Zin Thwe မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို ဖြစ်စေသော အကြောင်းများ

    တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းတွင် ဖြစ်နေသော လက္ခဏာများထက် ဖြစ်စေသော အကြောင်းရင်းက ပိုအရေးပါပါသည်။

    ထို့ကြောင့် ကုသမှုများပြုလုပ်ရာတွင်လည်း ဖြစ်နေသော လက္ခဏာများသက်သာစေရန်ထက် နာကျင်မှုကို ဖြစ်စေသော အဓိကအကြောင်းရင်းများကို ပျောက်ကင်းစေရန် ဦးတည်ပါသည်။

    အောက်ပါတို့သည် တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းကို အဖြစ်များစေသော အခြေအနေ ၆ခု ဖြစ်ပါသည်။

    ခါးဆစ်များကျွံခြင်း

    ခါးဆစ်များကျွံခြင်းဟုဆိုရာတွင် အာရုံကြောများညှပ်ခြင်း၊ ခါးဆစ်များ နေရာချော်ခြင်း၊ မညီလာဘဲ ဖောင်းထွက်ခြင်း၊ ပျက်စီးခြင်း၊ ပဲ့ကျိုးခြင်း တို့အကျုံးဝင်ပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ ခါးဆစ်များအထဲပိုင်းတွင်ရှိသော ပစ္စည်းများသည် အကြောင်းအမျိုးမျိုးကြောင့် အပြင်ဘက်အလွှာကို ကျွံပြီး ဖောက်ထွက်လာခြင်းကြောင့် အာရုံကြောများကို ထိခိုက်ခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ တင်ခံအာရုံကြောသွားရာတလျှောက်နာကျင်ခြင်းသည် ခါးဆစ်ကျွံခြင်းကြောင့် အများဆုံးဖြစ်ရပါသည်။

    ခါးဆစ်များကြားရှိ ချပ်ပြားများ ပျက်စီးသွားခြင်း

    ယင်းဖြစ်စဉ်သည် အသက်ကြီးလာခြင်းကြောင့်ဖြစ်သော သဘာဝဖြစ်စဉ်တခုဖြစ်ပြီး အချို့လူများတွင် အာရုံကြောများထိုခိုက်မှုကြောင့် နာကျင်မှု ဝေဒနာများခံစားရနိုင်ပါသည်။

    အဆိုပါချပ်ပြားများသည်အသက်ကြီးလာသော အခါ အားနည်းလာပြီး လှုပ်လီလှုပ်လဲ့ဖြစ်လာပြီး တပြိုင်နက်တည်းမှာပင် ထိုချပ်ပြားများထဲမှ ရောင်ရမ်းမှုကိုဖြစ်စေသော ပရိုတင်းဓါတ်များထွက်လာပြီး အာရုံကြောများကို နာကျင်မှုဖြစ်ပေါ်စေခြင်းဖြစ်သည်။

    အလားတူပင် အရိုးအတက်ထွက်ခြင်းသည် ခါးရိုးတလျှောက်တွင်ဖြစ်တတ်ပြီး အထက်ပါဖြစ်စဉ်ကြောင့်ပင် နာကျင်ခြင်းများခံစားရခြင်းဖြစ်သည်။

    ခါးဆစ်အလယ်နေရာတွင် အဆစ်ချော်ခြင်း

    ထိုသို့ဖြစ်ခြင်းသည် ခါးကျီးပေါင်းဖြစ်ခြင်း၊ သေးငယ်သော ကျိုးပဲ့မှုများဖြစ်ခြင်းတို့ကြောင့် ကြာလာသောအခါ ခါးဆစ်များအားနည်းလာပြီး အဆစ်ချော်ခြင်းဖြစ်သွားခြင်းဖြစ်သည်။ ဥပမာ L 5 အဆစ်သည် S1 အဆစ်ပေါ်မှ ချော်ထွက်သွာခြင်းကြောင့် အာရုံကြောများထိုခိုက်မှုဖြစ်ပြီး နာကျင်မှု ဝေဒနာများခံစားရခြင်းဖြစ်သည်။

    ခါးအရိုးဆစ်ကျဉ်းသွားခြင်း

    ယင်းသည် ပင်မကျောရိုးအတွင်းဘက်တွင်ရှိသော အခေါင်းပေါက်ကျဉ်းသွားခြင်းကြောင်ဖြစ်ပြီး အသက်ရလာသော ကြောင့်ဖြစ်သော ဖြစ်စဉ်တခုဖြစ်ပါသည်။

    အများအားဖြင့် အသက် ၆၀ကျော်လျှင် ဖြစ်တတ်ပါသည်။

    ပေါင်ဘေးဖက် ကြွက်သားများနှင့် အာရုံကြောများ ထိခိုက်သော ရောဂါစု

    တင်ခံအာရုံကြောများသည်Piriformis အမည်ရှိသော ပေါင်ဘေးဖက် ကြွက်သားများအောက်တွင်တည်ရှိခြင်းကြောင့် ထိုကြွက်သားများက တင်ခံအာရုံကြောများကိုဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ပေါ်ခြင်းဖြစ်သည်။

    တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ဟူသည်မှာ ဆေးပညာအားဖြင့်ပြောရလျှင် ပင်မကျောရိုးရှိ အာရုံကြောများ ဖိမိခြင်းကြောင့်ဖြစ်သော ဝေဒနာတခုသာဖြစ်ပါသည်။ သို့သော် ထိုသို့ဖြစ်လျှင် ခြေထောက်များနာကျင်ခြင်းကို ပထမဦးစွာခံစားရသောကြောင့် Sciatica ဟုခေါ်ဝေါ်သုံးနှုန်းထားခြင်းဖြစ်ပါသည်။

    မြှီးညှောင့်ရိုးတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်း

    ပင်မကျောရိုး၏အောက်ဆုံး မြှီးညှောင့်ရိုးနေရာတွင်ရှိသော ခါးဆစ်များ လုပ်ဆောင်မှုမမှန်ကန်ခြင်းကြောင့် L5 နေရာတွင်ရှိသော အာရုံကြောများကို ဖိမိခြင်းကြောင့် နာကျင်မှုများဖြစ်ခြင်းဖြစ်သည်။ ယင်းနာကျင်မှုသည် တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)နှင့် နာကျင်မှုပုံစံတူညီပါသည်။

    အထက်တွင်ဖော်ပြထားသော အကြောင်းများသည် အလုံးစုံမဟုတ်ပါ။ မည်သို့ပင်ဆိုစေကာမူ တင်ခံအာရုံကြောများနာကျင်ခြင်း (Sciatica)ကိုဖြစ်စေသော အကြောင်းများသည် တယောက်နှင့် တယောက်မတူညီသောကြောင့် ထိုအကြောင်းရင်းများအပေါ်မူတည်ပြီး ထိရောက်သော ကုသမှုများပေးသင့်ပါသည်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 31/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement